Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ သြဂုတ်လ (၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ၏ ကြီးကြပ်မှု ဆက်စပ်ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှု ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၏  ပူးပေါင်းပါဝင်မှုတို့ဖြင့် (၁.၈.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံမြို့ဟောင်း (B.I.T.C)  ဘုတ်ကျောင်းသင်တန်းခန်းမတွင် Covid-19  Relief Package 1  ခရီးသွားလုပ်ငန်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ပုဂံ-ညောင်ဦး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ပုဂံဧည့်လမ်းညွှန်များအသင်းမှ နည်းပြဆရာများ၊ သင်တန်းသား/ သူများ ၊ စုစုပေါင်း (၆၁) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် ပုဂံ-ညောင်ဦး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ Covid-19  Relief Package 1  ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို ခရီးသွားလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက် ဆက်စပ် လျှက်ရှိသော ပုဂံဧည့်လမ်းညွှန်များ အသင်းမှ ဝါရင့်ဧည့်လမ်းညွှန်ဆရာများမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ စက်လှေမောင်းသူများ အသင်း(ပုဂံဇုန်)နှင့် မြင်းလှည်းမောင်းနှင်သူများအသင်း (ပုဂံဇုန်)တို့မှ ရွေးချယ်ပေးသည့် စက်လှမောင်းနှင်သူ (၁၀) ဦးနှင့် မြင်းလှည်းမောင်းနှင်သူ (၁၀) ဦးတို့အား အဓိက ထားသင်ကြားပို့ချ သွားမည်ဖြစ်ပြီး၊ သင်တန်းသားများကို တစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခလစာဖြစ်သည့် (၄၈ဝဝိ/-)   နှုန်းဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ယင်းခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို သြဂုတ်လ (၁)ရက်နေ့မှ စတင်ကာ (၁) ပတ်လျှင် စနေ/တနင်္ဂနွေ (၄)ပတ် (၈)ရက်ကြာ သင်တန်း ပို့ချသွားမည်ဖြစ်ပြီး ၊ သြဂုတ်လ ပထမ အပတ်အတွင်း Covid-19  Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ) သင်တန်းကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။