Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

COVID-19 အလွန်ကာလ ကယားပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရန်၊ Regional Tourism Master Plan ရေးဆွဲနိုင်ရန်နှင့် Enchanting Myanmar Health and safety protocol အစီအစဉ်များအား ရှင်းလင်းတင်ပြသည့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၄) ရက်           COVID-19 အလွန်ကာလတွင် ကယားပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန်၊ Regional Tourism Master Plan ရေးဆွဲ နိုင်ရန်နှင့် Enchanting Myanmar Health and safety protocol အစီအစဉ်များအား ရှင်းလင်း တင်ပြသည့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်ရုံးက ဦးဆောင်၍ (၄.၁၂.၂၀၂၀) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံး (ပြည်နယ်တာဝန်ခံ)၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းပုဂ္ဂလိကကော်မတီဝင်များ၊ လွိုင်ကော်ခရိုင် DMO အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ကယားပြည်နယ်၊ ဟိုတယ်/ခရီး ပြည်နယ်တာဝန်ခံက အဖွင့်အမှာ စကားပြောကြားရာ၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 အလွန်ကာလ တွင် ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရန် Myanmar Tourism Strategic Recovery Roadmap (2020-2025) ကိုရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ ကယားပြည်နယ် အနေဖြင့်  COVID-19 အလွန်ကာလတွင် ပြည်နယ်၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသနှင့် ကိုက်ညီသည့် Regional Tourism Master Plan ကိုရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပါ သဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ရေးဆွဲရာတွင်  Myanmar Tourism Strategic Recovery Roadmap (2020-2025) နှင့်ကိုက်ညီအောင် ရေးဆွဲဆောင်ရွက်ရမည်ဖြစ်သဖြင့် အစည်းအဝေး တက်ရောက်လာသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊  လွိုင်ကော်ရုံးအနေဖြင့် Regional Tourism Master Plan နှင့် Action Plan မူကြမ်း ရေးဆွဲထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကာလအလွန်တွင် လက်ရှိရေးဆွဲ ဆောင်ရွက်ထားသည့် Regional Tourism Master Plan နှင့် MSTRR တို့အား ပြန်လည်ညှိနှိုင်းပြီး မိမိတို့ ပြည်နယ်အတွက် ကောင်းမွန်သည့် ခရီးသွား Master Plan တစ်ရပ်ကို ထူထောင် သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနမှ Enchanting Myanmar Health and Safety Protocol အစီအစဉ် ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါအစီအစဉ်တွင် ပါဝင်သည့် အဆင့် (၃)ဆင့်အနက် ပထမအဆင့် ဖြစ်သည့် (Regional Level) နှင့်ပတ်သက်၍ လည်းကောင်း၊ National နှင့် International အဆင့်များတွင် ဆက်လက်ဆောင်ရွက်သွားရမည့် အချက်များအားလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။