Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Balloons Over Bagan ၏ နှစ် (၂၀)ပြည့် အခမ်းအနား ပုဂံတွင် ကျင်းပမည်

၁၉၉၉ ခုနှစ်တွင် Balloons Over Bagan သည် ပုဂံဒေသတွင်သာမက အရှေ့တောင်အာရှတွင် ပထမဆုံး ဖြစ်သော မိုးပျံပူဖေါင်းစီးနင်းခြင်း၏ ရှေ့ဆောင်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ယခု ၂၀၁၉ ခုနှစ်တွင် Balloons Over Bagan ၏ လုပ်ငန်းတည်ထောင်မှု နှစ် (၂၀) ပြည့် မြောက်သည့် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်းသိရှိရသည်။

Balloons Over Bagan တွင် Classic, Premium နှင့် Charter ဟူသော ၀န်ဆောင်မှုသုံးမျိုးရှိပြီး နှစ်စဉ် အောက်တိုဘာလအစောပိုင်းမှ ဧပြီလလယ်အထိ မိုးပျံပူဖေါင်းစီးနင်းနိုင်မည် ဖြစ်ပြီး ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များသည် ပုဂံရှိရှေးဟောင်းဘုရား စေတီများ၊ သဘာဝပတ်၀န်းကျင် ရှုမျှော်ခင်းများကို ‌ထူးခြားစွာ ဝေဟင်မှ ကြည့်ရှု ခံစားနိုင်ပါသည်။

Balloons Over Bagan သည် မကြာသေးမီက အင်းလေးနှင့်လွိုင်ကော်မြို့တို့တွင် ထပ်မံတိုးချဲ့ဖွင့်လှစ် ပျံသန်းလျက်ရှိကြောင်းသိရှိရသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် တွင် Bagan Over Over Bagan ၏ နှစ် ၂၀ မြောက်အထိမ်းအမှတ်အဖြစ် Gala Dinner ကို ပုဂံမြို့တွင်ခမ်းနားစွာကျင်းပမည်ဖြစ်ကြောင်း သိရှိရပြီး  Bagan Over Over Bagan အကြောင်း အသေးစိတ်အချက်အလက်များနှင့်၎င်း၏အတွေ့အကြုံများကို ဤနေရာတွင် လေ့လာနိုင်ပါသည်။