Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

BIMSTEC ပူးပေါင်းဆောင်ရွက်မှုအတွက် အလံအသစ်နှင့် Logo အသစ်သတ်မှတ်ရန်  ဒီဇိုင်းပြိုင်ပွဲကို မည်သူမဆို ဝင်ရောက်ယှဉ်ပြိင်နိုင်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၀) ရက်

မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နေသော BIMSTEC (Bay of Bengal Initiative of Multi-Sectoral Technical and Economic Cooperation) ပူးပါင်းဆောင်ရွက်မှုအတွက် အလံအသစ်နှင့် Logo အသစ် သတ်မှတ်ရန် ဒီဇိုင်းပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှ ဉီးဆောင်၍ ပြုလုပ်သွားရန်ရှိပြီး အနိုင် ရရှိသူအား USD(3000/-) ချီးမြှင့်သွားရန်ရှိကြောင်း သိရှိရပါသည်။

အဆိုပါပြိုင်ပွဲသို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများအပြင် အခြားမြန်မာနိုင်ငံသား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး မှီငြမ်းနိုင်ရန် BIMSTEC ပူးပေါင်းဆောင်ရွက်မှု၏ အချက်အလက်များကို Website. www.bimstec.org တွင်လည်းကောင်း၊ ပြိင်ပွဲဝင်အတွက် Terms and Conditions ၊ Process and Indicative Timelines နှင့် Contest Application Form တို့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ BIMSTEC Website (Download link; https://bimstec.org/? page_id=2600) တွင် ရယူနိုင်ပြီး  အသေးစိတ်သိရှိလိုသော အချက်အလက်များရှိပါက ဒေသခွဲဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၁၂၄၄၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply