Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Category

News & Announcements
နေပြည်တော် ဇန်နဝါရီ ၁၁ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ်များ “Civics vs Ethics : Sustainable Tourism Development For Myanmar” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ပြည်သူ့နီတိသည် ပြည်သူပြည်သားများ အကျိုးစီးပွား တိုးတက်စေရန် နိုင်ငံသားတိုင်း စောင့်ထိန်းရမည်တို့ကို လမ်းညွှန်ထားခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သော အသိ၊ အပြုအမူများကို စနစ်တကျဝေဖန် ပိုင်းခြား ကျင့်သုံးတတ်ရန်၊ လူ့အခွင့်အရေးများကို တန်ဖိုး ထားလေးစား ပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးတတ်ရန်၊ နိုင်ငံ့သား...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၈ အာရှဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ကြီးမှုး၍ နိုင်ငံတကာ သဘာဝအခြေခံခရီးသွားလုပ်ငန်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနား၊ အာရှ-ပစိဖိတ် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ -၂၀၂၂ ကို ယနေ့တွင် Virtual စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် Keynote Speaker အဖြစ် ပါဝင်တက်ရောက်သည်။ အဆိုပါ ညီလာခံတွင် အာရှဒေသ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကွန်ရက်ဥက္ကဋ္ဌ Mr. Masaru Takayama က အဖွင့်မိန့်ခွန်းပြောကြားပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ကွန်ရက်ဥက္ကဋ္ဌ Mr. Glenn Jampol ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖန်တီးမှုဝန်ကြီးဌာန ဝန်ကြီး Dr.H.Sandiaga Salahuddin Uno နှင့်...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာ ၂၉ “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ခရီးသွားလုပ်ငန်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ခရီးသွားလုပ်ငန်းများလည်း ထိခိုက်ခဲ့ရကြောင်း၊ အလားတူ လူသားများ၏ ပေါ့လျော့စွာ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့်လည်း သဘာဝဘေးအန္တရာယ် ဆိုးကျိုးများဖြစ်ပေါ်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများတွင် ခရီးသွားလုပ်ငန်း အရင်းအမြစ်များဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ပြင်ဆင်ရာတွင် မူလပကတိပုံစံ အခြေအနေမျိုး ပြန်လည်ရရှိရန် မဖြစ်နိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကြီးမားကြောင်း။ ပညာရှင်များအနေဖြင့် ရာသီရတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို လျော့ချကာကွယ်နိုင်ရန် Sustainable Development Goals (၁၇) ချက်ကို အသိပေးထုတ်ပြန်ထားကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၂၅ ပြင်ဦးလွင်မြို့ “၂၀၂၁ ခုနှစ် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲ အခမ်းအနား”  ကို ယမန်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့၊ သစ်တောသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိကြီးများ၊ သိက္ခာတော်ရ ဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ခရစ်ယာန်ဘာသာဝင် ဧည့်သည်တော်များ တက်ရောက်ကြ သည်။ မိတ်ဆုံစားပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး အားလုံးတို့သည် မိမိတို့ယုံကြည်ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရား၏ အထိမ်းအမှတ် အခါကြီး နေ့ကြီးများ၊ ပွဲလမ်းသဘင်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ မတူညီ ကြသော်လည်း အချင်းချင်းတစ်ဦးပေါ်တစ်ဦး မေတ္ထာတရားထားရှိကာ ယုံကြည်မှု၊ စည်းလုံးညီညွတ်ခြင်းများဖြင့် အတူတကွ...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၂၃ Digital Transformation in Tourism: The Future of Myanmar ခေါင်းစဉ်ဖြင့် ပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခင်က နိုင်ငံတကာဧည့်သည်များ ခရီးသွားလာရာတွင် Lonely Planet ကဲ့သို့ စာအုပ်စာစောင်များ ကိုင်ဆောင်သွားလာခဲ့ကြသော်လည်း ယနေ့ခေတ်တွင် smart phone ထဲ၌ application များ ထည့်သွင်းအသုံးပြုပြီး မိမိသွားလိုသည့်နေရာများသို့ သွားရောက်လည်ပတ်လျက်ရှိပါကြောင်း၊ ဟိုတယ်တည်းခိုမှုများတွင်လည်း booking ပြုလုပ်ရာ၌ online မှ တစ်ဆင့်အသုံးပြု၍ လုပ်ဆောင်လာကြပါကြောင်း၊ ထို့အတွက် ဒစ်ဂျစ်တယ်နည်းပညာရပ်သည် အရေးကြီး သော အခန်းကဏ္ဍတစ်ရပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကူးပြောင်းကြိုးစားကြရာတွင်လည်း...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၂၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၁)သို့ တက်ရောက်သည်။ အစည်းအဝေးသို့  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ခံများ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများက Online မှ ပါဝင်တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်−၁၉ ကပ်ရောဂါသည် မျိုးရိုးဗီဇ အဆင့်ဆင့်ပြောင်းလဲလာပြီး ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံ အချို့၌ပါ  ကူးစက်ဖြစ်ပွားနေသဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်သွား ရန်လိုအပ်ကြောင်း။...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၁၇ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက် သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းတွင် လူသားတို့အနေဖြင့် စူးစမ်းသိမြင်လိုသည့် သဘာဝနှင့် မရောက်ဖူးသေး သည့် နေရာတစ်ခုမှ အခြားနေရာတစ်ခုသို့၊ နိုင်ငံတစ်ခုမှ အခြားနိုင်ငံတစ်ခုသို့ ရှာဖွေသွားလာခြင်းမှတစ်ဆင့် လူမှုစီးပွားဘဝနှင့် အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းစသော အကျိုးကျေးဇူးများ ရရှိလာကြသော်လည်း ဖွံ့ဖြိုးတိုးတက် လာမှုများနှင့် လူတို့၏ ခရီးသွားလာ ကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းလာခြင်း၊ ပြုန်းတီးစေခြင်းများဖြင့် သဘာဝဘေးအန္တရာယ်ဆိုးများ ကျရောက်ခြင်း ကိုလည်း ခံစားကြရ ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် တာဝန်သိပြီး တာဝန်ယူမှုရှိ...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၁၆ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ   (AUDA-NEPAD) နှင့် အနောက်အာဖရိက စီးပွားရေးနှင့်ငွေကြေးဆိုင်ရာပူးပေါင်းမှုအဖွဲ့ (UEMOA) တို့ ပူးပေါင်းဆောင်ရွက်သည့် ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဆိုင်ရာ စက္ကူဖြူစာတမ်း မိတ်ဆက် ခြင်း အစီအစဉ် (Launching Of the White Paper on Safety and Security in Tourism) ကို ဒီဇင်ဘာ ၁၅ ရက်က Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိ သူများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်       Mr. Zurab Pololikashvili...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာ ၁၄ (၅၅)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အဖွဲ့ အစည်းများဖြစ်သည့် အာဆီယံ- တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ- ကိုရီးယား ဗဟိုဌာန၊ အာဆီယံခရီးသွားလုပ်ငန်းအသင်း (ASEANTA)၊ အာဆီယံခရီးသွား လုပ်ငန်းသုတေသန အဖွဲ့ (ATRA)၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ABC)၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ (WTTC)၊ ပစိဖိတ်-အာရှခရီး...
Continue Reading
နေပြည်တော်   ဒီဇင်ဘာ   ၁၄ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၊ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနနှင့် ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် UNWTO Asia – Pacific Workshop on Measuring the Sustainability of Tourism (MST) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ Virtual ဖြင့် ကျင်းပရာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် အာရှနှင့်ပစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့ (PATA) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာ နိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်၍ အဆင့်မြင့် အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ကြ သည်။...
Continue Reading
1 2 3 70