ထားဝယ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တောင်ဘက် ပိုင်းတွင်တည်ရှိပါသည်။ ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ဧရိယာ ၄၂၆၈.၃ ကီလိုမီတာ ကျယ်ဝန်းပါ သည်။ ယခင်က မြန်မာနိုင်ငံတွင် အရေးပါသည့် ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ပါသည်။ သစ်သားဖြင့် ဆောက်လုပ်သော ကိုလိုနီခေတ်အဆောက်အအုံများ၊ သက်ငယ်အမိုးဖြင့် တစ်ထပ်အိမ် များ၊ အုတ်နှင့်အင်္ဂတေအိမ်များရှိပါသည်။ ထားဝယ်မြို့တွင် ကျွန်းများ၊ ထင်ရှားသောသမိုင်းဝင် ဘုရားများ ရှိပါသည်။
ထားဝယ်မြို့၏ ကြည်ညိုဖွယ်ရာ ဘုရားတစ်ဆူဖြစ်သော ရှင်မုထီဘုရားသည် ထားဝယ်မြို့သို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအတွက် မဖြစ်မနေ လည်ပတ်ဖူးမျှော်သင့် သည့် နေရာဒေသတစ်ခုဖြစ်ပါသည်။ ထိုဘုရားအား လွန်ခဲ့သော နှစ်ပေါင်း (၆၀၀) က တည်ထား ကိုးကွယ်ခဲ့ကြသည်ဟု ဒေသခံများက ယုံကြည်သက်ဝင်ကြပြီး ယနေ့အချိန်ထိ ကိုးကွယ်ယုံကြည်ဆဲ ဖြစ်ပါသည်။ အဆိုပါရှင်မုထီဘုရားသည် ထားဝယ်မြို့၏ တောင်ဘက်ကီလိုမီတာ အနည်းငယ် အကွာတွင် တည်ထားပါသည်။
ရွှေသာလျောင်းတော်မှုဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ထားဝယ်မြို့၏အစွန်၊ ကမ်းနားဈေးမှ (၅)ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ ထိုရုပ်ပွားတော်မြတ်ကြီးအား ၁၉၃၁ ခုနှစ်က တည်ထား ခဲ့ပြီး ထိုရုပ်ပွားတော်မြတ်ကြီး၏အလျားမှာ (၇၄)မီတာ ရှည်လျားပြီး ဉာဏ်တော်မှာ (၂၁)မီတာ မြင့်မားပါသည်။ ၎င်းရွှေသာလျောင်းတော်မှုဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ထားဝယ်မြို့၏ ထင်ရှား ကျော်ကြားသော ခရီးသွားဆွဲဆောင်သည့် နေရာဒေသများမှ တစ်ခုဖြစ်ပါသည်။
မောင်းမကန်ကမ်းခြေသည် ကမ်းခြေ၏တစ်ဖက်တွင် တောင်တန်းကြီးများနှင့် တစ်ဖက်တွင် ပင်လယ်တည်ရှိသော လှပရှုမောဖွယ်ကောင်းသော ကမ်းခြေဒေသတစ်ခုဖြစ်ပါသည်။ မောင်းမကန် ကမ်းခြေသည် ထားဝယ်မြို့မှ (၁၉) ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ မောင်းမကန်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ကမ်းခြေမှ နာရီဝက်ခန့် လမ်းလျှောက် ကာ ကမ်းစပ်တွင် လှေငယ်လေးများကို မေးတင်ထားသည့် ချစ်စရာကောင်းသော တံငါရွာလေး များသို့ လာရောက် လည်ပတ်လေ့လာနိုင်မည်ဖြစ်ပါသည်။