Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

News & Announcements
နေပြည်တော် ဖေဖော်ဝါရီ ၂၂ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တွေ့ဆုံသည်။ ဆွေးနွေး တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေဒေသနှင့်ဆက်စပ်သော ခရီးစဉ်ဒေသများ၌ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာစေ ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေဒေသ များ၌ ပွဲတော်ကာလများအတွင်း ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်မှု အဆင်ပြေစေရေးနှင့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ဟိုတယ်သို့ရောက်ရှိကာ ပုသိမ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှတာဝန်ရှိသူများကို တွေ့ဆုံသည်။ ရှေးဦးစွာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု၊ ခရီးသွား...
Continue Reading
နေပြည်တော်  ဖေဖော်ဝါရီလ ၂၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။   ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများ ဆွေးနွေး တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့များနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့်...
Continue Reading
နေပြည်တော် ဖေဖော်ဝါရီ ၅ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃နှင့်ဆက်စပ်၍ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံက ဖေဖော်ဝါရီ ၂ ရက်မှ ၃ ရက်အထိ ဂျော့ဂျကာတာမြို့ရှိ Marriot ဟိုတယ်၌ In Person စနစ်ဖြင့်  အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည်။ တက်ရောက် အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာ ပိုင်အဖွဲ့ ခေါင်းဆောင်များ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ ခရီး သွားလုပ်ငန်းအာဏာပိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဆီယံ-တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ-ကိုရီးယားဗဟိုဌာနတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်း ဆောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်သည်။...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်မှုရှိပြီး စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Jasmine Nay Pyi Taw Hotel ၌ နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကို နိုင်ငံ၏မြို့တော်၊ အုပ်ချုပ်ရေးမြို့တော်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြဌာန်းထားရှိကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးစနစ်၊ ရေစီးရေလာကောင်းမွန်ရေးစနစ်တို့ အပါအဝင် အပန်းဖြေအနားယူ နိုင်သည့်နေရာများ၊ ခရီးသွားဆွဲဆောင်ရာနေရာများ၊ တည်းခိုနေထိုင်ရန် ဟိုတယ်ဇုန်များကို မြို့ပြ စီမံခန့်ခွဲမှုစနစ်များနှင့်အညီ တည်ဆောက်ထားရှိကြောင်း၊ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ရှိနေသဖြင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာနိုင်သည့်...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၂၃ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းနှင့် ပြည်နယ်များ အလိုက် ဟိုတယ်ဇုန်များနှင့် ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ တွဲဖက် အတွင်းရေးမှူးများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် တွေ့ဆုံ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဆိုင်ရာ လမ်းညွှန်ချက်များ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း/ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုအပ်သော အစီအမံများကို ဆွေးနွေးပြောကြားသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် နိုင်ငံတော်အဆင့်အစည်းအဝေးများ၊ အခမ်းအနားများ၊ ခရီးစဉ်များ၊ တွေ့ဆုံပွဲများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားပြီး ခရီးသွားလုပ်ငန်း၏ အရေးပါမှုကို ထည့်သွင်းပြောကြားလမ်းညွှန်လေ့ရှိပါကြောင်း၊...
Continue Reading
နေပြည်တော် သန့်ရှင်းသာယာလှပပြီး ဆွဲဆောင်မှုရှိသော  ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေ ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဆက်စပ်ဌာနများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးခွဲတာဝန်ခံ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နိုင်ငံတော် ဧည့်ဂေဟာအတွင်းရှိ ဟိုတယ်များနှင့် ရာဇသင်္ဂဟလမ်းဘေးဝဲယာရှိ ဟိုတယ်များမှ ဟိုတယ်ပရဝုဏ်နှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း အပင်ကြီးများကို အလင်းဖွင့်ထားရှိမှု မြေယာရှုခင်းသန့်ရှင်း သာယာလှပအောင် ဆောင်ရွက်နေမှု၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းနေမှုအခြေအနေများ၊ အမှိုက်များကင်းစင်ရေးနှင့် သန့်ရှင်းသာယာလှပမှုရှိအောင် စုပေါင်းဆောင်ရွက်နေမှု၊ ယခင်ရက်သတ္တပတ်ကာလက ကြည့်ရှုညွှန်ကြားခဲ့သော သန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆက်လက် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုသည်။ နိုင်ငံတော်အစိုးရ၏ နေပြည်တော်အား Green City၊...
Continue Reading
နေပြည်တော် ဇန်နဝါရီလ ၂၂ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့သော Ruili လေကြောင်းလိုင်း၏ မန္တလေး-မန်စီ-မန္တလေး (DR-503) ခရီးစဉ်သည် ယမန်နေ့တွင် ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးမြို့သို့ ပထမဦးဆုံးသောခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့ကာ မန္တ‌လေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)သို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဆိုက်ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် MJas (Mitsubishi Cooperation-Jalux) Airport Services Co.,Ltd မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး...
Continue Reading
နေပြည်တော်၊ ဇန်နဝါရီလ ၂၁ ခရီးသွားလုပ်ငန်း သုတေသနစင်တာ လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူးကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်-မြန်မာခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ရန်ကုန်)၊  တရုတ်-မြန်မာ ကုန်သည်ကြီးများအသင်း (ရန်ကုန်)၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်း သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက...
Continue Reading
နေပြည်တော် ဇန်နဝါရီလ ၁၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ကျောင်းသို့ သွားရောက်ပြီး သီလဓမ္မကုန်းသာတောရကျောင်းဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒထံသို့ အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းဖောင်းချောင်းအတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမျှစ်ချင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀ ကျော်ကို မျိုးစိုက် ထည့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်မွေတောင်စခန်း စတုရဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်း၌ ကျင်းပသော ချယ်ရီပန်းပွဲတော် (၂၀၂၃) အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ချယ်ရီပန်း ပွဲတော်ကို...
Continue Reading
နေပြည်တော် ဇန်နဝါရီ ၁၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ နိုင်ငံတော်ဧည့်ဂေဟာရှိဟိုတယ်များ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံပြီး မြို့တော် နေပြည်တော်ကို “GREEN CITY၊ CLEAN CITY၊ SMART CITY” ဖြစ်စေရန် လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနမှလည်း Tourism Hub ဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ဟိုတယ်များအနေဖြင့်လည်း နိုင်ငံတော်မှ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မြို့တော်၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။ ယခုအခါ နေပြည်တော်သည် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လိုသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက်...
Continue Reading
1 2 3 4 5 85