Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

ကျင်းပမည့်ပွဲများ၊ အခမ်းအနားများ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ တည်ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်တော်ဖွင့်ပွဲကို နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့ (အောက်တိုဘာလ) ရောက်တိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပါသည်။ အဆိုပါ ပွဲတော်ကာလတွင် စေတီတော်အား ဆီမီး (၉၀၀၀) ဖြင့် ပူဇော်ခြင်း၊ ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ခြင်း တို့အပြင် ဒေသခံကရင်လူမျိုးတို့၏ ကရင်ရိုးရာအကအလှများဖြင့်လည်း ဆင်နွှဲလေ့ရှိပါသည်။ ကြည်နူးဖွယ်ရာ အတွေ့အကြုံကောင်းများကို ကိုယ်တိုင်ပါဝင်ခံစားနိုင်စေရန်အတွက် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပမည့် ကျိုက်ထီးရိုး ဘုရားတောင်တော်ဖွင့်ပွဲသို့ သွား‌ရောက်ဆင်နွှဲနိုင်ဖို့ ဖော်ပြပေးလိုက် ပါတယ်။
Continue Reading
ရဲခူအဖွေ (ခေါ်) အာခါဒါန်းစီးပွဲတော်ကို အာခါရိုးရာမိရိုးဖလာစုပေါင်းဒါန်းစီးပွဲတော် အဖြစ်သတ်မှတ် ထားပြီး အာခါတိုင်းရင်းသားများအတွက် အထွတ်အမြတ်ထားရာနှင့် အလေးထားရာပွဲတော်တစ်ခုဖြစ် သည်။ ပွဲတော်ကို နှစ်စဉ်သြဂုတ်လတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ ်မြို့များရှိ အာခါရွာများတွင် အလှည့်ကျ ကျင်းပလေ့ရှိပါသည်။ အာခါတိုင်းရင်းသားများ၏ စည်းလုံးခြင်း ဒါန်းတော် မှတ်တမ်း၌ ဝမ်းစာအတွက် ထွန်ယက်စိုက်ပျိုးထားသော စပါးပင်အညွှန့် စထွက်ချိန်တွင် ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် လူကြီး၊ လူငယ်၊ မိတ်သင်္ဂဟများပါမကျန်ဖိတ်ခေါ်ပြီး ရွာဦးထိပ်တွင်ဒါန်း ကိုဆင်ကာ မင်္ဂလာသီချင်းများရွတ်ဆို၍ ဒါန်းကို အမြင့်ဆုံးအထိလွှဲစီးပြီး မိမိ နှစ်သက် သူနှင့်ညားမည် ဆိုလျှင် တောင်ကြီးတစ်ခြမ်းလုံးကို စပါးခင်းကြီး ဖြစ်အောင်လုပ်ဆောင်မည်ဟု သတ္တိအရာပြောင် မြောက်ကြောင်း ဒါန်းစီးရင်းသီချင်းသံစဉ်များ သီဆိုကျင်းပသည့် ပျော်ပွဲရွင်ပွဲဖြစ်ပါသည်။ ပွဲတော်ကျင်းပ နေစဉ် ကာလအတွင်း...
Continue Reading