ပုဂံမြို့ သည် မန္တလေးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး ခရီးသွားအများဆုံးလာရောက်လည်ပတ် သော ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပါသည်။ ပုဂံမြို့သည် ၉ ရာစုမှ ၁၃ ရာစုအထိ မြန်မာနိုင်ငံ၏ မြို့တော် တစ်ခုဖြစ်ခဲ့ပါသည်။ ပုဂံသည် ယနေ့ မြန်မာနိုင်ငံဖြစ်ပေါ်လာအောင် ပေါင်းစည်းတည် ဆောက်ခဲ့ပါသည်။ ပုဂံရှေးဟောင်းသုတေသန နယ်မြေသည် နိုင်ငံ၏ အဓိက ဆွဲဆောင်မှုနေရာဖြစ်ပြီး အရှေ့တောင်အာရှတွင်လည်း ရှေးဟောင်းသုတေသနများ ပေါကြွယ်ဝသော နေရာတစ်ခုလည်းဖြစ်ပါသည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ပုဂံမြို့၏ ဘုရားစေတီ ပုထိုးများမှာ အံ့သြမှင်သက် ဖွယ်ကောင်းလှပါသည်။ ပုဂံမြို့တွင် နှစ်ပေါင်း နှစ်ထောင်ခန့်ရှိ ရှေးဟောင်းအထိမ်းအမှတ်များနှင့် ဘုရားများ ပြန့်ကျဲတည်ရှိပါသည်။ အထိမ်းအမှတ်များသည် ဧရာဝတီမြစ်ကမ်းနှင့် တူရင်းတောင်ကြားရှိ မြေပြင်တွင် တည်ရှိပါသည်။ ပုဂံမြို့သည် ၎င်း၏ သမိုင်း ဝင်အထိမ်းအမှတ်များဖြင့် ထင်ပေါ်ကျော်ကြားသော်လည်း ရေရှည်အတွက် ထိန်းသိမ်းရန် လိုအပ် ပါသည်။ ခရီးသွားများအနေဖြင့် အနီးအနားရှိ ဒေသခံများ၏ ကျေးရွာများနှင့် ချည်မျှင်ရက်လုပ် နေမှုများကိုကြည့်ရှုလေ့လာနိုင်ပါသည်။ပုဂံသည်ရှေးဟောင်းယွန်းထည်လက်မှုပညာဖြင့် ကျော်ကြား ပြီး အထူးသဖြင့် သစ်စေးဖြင့် ပြုလုပ်သော ယွန်းထည်ဖြစ်သည်။ နံရံဆေးရေးပန်းချီ၊ ဆီလုပ်ငန်း နှင့် ထန်းလျက်ထုတ်လုပ်ခြင်း လုပ်ငန်းတို့မှာလည်း ထင်ရှားကျော်ကြားပါသည်။
ပုဂံတွင် မြန်မာလူမျိုးများ နေထိုင်ကြပါသည်။ မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ စကားကို အများဆုံးပြောကြပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါသည်။
ပုဂံဒေသ၏ ရာသီဥတုသည် အပူပိုင်းဒေသကဲ့သို့ မိုးနည်းပါသည်။ ဧရိယာစတုရန်း ၃၇၀၂၄ မီတာ (၁၄၂၉၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့က ဝန်းရံလျက်ရှိပါသည်။
သမိုင်းများအရ ပုဂံကို ပထမမြန်မာနိုင်ငံတော်ဟု သိကြပါသည်။ လက်ရှိကာလတွင် ရှေးဟောင်းဘုရားနှင့် စေတီပုထိုးပေါင်း ၂၀၀၀ ခန့်ရှိပါသည်။ လူဦးရေ ၆.၁ သန်းခန့် နေထိုင်ကြပါ သည်။ (၂၀၁၄)
အာနန္ဒာဘုရား သည် သရပါတခါး၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး ပုဂံဒေသမှ ထင်ရှား သောဘုရားပုထိုးများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။အာနန္ဒာဘုရားသည် အကောင်းမွန်ဆုံးနှင့် ရိုသေဖွယ်ရာအကောင်းဆုံး ဘုရားများထဲမှ တစ်ဆူအပါအဝင်လည်း ဖြစ်ပါသည်။ ၎င်းဘုရားအား ကျန်စစ်သားမင်းတရားကြီးမှ အေဒီ ၁၀၉၁ ခုနှစ်တွင် တည်ဆောက်ခဲ့ ပါသည်။ ရပ်တော်မူဗုဒ္ဓရုပ်ပွား တော်ကြီးလေးဆူတည်ရှိပြီး တစ်ဆူချင်းစီတိုင်းသည် (၁၀) မီတာ ဉာဏ်တော်အမြင့်ရှိပြီး မြတ်စွာ ဘုရားဖွားတော်မူစဉ်အချိန်မှစ၍ သဗ္ဗညုတဉာဏ်တော်ရရှိသည့် အချိန်အထိ ဖြစ်တော်စဉ်များကို ရေးဆွဲပြသထားသော ဓာတ်တော်မွေတော်ပေါင်း(၈၀)ကိုလည်း တွေ့မြင်နိုင်ပါသည်။
ရွှေစည်းခုံဘုရား သည် စတုရန်းပုံစံလှေကားသုံးဆင့်ပေါ်တွင် တည်ထားသော ဒုလုံးရှည် ပုံစံအမျိုးအစားဖြစ်ပြီး ရှေးဦးမြန်မာ့ပုံစံ စေတီတစ်ဆူလည်းဖြစ်ပါသည်။ အနော်ရထာမင်းကြီးမှ စတင်တည်ထားတော်မူခဲ့ပြီး ကျန်စစ်သားမင်းကြီးမှ အေဒီ (၁၀၈၇) ခုနှစ်တွင် အပြီးသတ်တည် တော်မူခဲ့ပါသည်။ ဤရွှေစည်းခုံဘုရားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ ရှေ့ပိုင်းအရိုး တော်နှင့် စွယ်တော်တစ်ဆူအား ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟု ယုံကြည်ကြပြီး ဗုဒ္ဓ ဘာသာဝင်များမှ ကြည်ညိုလေးစားမှုဖြင့် ဘုရားပွဲတော်ကျင်းပလေ့ရှိကြပါသည်။
ပုဂံ၏ ထုထည်အကြီးမားဆုံးဘုရားတစ်ဆူဖြစ်သော ဓမ္မရံကြီးဘုရား အား နရသူမင်းကြီး မှ အေဒီ (၁၁၇၀)ခုနှစ်တွင် တည်ထားတော်မူခဲ့ပါသည်။ စတင်တည်ထားတော်မူစဉ်က အပြီးသတ် တည်နိုင်ခဲ့ခြင်း မရှိသော်လည်း ဤဓမ္မရံကြီးဘုရားသည် ပုဂံခေတ်၏ အကောင်းဆုံး အုတ်ထည် လက်ရာအား ပြသနေသည့်အတွက် သေချာပေါက် သွားရောက်လည်ပတ်သင့်ပါ သည်။
စူဠာမဏိဘုရားသည် ဓမ္မရံကြီးဘုရားအလွန်၊ ပုဂံ၏ အရှေ့တောင်ဘက် (၁) မိုင်ခန့်တွင် တည်ရှိပြီး ၎င်းဘုရား၏ စိတ်ဝင်စားဖွယ်ရာ ထူးခြားချက်မှာ နရပတိစည်သူမင်းမှ အေဒီ (၁၁၈၃) ခုနှစ်တွင် တည်ထားတော်မူခဲ့သည်ဟု ရေးထိုးဖော်ပြထားသော မြောက်ဘက်ဆင်ဝင်ရှိ ကျောက်စာ ချပ်တစ်ခုပင်ဖြစ်ပါသည်။ A.D.
သဗ္ဗေညုဘုရားသည် ပုဂံမြို့နန်းမြို့ရိုး၏ အရှေ့တောင်ဘက်ထောင့်တွင် တည်ရှိပြီး ကျန်စစ်သားမင်းကြီး၏ မြေးတော်ဖြစ်သော အလောင်းစည်သူမင်းတရားကြီးမှ အေဒီ (၁၁၄၄) ခုနှစ်တွင် တည်ထားတော်မူခဲ့ခြင်းဖြစ်ပါသည်။ ဤသဗ္ဗေညုဘုရားသည် ပုဂံတွင် ဉာဏ်တော်အမြင့် ဆုံးဘုရားဖြစ်ပြီး မြေပြင်အထက် (၆၁) မီတာအမြင့်ထိ တည်ထားခြင်းဖြစ်ပါသည်။
ယဉ်ကျေးမှုပြတိုက်အား (၁၉၀၄)ခုနှစ်၌ ရှေးဟောင်းပုဂံမြို့ရှိ ကန်တော့ပလ္လင်ဘုရား အနီးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး(၁၉၉၇) ခုနှစ်၌ ပြန်လည်တည်ဆောက်မွမ်းမံ၍ တစ်ဖန်ပြန်လည် အသစ်ဖွင့်လှစ်ခဲ့ပါသည်။ အောက်ဆုံးမြေညီထပ်တွင် မြေထည်များ၊ အင်္ဂတေလက်ရာများ၊ သစ်သား ပန်းပုနှင့် ကျောက်ဆစ်ပန်းပုလက်ရာများ၊ သံထည်လုပ်ငန်းများနှင့် လက်မှုပညာ လုပ်ငန်းများ စသည့် ပုဂံခေတ်၏ ယဉ်ကျေးမှုလက်ရာပစ္စည်းများအား ခရီးသွားဧည့်သည်များ ကြည့်ရှုနိုင်ရန် ပြသထားရှိပါသည်။ ဗုဒ္ဓရုပ်ပွားတော်များနှင့် ပြုလုပ်ပုံနည်းလမ်းအမျိုးမျိုး၊ ကိုယ်နေ ဟန်ထားများနှင့် ပုံစံအမျိုးမျိုးတို့အား ဒုတိယထပ်တွင် ပြသထားရှိပါသည်။
လောကနန္ဒာဘုရား သည် ဧရာဝတီမြစ်ကမ်းပေါ်ရှိ တောင်ကုန်းထိပ်ပေါ်တွင် တည်ရှိသော အလွန်ထူးခြား၍ ကြည်ညိုဖွယ်ကောင်းလှသော ဘုရားတစ်ဆူဖြစ်သည်။ ဤဘုရားအား အနော် ရထာမင်းကြီးမှ အေဒီ (၁၀၅၉) ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့ပါသည်။ ဘုရားပေါ်မှ လှမ်း၍ ကြည့်ရှုနိုင်သော ရင်သပ်ရှုမောဖွယ်ရာ နေဝင်ချိန်ရှုခင်းမှာလည်း လုံးဝလက်မလွှတ်သင့်ပေ။ ခရီး သွားဧည့်သည်များအနေဖြင့်လည်း သီရိလင်္ကာဘုရင်မင်းမြတ်မှ ရရှိခဲ့သော ဂေါတမဗုဒ္ဓမြတ်စွာ ဘုရား၏ စွယ်တော်တူ ပုံစံငယ်အားလည်း ဖူးမြော်နိုင်ပါသည်။
ထီးလိုမင်းလိုဘုရားသည် ရှေးဟောင်းပုဂံမြို့ ၏ အရှေ့တောင်ဘက်၊ ပုဂံ-ညောင်ဦး ကား လမ်းမပေါ်တွင် တည်ရှိပါသည်။ ဤထီးလိုမင်းလိုဘုရားအား (၁၃) ရာစုတွင် နားတောင်းများ ဘုရင် တည်ထားတော်မူခဲ့ခြင်းဖြစ်ပြီး အကြီးဆုံးနှင့် သပ္ပာယ်စရာအကောင်းဆုံး ဘုရားများထဲတွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ ဉာဏ်တော်အားဖြင့်လည်း(၄၆) မီတာခန့်ရှိသည့်အတွက် ကြီးမား၍ ခန့်ညားထင်ရှားလှသော တည်ဆောက်မှုတစ်ခုဖြစ်ပါသည်။ ဧည့်သည်များအနေဖြင့် ၎င်းဘုရား၏ အပြင်ဘက်နံရံများပေါ်တွင် ကောင်းမွန်သော အင်္ဂတေလက်ရာများအား လေ့လာကြည့်ရှုနိုင်ပါ သည်။
မြင်းကမ္ဘာဂူပြောက်ကြီးဘုရား အား အေဒီ (၁၁၁၃) ခုနှစ်တွင် ကျန်စစ်သားမင်းကြီး၏ သားတော် ၊ ရာဇကုမာရ်မင်းသားမှ တည်ထားကိုးကွယ်တော်မူခဲ့ခြင်းဖြစ်ပြီး မြင်းကမ္ဘာရွာ၏မြောက် ဘက်တွင် တည်ရှိပါသည်။ အိန္ဒိယနှင့် မွန် ယဉ်ကျေးမှုလက်ရာ ပုံစံနှစ်မျိုး ရောယှက် လွှမ်းမိုးနေပြီး ၎င်း၏ လှပသော နံရံဆေးရေးပန်းချီလက်ရာများကြောင့် အထူးကျော်ကြားပါသည်။ ထို့ပြင် မြတ်စွာဘုရား၏ ဘဝဖြစ်တော်စဉ်များအကြောင်း ဖော်ပြထားသော ဇာတ်တော်ကြီး (၅၅၀) သရုပ်ပြ ပန်းချီများမှာလည်း အဓိကစိတ်ဝင်စားဖွယ်ရာများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပါသည်။
မနူဟာဘုရား သည် မြင်းကမ္ဘာရွာတွင်တည်ရှိ၍ ၁၀၅၉အေဒီတွင် နန်းကျဉ်းကျခဲ့သော မွန်ဘုရင်မနူဟာတည်ဆောက်ခဲ့ပါသည်။ မန်းလေးရှိကျောက်စာနံပါတ်၉တွင် ဖော်ပြချက်အရ မနူဟာဘုရင်သည် ဆင်ဖြူတော်၃၂စီးပိုင်ဆိုင်ပြီး ၁၄မီတာအမြင့်ရှိ၍ အလွန်ကြီးမားသော ထိုင်နေ သည့်ဗုဒ္ဓရုပ်ပွားတော်သုံးဆူနှင့် ၁၇.၆မီတာရှည်လျားသောလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ဖြင့် ဘုရားကျောင်းတည်ဆောက်မှုသည် ၆လနှင့် ၆ရက်အကြာတွင် ပြီးမြောက်ခဲ့ပါသည်။
ပုပ္ပားတောင်သည် ပုဂံမြို့၏အရှေ့တောင်ဘက် ၅ဝကီလိုမီတာအကွာတွင်တည်ရှိ၍ တစ်နာရီနှင့် မိနစ်၂ဝခန့်သွားရပါသည်။ ၎င်းသည် သစ်တောဖြင့်ဖုံးလွမ်းနေသော မီးမတောက် နိုင်လောင်တော့သည့် မီးတောင်တစ်လုံးဖြစ်ပါသည်။ ၎င်းသည် ယုံကြည်မှုဆိုင်ရာနတ်ဘုရားကျောင်း များနှင့် ရှေးမှုမပျက်ရှိနေသောအရာများကြောင့် ဘုရားဖူးခရီးဒေသတစ်ခုအဖြစ် လူသိများပါသည်။ ကျောက်တောင်၏ ကမ်းပါးယံထိပ်မှ ပတ်ဝန်းကျင်ကိုတစ်ဆက်တည်းမြင်ရသော မြင်ကွင်းသည် အမြဲအမှတ်ရဖွယ်ဖြစ်ပါသည်။ စွန့်စားမှုများတွင် ပါဝင်ခြင်းကိုနှစ်သက်သော ကမ္ဘာလှည့်ခရီးသည် များ ပုပ္ပားတောင်သို့တက်ရောက်နိုင်ပါသည်။
စလေမြို့သည် ပုဂံမြို့ မှ၅၅မိုင်အကွာတွင်တည်ရှိသည့် မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ ၎င်းသည်ကိုလိုနီအဆောက်အအုံများ၊ ကုန်းဘောင်ခေတ်တွင် တည်ဆောက်သည့်ရုပ်စုံကျောင်း၊ ရှေးကျသောနှီးဖြင့်ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူတို့ကြောင့်ထင်ရှားပါသည်။
ပုဂံမြို့ ၏ အရှေ့တောင်ဘက်သို့ မိနစ်၃ဝခန့်မောင်းနှင်လျှင် နှစ်တစ်ထောင်သက်တမ်းရှိသော အလွန်ကြီးမားသည့် မန်ကျည်းပင်၊ သမိုင်းမတင်မီခေတ်က ကျန်ရှိနေသော ပန်းပဲအလုပ်ရုံ နေရာများနှင့် များပြားလှသောသစ်သားကျောက်ဖြစ်ရုပ်ကြွင်းများကြောင့် ထင်ရှားသော ဇီးအိုရွာသို့ ရောက်ရှိနိုင်ပါသည်။ ဇီးအိုရွာသည် နတ်မောင်နှမကာကွယ်ကျသည်ဟု ဒေသခံများယုံကြည်ကြ သည်။ အေးဆေးသောမနက်ခင်းလေးအတွင်း ထန်းပင်မှထန်းလျက် ထုတ်လုပ်ခြင်းနှင့် စနစ်ကျ သောနည်းလမ်းဖြင့် ရိုးရာဆီချက်နည်းကို ကမ္ဘာလှည့်ခရီးသည်များ လေ့လာကြည့်ရှုနိုင်ပါသည်။
ပုဂံမြို့၏ အထင်ကရ အစားအသောက်တစ်ခုကိုပြပါ ဆိုလျှင် မြန်မာ့ပုန်းရည်ကြီးအား ညွှန်ပြရမည်ဖြစ်သည်။ ပုဂံ၏ ပုန်းရည်ကြီးအဓိကထုတ်လုပ်သော ငသရောက်ရွာသည် ပုဂံမြို့ မှ ၁၆မိုင်အကွာတွင် တည်ရှိပြီး လမ်းတစ်လျောက်တွင် သဲချောင်း များ တည်ရှိနေသည့်အတွက်ကြောင့် ရောက်ရှိရန် ၂နာရီခန့်ကြာပါသည်။ ဤရွာသည် မြေထည် ပစ္စည်းများနှင့် ပုန်းရည်ကြီးထုတ်လုပ်ခြင်းများကြောင့် အထူးကျော်ကြားလှပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းသည် ဝါ ၊ ချည်နှင့်ချည်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများကြောင့် ကျော်ကြားပါသည်။ ပုဂံမြို့ ရှိ မင်းနန်သူရွာနှင့် ဝါစောရွာများသည် ချည်မျှင်များပြုလုပ်ခြင်းနှင့် အထည်ရက်လုပ်ခြင်းများကြောင့် ထင်ရှားပါသည်။ ပထမဉီးစွာ စက်များအသုံးပြု၍ ဝါပင်မှချည်မျှင် များပြုလုပ်ပြီးနောက် ရိုးရာရက်ကန်းစင်ပေါ်တွင် ချည်မျှင်များကို အထည်ရက်လုပ်ခြင်းများ ပြုလုပ် ကြသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ထိုရွာများသို့ အလည်အပတ်သွားခြင်း၊ အလုပ်ရုံများတွင် လက်မှုပညာသည်များ၏ ကျွမ်းကျင်မှုကိုကြည့်ရှု ခြင်းနှင့် မြန်မာ့ရိုးရာချည်ထည်အချို့ကိုလည်း ဝယ်ယူနိုင်ပါသည်။
မြေပဲနှင့်နှမ်းစေ့ပင်များသည် မြန်မာနိုင်ငံအလယ်ပိုင်း၏ အဓိကကောက်ပဲသီးနှံများထဲမှ တစ်ခုဖြစ်သည်။ ထုတ်ကုန်များကိုမြေပဲနှင့် နှမ်းဆီပြုလုပ်ရန် အသုံးပြုနိုင်ပါသည်။ အစေ့များကို ကြိတ်ဆုံအတွင်း နွားဖြင့်လှည့်ပတ်၍ ဆီထွက်လာသည်အထိ ကြိတ်ယူကြသည်။ ဆီသည် သစ်သားဆုံ၏အောက်ခြေရှိ သေးငယ်သောအပေါက်လေးမှ ထွက်လာသည်။ ဤလုပ်ငန်းစဉ်သည် မြင်ရရုံနှင့်ပင် လုံးဝစိတ်ဝင်စားဖွယ်ဖြစ်ပြီးနားလည်လွယ်ပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းသည် ဓနိထန်းတောများ ကြီးထွားပေါက်ရောက်သည့်အတွက် ကြောင့် ထင်ရှားပါသည်။ ထန်းပင်ပေါ်သို့ ရှည်လျားသောလှေကားရှင်များကို အသုံးပြု၍တက်၍ရ သော ဓနိထန်းပင်များမှ ချိုသောပင်ကျရည်ကို ထုတ်ယူရသည်။ ထို့နောက် ပင်ကျရည်ကို ၂နာရီကြာ သည်အထိ အနည်ထိုင်အောင် ချက်ရပြီးနောက်အနှစ်ဖြစ်လာသည်။ နောက်ဆုံးထုတ်ကုန်သည် ချို၍ ကျန်းမာရေးနှင့် ညီညွတ်သော ထန်းလျက်အဖြစ် ပြောင်းလဲသွားသည်။ ကမ္ဘာလှည့်ခရီးသည်များ သည် ဒေသခံရွာများကို လည်ပတ်နေစဉ်အတွင်း ဤလုပ်ငန်းစဉ်ကို လေ့လာနိုင်ပြီး အရသာရှိ လှသော နောက်ဆုံးထွက်ကုန်ကိုလည်း မြည်းစမ်းနိုင်ပါသည်။
နန်းမြင့်မျှော်စင်သည် ပုဂံဘုရားကျောင်းများအားလုံး၏ မြင်ကွင်းကို တစ်ဆက်တည်း မြင်ရ ရန် အကောင်းဆုံးတည်နေရာဖြစ်ပါသည်။ မျှော်စင်၏အမြင့်သည် ရှုခင်းကောင်းများကို တွေ့ရရန် နေရာအဖြစ် ထောက်ပံ့၍ ၎င်းတွင် လူတစ်ယောက်သည် လားရာမျိုးစုံဖြင့် ဘုရားကျောင်းများကို ကြည့်ရှုနိုင်သည်။ ကမ္ဘာလှည့်ခရီးသည်များသည် မျှော်စင်မှယာယီသာ မြင်ရသော နေဝင်ခြင်း၊ နေထွက်ခြင်းများကို အမိအရဖမ်းဆုပ်ကြည့်ရှုနိုင်ပြီး ဤမြင်ကွင်းသည် ဘဝတစ်သက်တာလုံးတွင် အမှတ်ရဖွယ် ဖြစ်နေပါလိမ့်မည်။
ရွှေဆံတော်ဘုရား မှာလည်း သွားရောက်လည်ပတ်စရာကောင်းသော ဘုရားတစ်ဆူဖြစ်ပါသည်။ အနော်ရထာ ဘုရင်မင်းမြတ်သည် ၁၀၅၇ ခုနှစ်က သထုံမြို့ကို စစ်နိုင်ပြီး ရွှေစံတော်ဘုရားအား တည်ထားကိုးကွယ်ခဲ့ပါသည်။ သူ၏ အသစ်အာဏာအပ်နှင်းသော မြို့အလယ်တွင် ကျက်သရေရှိ သော စက်ဝိုင်းပုံ ဘုရားအား တည်ထားကိုးကွယ်ခဲ့ပါသည်။ အဆိုပါစေတီတော်ကိုလည်း သူ၏ ပုံရိပ် များကို တစ်ချိန်က ငါးအဆက်ဆက် ကျန်ကြွင်း၏ထောင့်၌ ဆင်ခေါင်းနှစ်လုံးဟိန္ဒူဘုရားပြီး နောက် Ganesh သို့မဟုတ် Mahapeineအဖြစ်လူသိများခဲ့သည်။
သရပါတံခါးသည် ပုဂံမြို့ ရှိ တံခါးပေါင်း ၁၂ ခုအနက် ထင်ရှားဆုံးသောနေရာဖြစ်ပါသည်။ ၎င်း တံခါးသည် ရှေးဟောင်းမြို့၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ တစ်ဖက်တစ်ချက်စီတွင် အုတ် ဖြင့် တည်ဆောက်ထားသော နတ်ကွန်းပုံစံ နံရံများရှိပါသည်။ နတ်ကွန်းများတွင် မင်းမဟာဂီရိနတ်မင်း နှင့် နှမတော်ကြီးနတ်တို့အား ဘုရားအမိန့်ဖြင့် စီမံဆောင်ရွက်စေခဲ့ပါသည်။
အာနန္ဒာဘုရားပွဲသည် ပုဂံမြို့ရှိ အထင်ရှားသော ဘုရားပွဲတော်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပုဂံခေတ်ကတည်းက ကျင်းပခဲ့သော ပွဲတော်ဖြစ်ပါသည်။ ဒေသခံ ရွာသားများသည် ပွဲတော်သို့ လာရောက် ကြပြီး ပွဲတော်အတွင်းတွင် ယာယီတဲများတည်ဆောက်ပြီး နေထိုင်ကြပါသည်။ ခရီးသွား များအနေဖြင့် ပုဂံဒေသခံတို့၏ ရိုးရာလူနေမှုပုံစံကို ဤပွဲတော်အတွင်း ခံစားနိုင်ပါသည်။
ဤပွဲတော်ကို လပြည့်နေ့၌ ပုဂံမြို့အနီးရှိ ညောင်းဦးမြို့တွင် ကျင်းပပါသည်။ ၁၅ ရက်ကြာ ကျင်းပပြီး ဘုရားပွဲတော်အတွင်း ရိုးရာဓလေ့အရ ထောင်ပေါင်းများစွာသော ဘုန်းကြီးနှင့် ကိုရင်၊ သာမဏေ များကို ဆွမ်းကပ်လှူကြပါသည်။ ဒေသခံများက ဒေသထွက် ယွန်းထည်များ၊ စဉ့်အိုးများနှင့် ချည်စောင်များကို ပွဲတော်ရက်အတွင်း ရောင်းချကြပါသည်။