ဒီဇင်ဘာ (၂၅) ရက်
မြန်မာနိုင်ငံတဝှမ်း ဒေသအလိုက် ကျင်းပကြပါသည်။
ပွဲတော်တွင် အရေးပါသည့် ခရစ်စမတ် သစ်ပင်ကိုလည်း ရောင်စုံမီးပွင့်များဖြင့် လှပစွာအဆန်းတကြယ် တန်ဆာဆင်ကြပြီး အမှတ်တရ လက်ဆောင်များကိုလည်း ကလေးများအကြိုက်အပြိုင်အဆိုင် ပြင်ဆင်ထားရပါသည်။ ခရစ်စမတ် အချိန်ဟာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေ ပြန်လည်ဆုံကြတဲ့ ပွဲတော်လည်း ဖြစ်သည်။
ခရစ်စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပကြပြီး ခရစ်စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေးပွဲတော်သက်သက်အဖြစ်မှ တဖြည်းဖြည်းပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များပါဝင်သော ပွဲတော်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် နိုင်ငံအသီးသီး၌ ခရစ် စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြ သည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲစားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ်စမတ် သစ်ပင်ကိုလည်း ရောင်စုံမီးပွင့်များဖြင့် လှပစွာအဆန်းတကြယ် တန်ဆာဆင်ကြပြီး အမှတ်တရ လက်ဆောင်များကိုလည်း ကလေးများအကြိုက်အပြိုင်အဆိုင် ပြင်ဆင်ထားရပါသည်။ ခရစ်စမတ် အချိန်ဟာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေ ပြန်လည်ဆုံကြတဲ့ ပွဲတော်လည်း ဖြစ်သည်။