Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
ACMECS_MOHT_Main-Banner_(Desktop)1400x500

ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(အက်စ်မက်စ်)

ဧရာဝတီ -ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်စ်မက်စ်)အဖွဲ့ကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံတို့ ပါဝင်သော နိုင်ငံရေး၊ စီးပွားရေးနှင့်  ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၂၀၀၃ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင် ဘန်ကောက်မြို့ ၌ ကျင်းပပြုလုပ်ခဲ့သော “ASEAN Summit on SARS” ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထရာမှ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ခေါင်းဆောင် များနှင့်အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ အကြံဉာဏ်ကို ဆွေးနွေးခဲ့ပါသည်။

ဤကဲ့သို့စတင်လုပ်ကိုင်ခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်(၅)နိုင်ငံအကြား စီးပွားရေးကွာဟချက်များကို ပေါင်းကူးပေးရန်နှင့် ဒေသခွဲအတွင်း ရေရှည်တည်တံ့စေသော အမူအကျင့်များဖြင့် အကျိုးစီးပွားကို မြှင့်တင်ရန်ဖြစ်သည်။ ၎င်းအကျိုးစီးပွားဖြင့် နိုင်ငံ(၄)နိုင်ငံအား အကျိုးအမြတ်ရရှိစေရုံသာမက ASEANကို ပိုမိုတန်ဘိုးမြင့်တက်စေရန်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်သည့် စည်းလုံးညီညွတ်မှု ကို ရရှိရန် မျှော်မှန်းသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့ အင်အားကြီးမားလာမှုသည် အင်အားတောင့်တင်းသော အာဆီယံကို ဖြစ်စေပါသည်။ ထိုနည်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ်ဖြင့် အာဆီယံကို ကိုယ်တိုင်ရပ်တည်နိုင်သော အကျိုးစီးပွားများမျှဝေရင်းဖြင့် ငြိမ်းချမ်းရေးကိုဦးတည်ဆောင်ရွက်စေပါမည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များသည် ၂၀၀၃ခုနှစ်၊ နိုဝင်ဘာ (၁၂)ရက်နေ့တွင်  ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပုဂံ၌ တွေ့ဆုံခဲ့ကြပါသည်။ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်(၄)ဦးတို့သည် အဓိကဦးစားပေးကဏ္ဍ(၅)ရပ်တွင် ပူးပေါင်းဆောင်ရွက်ရန် ကတိ ကဝတ် ပြုပြီးနောက် ထုတ်ပြန်ခဲ့သော ပုဂံကြေညာချက်အရ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ စီမံချက်အရ နောင်(၁၀)နှစ်တာကာလထိ ဆောင်ရွက်ရန် ဘုံစီမံကိန်း(၄၆)ခုနှင့် နှစ်နိုင်ငံသဘောတူစီမံကိန်း(၂၂၄)ခုကို ချမှတ်ခဲ့ပါသည်။ နိုင်ငံ့ခေါင်းဆောင်များသည် အသစ်ဖန်တီး ထားသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်အဖြစ် “ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွား ရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာစီမံချက်(ACMECS)” ကို သဘောတူညီခဲ့ကြပါသည်။

၂၀၀၄ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံပါဝင်လာခဲ့ပြီး အက်စ်မက်စ်တွင် အဖွဲ့ဝင်(၅)နိုင်ငံ ဖြစ်လာပါသည်။ အက်စ်မက်စ်အဖွဲ့၏ အဓိကဦးစားပေးမှာ ကုလသမဂ္ဂ၏ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များနှင့်အညီ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအပါအဝင် ရေရှည်ဖွံ့ဖြိုးရေးအတွက် တစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။

အက်စ်မက်စ်အဖွဲ့အစည်းသည် လက်တလောဒေသပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များအား ကြားခံနယ်အဖြစ်ဆောင်ရွက်ရန်၊ ငါးနိုင်ငံ၏ နယ်စပ်နေရာများကို  စီးပွားရေးဖွံ့ဖြိုးရေး၊ လူမှုဖွံ့ဖြိုးမှုနှင့် အကျိုးဖြစ်ထွန်းမှုဇုံအဖြစ် ပြောင်းလဲခြင်းအားဖြင့် နှစ်နိုင်ငံကြားရှိ မူဘောင် များကို ဖြည့်စွက်ရန်၊ ဒေသဆိုင်ရာ၊ နိုင်ငံဆိုင်ရာ၊ ဒေသတွင်းဆိုင်ရာအကျိုးစီးပွားများကို ဘုံအကျိုးစီးပွားအဖြစ်ပေါင်းစည်းရန်နှင့် စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းရေး၊ အိမ်နီး ချင်းကောင်းများပီသမှု တို့ကို မြှင့်တင်ဆောင်ရွက်ရန်တို့ ဖြစ်ကြပါသည်။