Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

COVID-19 Relief Package 1, ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်လှစ်ခြင်း

နေပြည်တော်၊ ဩဂုတ်လ (၄) ရက်   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော COVID-19 Relief Package 1, ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို (၁-၈-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာ ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလနှင့် အလွန်ကာလများတွင် ခရီးသွားလုပ်ငန်းအား ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် စတင်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်မှု ရှိသူများအား ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ အကုန်အကျခံကာ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့်လည်း ထိထိရောက်ရောက်အကျိုးရှိစွာ ကြိုးစားသင်ယူကြရန်နှင့် ခရီးသွားလုပ်ငန်း ပြန်လည် စတင်ချိန်တွင် မိမိတို့၏ကျွမ်းကျင်မှုတိုးတက်ရေး၊ အကျိုးရှိစွာ အသုံးချနိုင်ရေးရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်နယ်ပယ်မှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။