Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

Travel Advisory
မြန်မာနိုင်ငံသို့ ဆိုက်ကပ်မည့် အပျော်စီးသင်္ဘောများတွင် (COVID-19 ) စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များအား သိရှိလိုက်နာပူးပေါင်း ဆောင်ရွက်ကြရန် အကြံပြုခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၈) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၂၄-၂-၂၀၂၀) ရက်နေ့၌ ကျင်းပပြုလုပ်သော အပျော်စီးသင်္ဘောလာရောက်လည်ပတ်စဉ် (COVID-19) ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ အားဖြည့်ပါဝင်ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ လည်းကောင်း၊ (၂၅-၂-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သော ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင်လည်းကောင်း၊ ညှိနှိုင်းဆုံးဖြတ်ချက်များအရ မြန်မာ နိုင်ငံသို့ ဆိုက်ကပ်မည့် ကမ္ဘာလှည့်အပျော်စီးသင်္ဘောများတွင် (COVID-19) ရောဂါစောင့်ကြပ်...
Continue Reading
Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြုခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁ ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       (၁၉-၂-၂၀၂၀)ရက်နေ့တွင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကောင်စစ်ဝန် ချုပ်ရုံးမှ ပေးပို့သောသတင်းအရ မန္တလေးတိုင်းဒေသကြီး၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ (၂၅-၁-၂၀၂၀)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်သို့ ထွက်ခွာသွားသည့် လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည် (၁၁၉)ဦးတွင် ပါဝင်ခဲ့သောခရီးသည်(၂)ဦးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ရောက်ရှိပြီး (၇-၂-၂၀၂၀) ရက်နေ့နှင့် (၁၁-၂-၂၀၂၀)ရက်နေ့တို့၌ အသီးသီး COVID-19 ရောဂါကူးစက်ခံခဲ့ရကြောင်း၊  အဆိုပါသတင်းအရ ၎င်းခရီးသည် (၂)ဦးသည်...
Continue Reading
တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းများ ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၉) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော (COVID-19) Acute Respiratory Disease ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးသွားဧည့်သည်များအားဆိုက်ရောက် ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပြီး မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ် ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားပါသည်။ ၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးကောင်းမွန်ကြောင်း...
Continue Reading
(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူပြု ဆေးလက်မှတ် ဖြည့်စွက်လျှောက်ထားရန် အသိပေးခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူဖြစ်စေရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှု နှင့်စပ်လျဉ်း၍ စတင်လျှောက်ထားသည့် နေ့မှစပြီး လွန်ခဲ့သည့် (၁၄) ရက်အတွင်း ဟူပေပြည်နယ်သို့ သွားရောက်နေထိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ် ပူးတွဲပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတ်မှတ်...
Continue Reading
မြန်မာနိုင်ငံသို့ ဆိုက်ရောက်မည့် တရုတ်ခရီးသွားများနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်စီစဉ်ဆောင်ရွက်ခြင်းများ ခေတ္တရပ်ဆိုင်း ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါကာကွယ်နိုင် ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများ အတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်း ထားပါသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
Continue Reading
တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များအား Visa on Arrival ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus (2019-nCov) အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွား ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပါသဖြင့် တရုတ်နိုင်ငံသားခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ လိုက်နာပူးပေါင်းဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။
Continue Reading
နေပြည်တော်၊ ဇန်နဝါရီလ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန် မြို့မှစတင်ဖြစ်ပွားခဲ့သော 2019-nCoV (2019 Novel Corona Virus) ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံ အချို့၌ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးသည်များအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ လက်ရှိဖြစ်ပွားလျက်ရှိပါက(သို့မဟုတ်) လွန်ခဲ့သော(၁၄)ရက် အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပါက(သို့မဟုတ်)ပြန်လည်ရောက်ရှိပြီး(၁၄)ရက်အတွင်း အဆိုပါ ရောဂါလက္ခဏာများ ဖြစ်ပွားပါက အခမဲ့ကုသပေးနိုင်ရေးအတွက် လေဆိပ်ကျန်းမာရေးဌာနနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပေးပို့ဆောင်ရွက်ပါရန်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါ၍ ယင်းသတိပေးချက်ကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြပါရန် အကြံပြုပါသည်။...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင် ရန်  ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမြစ်ကြောင်းခရီးစဉ်များ၊ သ‌ေင်္ဘာခရီးစဉ်  (Cruise Tours) ၊ စက်တပ်ရွက်လှေခရီးစဉ် (Yacht Tours) ခရီးစဉ်များကို စီစဉ်ဆောင်ရွက် နေသည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာန၏ Website https://tourism.gov.mm/ required-documents-for-applying-tours/ တွင် လွှင့်တင်ထားသည့် ခရီးစဉ်တင်ပြရာတွင် လိုအပ်သည့်အချက်များအတိုင်း တင်ပြဆောင်ရွက်နိုင်ပြီး ထပ်မံသိရှိလိုသည်များကို  ဝန်ကြီးဌာန Website ၏ Chat Box မှတဆင့်  အချိန်နှင့်တပြေးညီဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြံပြု အပ်ပါသည် ။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန်  ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်/ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်မည့် (Caravan Tour) ခရီးစဉ်များကို တင်ပြမည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာန၏ Website https://tourism.gov.mm/required-documents-for-applying-tours/ တွင် လွှင့်တင်ထားသည့် ခရီးစဉ်တင်ပြရာတွင် လိုအပ်သည့် အချက်များအတိုင်း တင်ပြဆောင်ရွက်နိုင်ပြီး ထပ်မံသိရှိလိုသည်များကို ဝန်ကြီးဌာန Website ၏ Chat Box မှတဆင့် အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြံပြုအပ်ပါသည် ။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Continue Reading
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန်ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိသည့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ(FITs)၏ ခရီးစဉ် လုံခြုံချောမွေ့ခြင်းသည်လည်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပါသဖြင့် သက်ဆိုင်ရာဒေသအလိုက် သတ်မှတ်စည်းကမ်းများနှင့်အညီ လွတ်လပ်စွာသွားလာလည်ပတ်ခွင့်ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြပါရန်နှင့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ (FITs) အနေဖြင့် အကူအညီ လိုအပ်ပါက ဝန်ကြီးဌာန Website www.tourism.gov.mm/helpdesk/information-counters/ တွင် ဖော်ပြထားသည့် information counters များနှင့် https://tourism.gov.mm/helpdesk/ branch-offices/ တို့မှတဆင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးများသို့ ဆက်သွယ်စုံစမ်းအကူအညီရယူနိုင်ပြီး ထပ်မံသိရှိလိုသည်များကို ဝန်ကြီးဌာန Website ၏ Chat Box မှ တဆင့် အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း...
Continue Reading
1 3 4 5 6