Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

News & Announcements
နေပြည်တော်၊ အောက်တိုဘာလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မော်လမြိုင်ရုံးခွဲ) ၏ စီစဉ်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ် (၄၆) ဖွင့်ပွဲအခမ်းအနားကို (၃၀.၉.၂၀၁၉)ရက်နေ့ နံနက်ပိုင်း တွင် မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မော်လမြိုင်ရုံးခွဲ) မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင် အသင်း (မော်လမြိုင်ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၇၀)...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု Sanctuary Retreats Myanmar Limited ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အစ္စရေးနိုင်ငံသားဧည့်သည်(၃၅) ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၂၁) ရက်နေ့အထိ RV Sanctuary Ananda အပျော်စီးရေယာဉ်ဖြင့် ရန်ကုန်-...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်း ထားရှိသည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ငပလီကမ်းခြေတွင်ပြုလုပ်မည့် ဆောင်းဦးပွဲတော်အခမ်းအနားကျင်းပရေးဦးစီး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတို့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းတွင် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (စစ်တွေရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ...
Continue Reading
နေပြည်တော်၊ စက်တင်ဘာ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့်ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မူဆယ်ရုံးခွဲ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မူဆယ်ခရိုင်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်များအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသစ်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား ထပ််ဆင့်ရှင်းလင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်မြို့၊ ရွှေသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ မူဆယ်ရုံးခွဲတာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများ၊ဟိုတယ်၊တည်းခိုရိပ်သာနှင့်ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် များ၊ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မူဆယ်ရုံးခွဲတာဝန်ခံက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ဧည့်သည်များမှ...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၂၇) ရက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၁၉ (World Tourism Day-2019)အထိမ်းအမှတ် အခမ်းအနား အား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို ၊ ဦးသိန်းဆွေနှင့်ဦးအုန်းမောင် ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယဝန်ကြီး များ၊နေပြည်တော်ကောင်စီဥက္ကဌနှင့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊သံအမတ်ကြီးများ၊ ဌာနဆိုင် ရာများမှ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Zurab Pololikashvili ၏ သတင်း စကားရုပ်သံအား ဗွီဒီယိုဖြင့်ပြသကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၂၇) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၂၄၇၃၆) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည် (၃၆၅) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးသွားဧည့်သည် ထိုင်းနိုင်ငံသား (၇) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ထိုင်း နိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် (၆၆)...
Continue Reading
နေပြည်တော် စက်တင်ဘာ ၂၆ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၂/၂ဝ၁၉) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ (၁၇) ရက်တွင် ပြန်လည်ပြင်ဆင်ပြီး ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေသစ်အရ အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့်...
Continue Reading
နေပြည်တော်၊ စက်တင်ဘာ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ စိစစ်မှုများဖြင့် ဟိုတယ်/တည်းခိုရိပ်သာ တည်ဆောက်ခွင့်နှင့် လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ လိုင်စင်ရဟိုတယ်နှင့်တည်းခိုရိပ်သာ အရေ အတွက် (၂၅၃) လုံး ၊ အခန်း (၈၀၁၀)ခန်း ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဟိုတယ် (၃၂) လုံး၊ အခန်း (၁၁၃၁) ခန်း၊ ၂၀၁၇ ခုနှစ်တွင် ဟိုတယ်(၃၀) လုံး၊ အခန်း (၁၀၃၄) ခန်း၊ ၂၀၁၈ ခုနှစ်တွင် ဟိုတယ်(၂၁)လုံး၊ အခန်း (၆၅၅) ခန်းနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ...
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၂၄) ရက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၏ ခရီးစဉ်တစ်ခုဖြစ်သော ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာရှိ တောကြမ်းခရီးလမ်းလျှောက်ခရီးစဉ် (Trekking Tour)၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) စသည့် ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လည်ပတ်လျှက်ရှိရာ ရိုးရာလူသုံးကုန်အမှတ်တရပစ္စည်းများကို ရောင်းချခြင်းဖြင့် ဒေသခံများ ဝင်ငွေတိုးလာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန (တောင်ကြီးရုံး) နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (တောင်ကြီးရုံး)၏ ကြီးကြပ်မှု၊ ကလော မြို့နယ် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များအသင်း၏ စီစဉ်မှုဖြင့် “ဝါး” လက်မှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၃.၉.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာ၊ ပတ္တူပေါက်ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။...
Continue Reading
နေပြည်တော် ၊ စက်တင်ဘာ ၂၀ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၁၉) အစည်းအဝေးကို (၂၀.၉.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးနှင့်ကော်မတီဝင်များ၊ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (မုံရွာရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦးနှင့်တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများစုစုပေါင်း(၂၂)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက ယခင်ကျင်းပခဲ့ပြီးဖြစ်သည့် (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့်ယခု(၃/၂၀၁၉)အစည်းအဝေးတွင် ခွင့်ပြုဆောင်ရွက်မည့် ဟိုတယ်တည်ဆောက်ခွင့်နှင့်လုပ်ငန်း လိုင်စင်ဆိုင်ရာများ ၊ဟိုတယ်လိုင်စင်သက်တမ်းတိုးခြင်း ၊ ဧည့်လမ်းညွှန်လိုင်စင်သက်တမ်းတိုးဆိုင်ရာများ နှင့် ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရပါသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့်...
Continue Reading
1 82 83 84 85