Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

News & Announcements
နေပြည်တော် ဧပြီ ၂၆ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် (၇၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် တိုက်ဆိုင်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးမဟာဗျူဟာ အစီအစဉ်များအနက် တစ်ခုဖြစ်သော ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာ ဗျူဟာဆိုင်ရာကွန်ဖရင့်ကို ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် Moscow State Institute of International Relations ( University) of the Ministry of Foreign Affairs of the Russian Federation (MGIMO) ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က အွန်လိုင်းမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ ယနေ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ခိုင်မာပြီး...
Continue Reading
နေပြည်တော် ဧပြီ ၅ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း အလျင်အမြန် ပြန်လည်တိုးတက်လာစေရေး မဟာဗျူဟာလုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ လိုအပ်သည်များပံ့ပိုး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း လုပ်ဆောင်လည်ပတ်ရေးကို ပုဂ္ဂလိကကဏ္ဍမှ အဓိကဆောင်ရွက်သော်လည်း ဝန်ကြီးဌာနများက ထိန်းကျောင်းပေးရသည့်အတွက် လုပ်ငန်းဆောင်တာများ မြန်ဆန်လွယ်ကူစေရန် လိုအပ်သည်များ ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ ပံ့ပိုးပေးရာတွင်လည်း ရှိနှင့်ပြီးသော ဉပဒေများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ ခရီးသွားဧည့်သည်များ ဝင်ရောက်လာသည် နှင့်အမျှ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်သော...
Continue Reading
နေပြည်တော် မတ် ၃၁ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ခရီးသွားလုပ်ငန်းဆိုင်ရာသုတေသနစီမံကိန်း ပိတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ စီမံကိန်းမှမြန်မာနိုင်ငံသားကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-...
Continue Reading
နေပြည်တော် မတ်လ ၃၀ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးဌာန၊ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးတွင်  ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က မြန်မာနိုင်ငံ၏ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများကို ကမ္ဘာနိုင်ငံနည်းတူ အစိုးရ-ပုဂ္ဂလိက-ပြည်သူ စုပေါင်းအားဖြင့် ပြန်လည်စတင်နိုင်ခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းပြန်လည်စတင်ရေးအတွက် အာဆီယံနှင့် မဟာမဲခေါင် ဒေသခွဲနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးသွားအသိုက်အဝန်းအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် နိုင်ငံတကာ ခရီးသွားပြပွဲများသို့ ပါဝင်တက်ရောက်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။ ပြည်ဝင်ခရီးသွားလုပ်ငန်းများအတွက် အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များကို ဦးစားပေးဈေးကွက်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ အလားအလာကောင်းများရှိ သည့် ရုရှားခရီးသွားဈေးကွက်ကို မြှင့်တင်ရန် “Welcome Russia”...
Continue Reading
နေပြည်တော် မတ် ၁၅ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်အလက်များ (၂၀၂၂)၊ ပြည်တွင်းနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း (၂၀၂၂) တွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်းနှင့် ခရီးသွားလုပ်ငန်းသုတေ သန စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေ သနစီမံကိန်းမှတစ်ဆင့် ခရီးသွားစာရင်းအင်း အချက်အလက်များကို ဖော်ထုတ်ရရှိခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်း အချက်အလက်များ၊ ပြည်တွင်းနှင့် ပြည်ဝင် ခရီးသွားစစ်တမ်း-၂၀၂၂ ကောက်ယူတွေ့ရှိချက်များကို မိတ်ဆက်ခြင်းဖြစ်ပါကြောင်း။ ယခုစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) အထောက် အပံ့ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ စာရင်းအင်း အချက်အလက်များ ပိုမိုတိကျ အားကောင်းခိုင်မာလာစေရန် အထောက်အပံ့ဖြစ်စေ ကြောင်း၊ စီမံကိန်းကို...
Continue Reading
နေပြည်တော် မတ် ၁၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ရုရှားခရီးသွားများလာရောက် လည်ပတ်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရုရှားခရီးသွားများအတွက် တည်းခိုသွားလာလည်ပတ်မှု၊ စားသောက်မှုများ အပါ အဝင်ပြီးပြည့်စုံသော Package  Tour အစီအစဉ်များအား ရေးဆွဲပံ့ပိုးပေးစေလိုပါကြောင်း၊ ရော့စ်ကွန်ဂရက်အဖွဲ့အနေဖြင့် နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း မြှင့်တင်ဆောင် ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက...
Continue Reading
နေပြည်တော် မတ် ၁၁ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင်ပုဂံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို Aureum Palace Hotel and Resort ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုဂံဒေသသို့ ပြည်တွင်းခရီးသည်ဝင်ရောက်မှုသည် ယခင် အများဆုံးဝင်ရောက်ခဲ့သည့်ကာလများထက် ကျော်လွန်သွားပြီဖြစ်သော်လည်း ပြည်ပခရီးသည်ဝင်ရောက်မှုမှာ နည်းပါးလျက်ရှိသဖြင့် ပိုမိုတိုးတက်ဝင်ရောက်လာအောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ခရီးသည်ဝင်ရောက်မှု တိုးတက်လာသည်နှင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသာမက အခြားဆက်စပ်လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် စည်းမျဉ်းစည်းကမ်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်၏အကျိုး၊ ပြည်သူလူထု၏အကျိုး၊ လုပ်ငန်းရှင်များ၏အကျိုးကို ထိခိုက်နစ်နာမှုမရှိအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုတိုးတက်အောင်မြင်သော...
Continue Reading
နေပြည်တော် မတ် ၁၀ ခရီးစဉ်ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မတ် ၇ ရက် မွန်းလွဲပိုင်းက ညောင်ရွှေမြို့ရှိ ဟိုတယ်များမှ ဟိုတယ်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအား ရွှေနန်းတော်ဟိုတယ်(အင်းလေး) ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ညောင်ရွှေမြို့ရှိ ခရီးစဉ်ဒေသများ၏ အခြေအနေ၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုအခြေအနေနှင့် အင်းလေးဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လက်ရှိ တွင် တစ်စထက်တစ်စ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ နေသော်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိ ကြောင်း၊ အင်းလေးဒေသသည် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အခြေခံအရင်းအမြစ်ကောင်းများရှိသည့်...
Continue Reading
နေပြည်တော်  မတ် ၄ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တော်ဝင်တောင်ကြီးဟိုတယ်၌ မတ် ၃ ရက်က ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီးနှင့်ပြည် နယ် ရုံးခွဲများမှ အရာထမ်းအမှုထမ်းများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မန္တလာ တက္ကသိုလ် (မန္တလေး)၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်(ရန်ကုန်) တို့မှ ဆရာ၊ ဆရာမကြီး များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရှမ်းတောင်ဇုန်)မှ ကိုယ်စားလှယ် များ၊ တောင်ကြီးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အာဆီယံဒေသကို  မတူထူးခြားကွဲပြားသော အတွေ့အကြုံများ စုစည်းထားသည့် အရည်အသွေးမြင့်ခရီးစဉ်ဒေသတစ်ခု ဖြစ်စေရေးနှင့်...
Continue Reading
နေပြည်တော် ဖေဖော်ဝါရီ ၂၄ ကမ်းခြေဒေသများ သန့်ရှင်းသာယာလှပပြီး ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ယင်းဒေသများသို့ တိုးတက်ဝင်ရောက်လာရေးနှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်းများ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်နေစေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ငပလီကမ်းခြေဒေသ Aureum Palace ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံသည်။ ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန သံတွဲရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး က ငပလီကမ်းခြေဒေသရှိ ခရီးသွားလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်‌ထောင်စုဝန်ကြီးက ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း စနစ်တကျဖြင့် မြန်မြန်ဆန်ဆန်တိုးတက်လာရေးအတွက်...
Continue Reading
1 2 3 4 85