Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

News & Announcements
နေပြည်တော် မေ ၁၂ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမှရရှိလာသောဝင်ငွေများသည် ဒေသအတွင်းရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများအပြင် ဒေသခံများထံသို့ စီးဝင်မည်ဖြစ်သဖြင့် ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေကြောင်း၊ ထားဝယ်ခရိုင်ခရီးစဉ်ဒေသတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် တန်းခိုးကြီးဘုရားများ၊ သာယာလှပသောကမ်းခြေများနှင့် သဘာဝအလှအပများစွာ ရှိပါကြောင်း၊ ယင်းအခြေအနေကောင်းများကို အကျိုးရှိစွာအသုံးချပြီး ဒေသတွင်းခရီးသွားလုပ်ငန်း ကဏ္ဍ ပြန်လည်ဦးမော့အောင်၊ ခရီးစဉ်ဒေသတစ်ခု ကို ခရီးသွားဈေးကွက်၌ စိတ်ဝင်စားမှုများစွာရရှိလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်...
Continue Reading
နေပြည်တော် ‌မေ ၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့သို့ ရောက်ရှိပြီး “Victoria Cliff Hotel & Resort” တွင် ကော့သောင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ကော့သောင်းခရီးစဉ် ဒေသတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ပင်လယ်ပြင်အတွင်းမှ သာယာလှပသည့် ကျွန်းများ၊ ကမ်းခြေများ ရေပေါ် ရေအောက်ရှိသယံဇာတများအပြင် အခြားသော သဘာဝအရင်းအမြစ်များ များစွာတည်ရှိနေပါကြောင်း၊  ယင်းကဲ့သို့ ဆွဲဆောင်မှုရှိသည့် အခြေအနေ များကို အသုံးချပြီး ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားလုပ်ငန်းပါ ပိုမိုဖွံ့ဖြိုးတိုးတက် လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသည့်...
Continue Reading
နေပြည်တော် မေ ၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်တာဝန်ခံများသည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင် အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှေးဦးစွာ နှုတ်ခွန်းဆက်စကားပြောကြားပြီး အော်သိုဒေါ့ဘုန်းတော်ကြီးက နိုင်ငံတစ်နိုင်ငံတွင် ဘာသာရေး အဆုံးအမသည် အရေးကြီးပြီး ဘာသာရေးအဆုံးအမ မရှိလျှင် ပျက်စီး၊ ကျဆုံးမှုများရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင်ပြီး ဘာသာရေးအဆုံးအမရှိနေခြင်းမှာ ကောင်းမွန်သော အခြေအနေဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရုရှားလူမျိုးများနှင့် ရုရှားခရီးသွားများအတွက် အော်သိုဒေါ့ ဘုရားရှိခိုးကျောင်း တစ်ကျောင်း တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရုရှားလူမျိုးများ အနေဖြင့်...
Continue Reading
နေပြည်တော် မေ ၄ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက် လည်ပတ်စေရေးနှင့် ရုရှားခရီးသွားဈေးကွက်မြှင့်တင်နိုင်ရန်ရည်ရွယ်ဖြင့် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်း တို့မှ ဥက္ကဌ နှင့် ဒုဥက္ကဌများ၊ Myanmar Airways International (MAI) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ Royal Su Latt Thakhin ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားဝါသနာ ရှင်များပါဝင်သော...
Continue Reading
နေပြည်တော် ဧပြီ ၂၇ (၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်- ၂၀၂၃ တို့ကို ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ပရီဆီဟာနုပြည် နယ်ရှိ Independence Hotel ၌ လက်ခံကျင်းပရာ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ၊ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဧပြီ ၂၅ ရက်တွင် မဟာမဲခေါင်ဒေသခွဲ...
Continue Reading
နေပြည်တော် ဧပြီ ၂၇ နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားဧည့်သည်များ ဝင်ရောက်၊ ထွက်ခွာ လည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က Video Conferencing ဖြင့် တက်ရောက်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက (၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေး၌ မြန်မာ-လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် လာအိုနိုင်ငံသားများသာမက လာအိုနိုင်ငံသို့ လာရောက်လည်ပတ်သော တတိယနိုင်ငံသားများပါ ဝင်၊ ထွက်နိုင်ရေး အဆိုပြုလာသောကိစ္စကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို...
Continue Reading
နေပြည်တော် ဧပြီ ၂၆ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် (၇၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် တိုက်ဆိုင်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးမဟာဗျူဟာ အစီအစဉ်များအနက် တစ်ခုဖြစ်သော ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာ ဗျူဟာဆိုင်ရာကွန်ဖရင့်ကို ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် Moscow State Institute of International Relations ( University) of the Ministry of Foreign Affairs of the Russian Federation (MGIMO) ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က အွန်လိုင်းမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ ယနေ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ခိုင်မာပြီး...
Continue Reading
နေပြည်တော် ဧပြီ ၅ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း အလျင်အမြန် ပြန်လည်တိုးတက်လာစေရေး မဟာဗျူဟာလုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ လိုအပ်သည်များပံ့ပိုး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း လုပ်ဆောင်လည်ပတ်ရေးကို ပုဂ္ဂလိကကဏ္ဍမှ အဓိကဆောင်ရွက်သော်လည်း ဝန်ကြီးဌာနများက ထိန်းကျောင်းပေးရသည့်အတွက် လုပ်ငန်းဆောင်တာများ မြန်ဆန်လွယ်ကူစေရန် လိုအပ်သည်များ ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ ပံ့ပိုးပေးရာတွင်လည်း ရှိနှင့်ပြီးသော ဉပဒေများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ ခရီးသွားဧည့်သည်များ ဝင်ရောက်လာသည် နှင့်အမျှ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်သော...
Continue Reading
နေပြည်တော် မတ် ၃၁ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ခရီးသွားလုပ်ငန်းဆိုင်ရာသုတေသနစီမံကိန်း ပိတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ စီမံကိန်းမှမြန်မာနိုင်ငံသားကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-...
Continue Reading
နေပြည်တော် မတ်လ ၃၀ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးဌာန၊ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးတွင်  ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က မြန်မာနိုင်ငံ၏ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများကို ကမ္ဘာနိုင်ငံနည်းတူ အစိုးရ-ပုဂ္ဂလိက-ပြည်သူ စုပေါင်းအားဖြင့် ပြန်လည်စတင်နိုင်ခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းပြန်လည်စတင်ရေးအတွက် အာဆီယံနှင့် မဟာမဲခေါင် ဒေသခွဲနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးသွားအသိုက်အဝန်းအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် နိုင်ငံတကာ ခရီးသွားပြပွဲများသို့ ပါဝင်တက်ရောက်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။ ပြည်ဝင်ခရီးသွားလုပ်ငန်းများအတွက် အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များကို ဦးစားပေးဈေးကွက်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ အလားအလာကောင်းများရှိ သည့် ရုရှားခရီးသွားဈေးကွက်ကို မြှင့်တင်ရန် “Welcome Russia”...
Continue Reading
1 3 4 5 6 7 89