Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
BIMCTEC_MOHT_Main-Banner_(Desktop)1400x500

ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့

နောက်ခံသမိုင်းကြောင်း

 ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (ဘင်းမ်စတက်)သည် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတစ် လျှောက်နှင့် နီးစပ်လျက်ရှိသော နိုင်ငံပေါင်း (၇)နိုင်ငံပါဝင်ဖွဲ့စည်းထားပါသည်။ ၎င်းအဖွဲ့အစည်းကို ၁၉၉၇ခုနှစ်၊ ဇွန်လ(၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဘန်ကောက်ကြေညာစာတမ်းအရ ဒေသတွင်း အဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်ရပ်တည်ခဲ့ပါသည်။ ဘင်းမ်စတက်တွင် တောင်အာရှမှ (၅) နိုင်ငံ (ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ) နှင့် အရှေ့တောင်အာရှမှ (၂) နိုင်ငံ (မြန်မာ နှင့် ထိုင်း) တို့ပါဝင်ပါသည်။

ပထမအစတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIST-EC) ကို စတင်ဖွဲ့စည်းခဲ့ပြီး (၂၂.၁၂.၁၉၉၇) ရက်နေ့တွင် မြန်မာနိုင်ငံမှအဖွဲ့ဝင်လာသည့်အတွက် အဖွဲ့အမည်ကို (BIMST-EC) ဟုပြောင်းလဲသတ်မှတ်ခဲ့ပါ သည်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သော (၆)ကြိမ်မြောက်ဝန်ကြီးများ အစည်းအဝေးတွင်  နီပေါနှင့် ဘူတန်နိုင်ငံတို့ ပေါင်းစည်းပါဝင်လာသည့်အခါတွင် (BIMSTEC) ဟုထပ်မံပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

 အဖွဲ့၏ရည်မှန်းချက်များ

          အဖွဲ့အစည်း၏ ရည်မှန်းချက်များမှာ ဒေသတွင်းအရင်းအမြစ်များ၊ ပထဝီဝင်အနေအထားအရ အရေးပါမှုကို အသုံးချခြင်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို လျော့ပါးစေရန်အတွက် ဘုံအကျိုးဖြစ် ထွန်းစေသောနေရာများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ရန်ဖြစ်သည်။ အခြားသောဒေသတွင်းအဖွဲ့အစည်းများနှင့်မတူဘဲ ဘင်းစတက်စ်သည် ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၁၉၉၇ခုနှစ်နောက်ပိုင်းမှစတင်၍ ကုန်သွယ်မှု၊ နည်းပညာ၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ငါးလုပ်ငန်းကဏ္ဍ(၆)ခု ကို စတင်လုပ်ဆောင် ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် စိုက်မျိုးရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ခြင်း၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့် လူအချင်းချင်းဆောင်ရွက်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း စသည့် ကဏ္ဍ(၉)ခုကို ထပ်မံပေါင်းထည့်ဆောင်ရွက်ခဲ့ပါသည်။