Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Category

Uncategorized
နေပြည်တော် အောက်တိုဘာ ၂၆ မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဓိကခရီးစဉ်ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊...
Continue Reading
နေပြည်တော်  ဖေဖော်ဝါရီလ ၂၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။   ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများ ဆွေးနွေး တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့များနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့်...
Continue Reading
COMMUNITY VISIT IN YANGON REGION Overview Activites Visit Around Getting There Contact Us Overview  CBT Site အကြောင်းကျေးရွာ/ရပ်ကွက်လူမှုအဖွဲ့အစည်းအခြေပြုခရီးသွားလုပ်ငန်း( Community Based Tourism )ဆိုသည်မှာ မိမိ ကျေးရွာ/ရပ်ကွက်သို့လာရောက်ကြည့်ရှုလေ့လာလည်ပတ်မည့်ခရီးသည်များကို ကျေးရွာ/ရပ်ကွက်၏လူမှုရေးအဖွဲ့အစည်းများမှဧည့်ခံကျွေးမွေးခြင်း၊နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ကျေးရွာယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းကိုဖော်ထုတ်ပြသခြင်း၊ကျေးရွာ/ရပ်ကွက်ကောင်းကျိုးများ၊ပတ်ဝန်းကျင်သဘာဝကိုထိန်းသိမ်းခြင်းပြုလုပ်မည်ဆိုပါကဝိုင်းဝန်းကူညီပံ့ပိုးပေးခြင်း၊မိမိဒေသထွက်လက်မှုပစ္စည်းများထုတ်လုပ်ပြသရောင်းချခြင်းနှင့်ကျေးရွာ/ရပ်ကွက်အနီးတဝိုက်တွင်ရှိသောရှေးဟောင်းဘုရားစေတီနှင့်ခရီးသည်များစိတ်ဝင်စားသည့်နေရာများကိုလှည့်လည်ပြသခြင်းစသည့်လုပ်ငန်းများကိုပြည်တွင်းခရီးလှည့်လည်ရေးလုပ်ငန်းများ (Tour Operator)နှင့်အခြားအဖွဲ့အစည်းများဖြင့်ဆက်သွယ်ဆောင်ရွက်ပြီးကျေးရွာ/ရပ်ကွက်အတွက်ဝင်ငွေနှင့်ကျေးရွာအဖွဲ့အစည်းများရေရှည်တည်တံ့သော( Sustainable ) သုခချမ်းသာ ( Well-being )ရရှိနိုင်သောခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ကျိုက်သလဲကျေးရွာ CBT သည်လည်းကျေးရွာနေပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ကျိုက်သလဲကျေးရွာ(အလယ်ပိုင်း)သည် ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာအုပ်စုတွင် တည်ရှိပြီးရန်ကုန်မြို့နှင့်(၂၈)မိုင်ခန့်အကွာတွင်တည်ရှိပါသည်။ယခင်နာဂစ်အလွန်မှစ၍ကျေးရွာအကျိုးပြုလုပ်ငန်း (Community Project ) ပြုလုပ်သည့် ကျေးရွာဖြစ်ပြီး ယခုအခါ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိပါသည်။ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များလာရောက်လည်ပတ်နေကြပြီးကျေးရွာအတွင်းဝါးခြင်းငယ်များယက်လုပ်ခြင်း၊အိမ်တွင်းအပ်ချုပ်လုပ်ငန်းနှင့်တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း( Mingalar Bio Garden စိုက်ပျိုးရေးဥယျာဉ်တည်ရှိခြင်း)တို့ကိုတွေ့မြင်လေ့လာလည်ပတ်နိုင်ပါသည်။ကျိုက်သလဲကျေးရွာCBTသည်လည်းကျေးရွာနေပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ Activites CBT Site တွင်လုပ်ဆောင်နိုင်သော activity များကျေးရွာသူ/သား...
Continue Reading
ထိုင်းနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် ဘွဲ့လွန်ဘာသာရပ်များသင်ကြားရန် EFS(Graduate Scholarship Program for Excellent Foreign Students), Thammasat University, Sirindhorn International Institute of Technology (SIIT) ပညာသင်ဆုများသို့ ဤ၀န်ကြီးဌာနမှ အရည်အချင်းပြည့်မီသူ ၀န်ထမ်းများ အနေဖြင့် http://www.sitt.tu.ac.th Website သို့ ဝင်ရောက်ကြည့်ရှု လျှောက် ထားနိုင်ပါကြောင်း အကြောင်းကြားလာပါသဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ စိတ်ပါ ဝင်စားသူ ဝန်ထမ်းများ သည်မိမိတို့၏ဌာနအကြီးအကဲထံတင်ပြ၍ ဝင်ရောက်လျှောက်ထားနိုင်ရေးအတွက် သိရှိနိုင်ပါရန် ဖော်ပြ အပ်ပါသည်။    
Continue Reading
နေပြည်တော်၊ ဧပြီလ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာနမှ နိုင်ငံပိုင် ဟိုတယ်များအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းထားရှိရာ ယနေ့အချိန်တွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာ၌ COVID-19 Virus ရောဂါကူးစက်မှု ကျယ်ပြန့်များပြား လာခြင်း ကြောင့် မြန်မာနိုင်ငံရှိဟိုတယ်များတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက် တည်းခိုခြင်းမရှိဘဲ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရ ကြောင်း တွေ့ရှိရ သဖြင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရန်အတွက် နိုင်ငံပိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်သူများမှ ဌာနသို့ ပေးသွင်းရမည့် ဟိုတယ်၊ မြေ ငှားရမ်းခများကို ၂၀၂၀ ပြည့်နှစ် ၊ ဧပြီလ(၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ (၆)လ ရွေ့ဆိုင်းပေးသွင်း ခွင့်ပြုကြောင်း သိရှိရပါသည်။
Continue Reading
နေပြည်တော် ၊ ဧပြီလ (၂၁) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ရောဂါဖြစ်ပွားရာနိုင်ငံများမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက် လာခဲ့သူများထံမှတဆင့် မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်မှု များ ရှိခဲ့သဖြင့် ခရီးသွား လာမှုဆိုင်ရာ ယာယီကန့်သတ်ခြင်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ဝင်ရောက် ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်ကို (၂၉-၃-၂၀၂၀) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ၃။ ယခုအခါ...
Continue Reading
နေပြည်တော်၊ ဧပြီလ ၁၅ ရက် ၁။       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင် ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင် အသစ်လဲလှယ်ကြေးများကို ကောက်ခံလျက်ရှိပါသည်။ ၃။       နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေသဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ၁-၄-၂၀၂၀ ရက်နေ့မှ ၃၁-၃-၂၀၂၁ ရက်နေ့ ကာလအထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြု...
Continue Reading
1 2