Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

News & Announcements
နေပြည်တော် အောက်တိုဘာ၂၈ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် JATA Tourism Expo အတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ (၂၄-၁၀-၂၀၁၉) ရက်နေ့မှ (၂၇-၁၀-၂၀၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ နှင့် တတိယ အကြိမ်မြောက် ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ (၂၃-၁၀-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိုကျိုမြို့၊ လွှတ်တော်အဆောက်အအုံ၌ ဂျပန်-မြန်မာ လွှတ်တော်ချင်းချစ်ကြည်ရေးအသင်းဥက္ကဌ၊ ဂျပန်ချယ်ရီဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ Mr. Ichiro AISAWA နှင့် အတွင်းရေးမှူးဖြစ်သူ Mr. Hiromichi WATANABE တို့အားတွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် (Sakura) ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး၊ ခရီးသွားစွဲဆောင်မှုတိုးမြှင့်ရေးတို့အတွက်...
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၂၅) ရက် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေကို လွယ်ကူလျင်မြန်စွာ သိရှိပြီး လိုအပ်သည့် စိစစ်ကြပ်မတ်မှုများကိုဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်အတွင်းမှ လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာများ အနေဖြင့်လည်း ဧည့်စာရင်းတိုင်ကြားမှုများကို လွယ်ကူစွာဖြင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ) ၏ စီစဉ်မှုဖြင့် “Online Hotel Guest List Management System” သင်တန်းများကို (၂၂.၁၀.၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ “SaeRi Guest House” ၌ လည်းကောင်း၊ (၂၄.၁၀.၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့ရှိ “Royal Sittwe Resort” ဟိုတယ်၌ လည်းကောင်း ဖွင့်လှစ်သင်ကြားပေးပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့...
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၂၅) ရက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ လွိုင်ကော်တန်ဆောင်တိုင်မီးပုံးပျံပွဲအား (၉.၁၁.၂၀၁၉) ရက်နေ့မှ (၁၃.၁၁.၂၀၁၉)ရက်နေ့အထိ လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တွင် (၅) ရက်တိုင်တိုင် မီးပုံးပျံပြိုင်ပွဲများ၊ မသိုးသင်္ကန်းကပ် လှူပူဇော်ပွဲများ၊ နိုင်ငံကျော်တေးသံရှင်များ၏ Free Show သီဆိုဖျော်ဖြေမှုများ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပခရီးသွားများအနေဖြင့် ကယားပြည်နယ်တန်ဆောင်တိုင်ပွဲတော်သို့ လာရောက် လည်ပတ်ပြီး ကယားပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအစားအသောက်များ၊ ထူးခြား လေးနက်သည့် ဝိသေသလက္ခဏာများနှင့် ပြည့်နှက်နေသောခရီးစဉ်ဒေသများသို့ လာရောက် လေ့လာလည်ပတ်နိုင်ပြီး ကယားပြည်နယ်ရှိ ခရီးစဉ်ဒေသများနှင့်ပတ်သက်၍လည်းကောင်း၊ တည်းခိုနေထိုင် စားသောက်ရေး အတွက်လည်းကောင်း လိုအပ်သည့် သတင်းအချက်အလက်များကို www.kayahtourism.org တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၂၅) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့မှ အောက်တိုဘာလ (၂၄) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၂၅၅၀၇) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည်(၅၂၀) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ် ထိုင်းနိုင်ငံသား(၁)ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် (၂၁၆) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ် ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၉၉၂)...
Continue Reading
နေပြည်တော်၊ အောက်တိုဘာ (၂၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်များ တွင် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်လျက်ရှိရာ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန(ထားဝယ်)ရုံးခွဲ၏ ဦးဆောင်မှု ၊ International Trade Center(ITC)၏စီစဉ်မှုဖြင့်ထားဝယ်ဒေသခရီးသွားလုပ်ငန်းစျေးကွက်မြှင့်ရေးနှင့် စျေးကွက်ရှာဖွေ ရေး B2B Networking နှင့် FAM Trip အစီအစဉ်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ (၂၃.၁၀.၂၀၁၉) ရက်နေ့ ညနေပိုင်းတွင် B2B Net -working အစီအစဉ်အား ထားဝယ်မြို့ရှိ Dawei Art Space ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ်)ရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးညိုအေးက အဖွင့်အမှာစကားပြောကြားပြီး International Trade Center...
Continue Reading
ရန်ကုန်၊  အောက်တိုဘာလ ၂၂ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့ နံနက်ပိုင်းတွင်ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ အီတလီနိုင်ငံအခြေစိုက် ICEI ( Instituto Cooperazione Economica Internazionale) မှ Mrs.Silvia Ragazzi ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့လက်ခံတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ ၊ ရှမ်းပြည်နယ်တွင် ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းနှင့်တာဝန်သိ ခရီးသွားလုပ်ငန်း လုပ်ဆောင် အကောင်အထည်ဖော်သွားမည့်အခြေအနေများ ၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ ပို့ချသွားရန်ကိစ္စရပ်များ၊ အင်းလေးဒေသတွင်အမှိုက်စွန့်ပစ်မှု စနစ်ကောင်းမွန်စေရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး လုပ်ငန်းစဉ်များ ပါဝင်ကူညီပေးနိုင်ရေး၊ညောင်ရွှေဒေသအပြင် အခြားဒေသများတွင်ပါကူညီပေး နိုင်ရေး တို့ကိုဆွေးနွေးခဲ့ပါသည်။ ထို့နောက် အီတလီနိုင်ငံအခြေစိုက် ICEI (Instituto Cooperazione Economica Internazionale) တာဝန်ရှိသူများမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီ အမံများကိုပြည်ထောင်စုဝန်ကြီးအား...
Continue Reading
နေပြည်တော်၊ အောက်တိုဘာ ၂၁ ရက် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီကမ်းခြေဒေသတွင် ခရီးသွားလုပ်ငန်းကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(စစ်တွေရုံးခွဲ)နှင့် ဟိုတယ် လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) ၏ ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် ငပလီကမ်းခြေဆောင်းဦး ပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၂၀.၁၀.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ငပလီ၊ ဇီးဖြူကုန်းရပ်ကွက်ရှိ Ngapali Paradise Hotel ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ) မှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဇုန်နယ်မြေအလိုက် ဟိုတယ် လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးက...
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံ စိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝ အလှအပ များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိအပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ် လျက် ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Khaing Lin Tun Co.,Ltd  ၏ စီစဉ်ဆောင်ရွက်မှု ဖြင့် ထိုင်းနိုင်ငံသားဧည့်သည် (၂၆) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁၀) စီးဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)...
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ပုဂံရုံးခွဲတွင် (၂၂.၇.၂၀၁၉) ရက်နေ့မှ (၁၁.၁၀.၂၀၁၉) ရက်နေ့အထိ (၁၂) ပတ်ကြာ ဖွင့်လှစ်ခဲ့သော Foundation Course for Japanese Language (N-5) Level သင်တန်းဆင်းပွဲ အခမ်း အနားကို (၁၈.၁၀.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ပုဂံမြို့ဟောင်းရှိ Bagan Information and Training Center (BITC) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံ) ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/...
Continue Reading
နေပြည်တော်၊ အောက်တိုဘာ (၂၁) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်များတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၃/၂၀၁၉)ကို (၁၈.၁၀.၂၀၁၉) ရက်နေ့ နံနက်ပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ ဦးမြင့်မောင်၊  ဒုတိယဥက္ကဌ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ ကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ထားဝယ်ရုံးခွဲ)ညွှန်ကြားရေးမှူး ဦးညိုအေးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးက ဟိုတယ်တည်ဆောက်ခွင့်များ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ်လျှောက်ထားမှုများ နှင့်သက်တမ်းတိုး လျှောက်ထားမှုများ၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ်လျှောက်ထားမှုနှင့်သက်တမ်းတိုးလျှောက်ထားမှုများ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်နှင့်ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သက်တမ်းတိုးလျှောက်ထားမှုတို့အား ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပါသည်။ ထို့နောက် တက်ရောက်လာသူတို့က ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများနှင့် စပ်လျဉ်း ၍လည်းကောင်း၊ ဇုန်ဝင်ကြေးကောက်ခံမှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ကျွန်းခရီးစဉ်...
Continue Reading
1 83 84 85 86 87 89