Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

By

Public Relations & Information Department
နေပြည်တော်၊ ဇွန်လ (၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) နှင့် စပ်လျဉ်း၍ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ ( Version 1.0) အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားရှိပါသဖြင့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင် သူများအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက် နိုင်ရန် အသိပေးအပ်ပါသည်။
Continue Reading
နေပြည်တော်၊ ဇွန်လ (၃) ရက် ၁။      ဟိုတယ်နှင့််ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးကားဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ ( Version 1.0 ) အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားရှိပါသဖြင့် မော်တော်ယာဉ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပေးအပ်ပါသည်။
Continue Reading
နေပြည်တော်၊ ဇွန်လ (၃) ရက် ၁။      ဟိုတယ်နှင့််ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) နှင့် စပ်လျဉ်း၍ ဟိုတယ်/တည်းခိုခန်း (Hotel/ Guest House) Quarantine Center များ ပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ ( Version 2.0 ) အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန် ထားရှိပါသဖြင့် Quarantine Center အဖြစ်ဆောင်ရွက်နေသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်း ဆောင်ရွက်နေသူများ သိရှိလိုက်နာ ဆောင်ရွက်နိုင် ရန် အသိပေးအပ်ပါသည်။    
Continue Reading
နေပြည်တော်၊ ဇွန်လ (၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများ ဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းများအတွက် ပြည်ပ နိုင်ငံများမှ နိုင်ငံခြားသားများ လာရောက်ရာတွင် သက်ဆိုင်ရာနိုင်ငံမှ Laboratory Evidence of Absence of COVID-19 Infection ပါရှိရေး၊ မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်ပေါ်သို့ မတက်မီ ၎င်းတို့နိုင်ငံ၌ Home Quarantine...
Continue Reading
နေပြည်တော်၊ ဇွန်လ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လွိုင်ကော် ရုံးခွဲ) သည် ကယားပြည်နယ်အတွင်းရှိ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသော  ဟိုတယ်နှင့် တည်းခိုရိပ်သာများအား (၁၀-၅-၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက် ထားရမည့် အချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပါသည်။ ကယားပြည်နယ်အတွင်း ဟိုတယ်၊ တည်းခိုရိပ်သာ စုစုပေါင်း (၃၂) လုံးအနက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များနှင့်အညီ...
Continue Reading
၂၀၂၀ပြည့်နှစ်၊ဇွန်လ (၂) ရက် ၁။           Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပဉ္စမအသုတ်အဖြစ် ပူးတွဲပါ လုပ်ငန်း (၂၉၀) ခုသို့ ခွင့်ပြုငွေ ပမာဏကျပ်(၈.၇၃၃၅)ဘီလီယံကိုCOVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်ပါသည်။ ၂။            အဆိုပါချေးငွေထုတ်ယူခွင့်ရရှိသူများအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆို ခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့်လျှောက်လွှာများအား ချေးငွေများ ဆက်လက် ထုတ်ပေး နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။  
Continue Reading
နေပြည်တော်၊ ဇွန်လ ၂ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နေပြည်တော်အပါအဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ သက်ဆိုင်ရာဌာနများသို့ နေ့စဉ်တည်းခိုသည့်   ဧည့်စာရင်း ပေးပို့ရာတွင် လွယ်ကူမြန်ဆန်၍ အဆင်ပြေစေရေး၊ စက္ကူသုံးစွဲမှု လျော့နည်းစေရေးအတွက် ခရီးသွား ဧည့်သည်များစာရင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်းမှစ၍ Online စနစ်ဖြင့် ပေးပို့ နိုင်ရေးအတွက် Hotel Guest List Management System (HGLMS) စနစ်ကို သက်ဆိုင်ရာ ဒေသရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ အဆင်ပြေစွာ အသုံးပြုစေရေးအတွက် လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လွိုင်ကော်ရုံးခွဲ) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကယား ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ တွင် လာရောက်တည်းခိုသော ခရီးသွားဧည့်သည် များ စာရင်းကို Online စနစ်ဖြင့်...
Continue Reading
နေပြည်တော်၊ ဇွန်လ (၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒုတိယတန်ကြီး ဦးတင်လတ်သည် ယနေ့(၁-၆-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်းမှ ဆောင်ရွက် ခဲ့သည် COVID-19  Wave and Myanmar Tourism Today Online Discussion သို့ Video Conferencing ဖြင့် တက်ရောက်ဆွေးနွေးပါသည်။ အဆိုပါ Online Discussion တွင် နေပြည်တော် ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်တို့က Online မှ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး အသင်းဉက္ကဌ ဒေါ်မေမြတ်မွန်ဝင်းက Moderator အဖြစ် တာဝန်ယူဆောင်ခဲ့...
Continue Reading
နေပြည်တော်၊ ဇွန်လ (၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ဆက်စပ်ဌာနဆိုင်ရာများသို့ နေ့စဉ်တည်းခိုသည့် ဧည့်စာ ရင်းပေးပို့မှုအဆင်ပြေစေရေး၊ စက္ကူသုံးစွဲမှုလျော့နည်းစေရေးတို့အတွက် သက်ဆိုင်ရာဒေသများရှိ ဟို တယ်နှင့်တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုသောခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့် ပေးပို့နိုင်ရန် Hotel Guest List Management System (HGLMS)စနစ်ကို တစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်း၌ စတင်အသုံးပြုနိုင်ရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ရုံးခွဲများ အနေဖြင့် သက်ဆိုင်ရာဒေသရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများလည်း လိုက်ပါအသုံးပြုနိုင်စေရေး လေ့ ကျင့်သင်ကြားပေးလျက် ရှိပါသည်။         တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လာရောက်တည်းခို သော ခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့်ပေးပို့နိုင်ရန် Hotel Guest List Management System...
Continue Reading
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်က ခရီးသွား လုပ်ငန်းရှင် များအား သက်ဆိုင်ရာလုပ်ငန်းလိုင်စင်အပြင်လိုင်စင် အသစ် လဲလှယ်ခြင်းများအတွက် ပေးဆောင်ခြင်းကို တစ်နှစ်အတွက် ကင်းလွတ်ခွင့် ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်–၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး သက်ရောက်မှုများ အပေါ်ကုစားနိုင်ရေး အတွက် တနင်္သာရီ တိုင်း ဒေသ ကြီး အတွင်းဟိုတယ် (၈) လုံး၊ စားသောက်ဆိုင်လုပ်ငန်း (၆) ခုတို့ အားချေးငွေထုတ်ယူခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကျဆင်း လျက်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး...
Continue Reading
1 97 98 99 100 101 103