စိမ်းလန်းသော တောတောင်များနှင့် သားရိုင်းတိရစ္ဆာန်များဖြင့် ပြည့်စုံနေသော ဧရာဝတီတိုင်းဒေသကြီး သည် သဘာဝ၏ အလှအပများအားရှာဖွေရန် ချစ်မြတ်နိုးသူများအတွက် ပြီး ပြည့်စုံသည့် နေရာတစ်ခုအဖြစ် ရှိနေပါသည်။ ရန်ကုန်မြို့မှ ၎င်းဒေသသို့ သွားရောက်ရန် အချိန် ၂ နာရီခန့် ကြာမြင့်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး သည် တိတ်ဆိတ်ငြိမ်းချမ်းသော အခြေအနေများရှိခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားဧည်သည့်များ အပန်းဖြေအနားယူရန်အတွက် ၎င်းဒေသသို့ လာရောက်မှု များပြားပါသည်။ စနေနေ့နှင့် တနင်္ဂနွေနေ့ အားလပ်ရက်များတွင် ကမ်းခြေများသို့ ၎င်းဒေသနှင့် အလွန်မဝေးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်တွင်းခရီးသွားဧည့်သည်များလည်း လာရောက်လည် ပတ်ကြပါသည်။ ကမ်းခြေများ၏ ဆွဲဆောင်မှုရှိသည့် မြင်ကွင်းဖြစ်သော အပြာရောင်ကောင်းကင်အောက်ရှိ ကြည် လင်နေသော ရေပြင်သည် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်လျက်ရှိနေပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ပေါကြွယ်ဝသော လူမျိုးစုများ နေထိုင်ကြပါသည်။ ထို့အပြင် ဘုရားများသို့ သွားရောက်လည်ပတ်ဖူးမျှော်ခြင်း၊ ဆင်များအား လေ့လာခြင်း၊ ရွက်လွှင့်ခြင်း ကဲ့သို့သော လှုပ်ရှားဆောင်ရွက်ခြင်းများနှင့် ပျော်ရွှင်စရာ စွန့်စားမှုများကို လာရောက်ပြုလုပ်ရန်လည်း ဧရာဝတီတိုင်းဒေသကြီးမှ ဖိတ်ခေါ်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဗမာ၊ ရခိုင်၊ အင်ဒီးယန်းလူမျိုးများနှင့် ကရင်လူမျိုးများ အတူတကွ နေထိုင်ကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာ တို့ကို အများဆုံး ကိုးကွယ်ကြပါသည်။ ဒေသခံများသည် မြန်မာစကား/ဗမာစကားကို အဓိကထား ပြောကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၏ အကျယ်အဝန်းမှာ ၃၅,၁၄၀ ကီလိုမီတာ ၂/၁၃,၅၇၀ စတုရန်းမီတာ ရှိပြီး ပဲခူတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကပ္ပလီပင်လယ်တို့နှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိပြီး အပူပိုင်းဒေသ မိုးများသော ရာသီဥတုနှင့် အပူပိုင်းဒေသ အမြဲ စိမ်းလန်း သော ရာသီဥတုများ ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံရှိ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးထက် လူဦးရေ နေထိုင်မှုသည် အများဆုံးဖြစ်ပြီး (၂၀၁၄) တွင် လူဦးရေ ၆.၁၈၄ သန်း ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ၏စီးပွားရေးအတွက် များစွာ အထောက်အပံ့ဖြစ်သော သစ်တောများဖြင့် ဖုံးလွှမ်းနေပါသည်။
ကမ်းခြေ ကို ကြိုက်နှစ်သက်တဲ့ ခရီးသွားဧည့်သည်များသည် ငွေဆောင်အပန်းဖြေကမ်းခြေတွင် အားလပ်ရက်များကို ကုန်ဆုံးချင်ကြသည်။ ၎င်းအပန်းဖြေစခန်းသည် မြန်မာနိုင်ငံ၏ အကောင်း ဆုံး ကမ်းခြေများထဲမှ တစ်ခုအဖြစ် အတွေ့အကြုံများကို ပေးစွမ်းနိုင်ပါသည်။ ကြည်လင်သော ရေပြင်သည် ခရီးသွားဧည့်သည်များအတွက် ရေကစားရန် ဆွဲဆောင်နေသကဲ့သို့ ၁၅ ကီလိုမီတာ ကျယ်ဝန်းသော ရေပြင်မှာ အမျိုးမျိုးသော လှုပ်ရှားအားကစားနည်းများလည်း ပါဝင်လှုပ်ရှား အပန်းဖြေနိုင်ပါသည်။
ချောင်းသာကမ်းခြေ သည် ပုသိမ်မြို့အနောက်ဖက် ကီလိုမီတာလေးဆယ် အကွာတွင် တည်ရှိ၍ ရန်ကုန်မြို့မှ ၅ နာရီကြာ ကားမောင်းခရီး အကွာအဝေးတွင် ရှိပါသည်။ ထင်းရှူးပင်၊ အုန်းပင်များနှင့် ကမ်းခြေသည် ထူးခြားလှပနေလျက် ခရီးသွားဧည့်သည်များအတွက် နှစ်သက်ဖွယ် မြင်ကွင်း အလှတရားများနှင့် ပင်လယ်လေနုအေးများကို ခံစားစီးမျှောနိုင်ပါသည်။ ဈေးနှုန်းချိုသာ၍ လတ်ဆတ်ပြီး အရသာကောင်းမွန်သော ပင်လယ်စာ အစားအစာများ ရရှိနိုင်သည့် အပန်းဖြေ စခန်း အနီးအနားတွင် ရှိသော တံငါရွာများ၌လဲ ခရီးသွားဧည့်သည် အမြောက်အများ ဝင်ထွက် သွား လျက်ရှိပါသည်။
ပုသိမ်မြို့ သည် တစ်ချိန်က အာရဗီများနှင့် အိန္ဒိယကုန်သည်များ နေထိုင်ခဲ့သောမြို့ တစ်မြို့ဖြစ်ပါသည်။ ပုသိမ်ဟူသောအမည်သည် မြန်မာဘာသာစကားဖြင့် မူဆလင်ဟုအဓိပ္ပာယ်ရသော ပသီဟူသည့်စကားမှဆင်းသက်လာပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဘတ်စ်စကား၊ ရထားနှင့် လှေဖြင့် မြို့အနှံ့လည်ပတ်သွားလာနိုင်ပါသည်။ ကမ်းခြေများ၏သဘာဝအလှအပများနှင့် ရှေးဟောင်းသမိုင်းဝင်စေတီပုထိုး ဘုရားကျောင်းများကိုလာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုက်ပါသည်။ ထို့အပြင် ပုသိမ် မြို့၏ အထင်ကရလက်မှုလုပ်ငန်းတစ်ခုဖြစ်သော ပုသိမ်ထီးလုပ်ငန်းအကြောင်းကိုလည်း စိတ်ဝင်စားဖွယ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မော်တင်အငူမှ မော်တင်စွန်းဘုရားသည် ခရီးသွားရာသီဖြစ်သော ဖေဖော်ဝါရီလမှ မတ်လ အတွင်းတွင် ပွဲတော်များနှင့် အထင်ကရ နေရာတစ်ခုအဖြစ်ကျော်ကြားပါသည်။မော်တင်စွန်း ဘုရားသည် ရင်သပ်ရှုမောဖွယ် သဲပြင်ကမ်းခြေနှင့်အတူ တွဲဖက်လျက် ပင်လယ်နံဘေးတွင် တည်ရှိပါသည်။ ဘုရား၏ ဘေးပတ်ပတ်လည်တွင် ရေတို့ဖုံးလွှမ်းလျှက်ရှိပြီး ရေပေါ်တွင် တည်ထားသကဲ့သို့ တွေ့မြင်နိုင်ပါသည်။
ရွှေမော်ဓောဘုရားသည် ဗုဒ္ဓဘာသာဝင်များ ကြည်ညိုလေးစားသော ဘုရားတစ်ဆူဖြစ်သည်။ အိန္ဒိယမှ အသောကမင်းကြီး စတင်ကိုးကွယ်ပြီးနောက်တွင် အခြားသော မင်းကြီးများ ဆက်၍ လှူဒါန်းပူဇော်ကြပြီး အထပ်ထပ်ဖြစ်လာသည့်အလွှာများတွင် ရွှေ၊ငွေ ၊ကြေး စသည့် တန်ဖိုးကြီး လက်ဝတ်ရတနာများစွာ ပါဝင်နေသည်ကို ယနေ့ထက်တိုင် တွေ့ရှိရသည်။
ဘုရား၏နာမည်သည်ပြည်တော်ပြန်ဘုရားဖြစ်ပြီး စာပေကျမ်းဂန်များအရ နယ်မြေရပ်ခြားမှ ပြန်လာခြင်းဟု အဓိပ္ပာယ်ရသည်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် ဘုရားကြေးဆင်းတုတော်ကြီးကို အင်္ဂလန်ကို ပင့်ဆောင်လာပြီးနောက် ဘုရင်မကြီးသည် အိမ်မက်ဆိုးများနှင့် ခေါင်းကိုက်ဝေဒနာ ခံစားလာရသည်။ထို့ကြောင့် ဘုရင်မသည်မြန်မာပြည်သို့ ဘုရားဆင်းတုတော် ပြန်လည်ပို့ဆောင် ပေးခဲ့သည်။
၂၀၀၈ခုနှစ် ဆိုင်ကလုံးမုန်တိုင်း နာဂစ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သော မိန်းမလှကျွန်းအား သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သော နေရာဖြစ်စေရန် ရည်ရွယ်၍ လမုပင် ထိန်းသိမ်းစောက်ရှောက်ရေးနေရာအဖြစ် ပြောင်းလဲခဲ့ပါသည်။ နေရာ တစ်ခုလုံးတွင် လမုပင်များဝန်းရံလျက်ရှိပြီး ငှက်ကြည့်သော နေရာအဖြစ် ကျော်ကြားသည်။
မဂ္ဂပူဇာ(သို့)တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့သည် ကုသိုလ်ကောင်းမှုရရန်အတွက် ကျင့် ကြံအားထုတ်သောနေ့ဖြစ်သည်။ ပွဲတော်ရက်အတွင်း ဗုဒ္ဓဘာသာဝင်များသည် ဘုန်းကြီးများနှင့် သီလရှင်များအားလှူဖွယ်ဝတ္ထုများ လှူဒါန်းပြီး အနည်းဆုံးနာရီပိုင်း (သို့)ရက်ရှည် ကြာမြင့် နိုင်သော ပဋ္ဌာန်းရွတ်ဆိုပွဲများ ကျင်းပခြင်းဖြင့် ပါဝင်ပူဇော်ကြသည်။
မြန်မာလူမျိုးတို့သည် လမ်းများတွင် မီးသီးများနှင့် ဖယောင်းတိုင်များထွန်းညှိပြီး နိဗ္ဗာန်မှ ပြန်ကြွလာသော မြတ်ဗုဒ္ဓကို ရည်မှန်း၍ ကြိုဆိုသော ပွဲတော်တစ်ခုဖြစ်သည်။စနစ်တကျ လှပစွာ ထွန်းညှိ ပူဇော်ထားခြင်းသည် ဗုဒ္ဓဘုရားရှင် လူ့ပြည်သို့ ဆင်းသက်ရန် အသုံးပြုသော စောင်းတန်းများ အဖြစ် ရည်ရွယ်၍ ပူဇော်ခြင်းဖြစ်ပါသည်။