ဒီဇင်ဘာလအတွင်း
ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်
ပန်းပွဲတော်တွင် ခရီးသွားဧည့်သည်များ ရှုမငြီးဖွယ်ကြည့်ရှုနိုင်မည့် ပန်းအလှခင်းကျင်းပြသမှုများအပြင် ပွဲတော်တွင် ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ ဂီတအနုပညာ ဖျော်ဖြေပွဲများ၊ ရိုးရာအကအလှများ၊ ရိုးရာအစားအစာများနှင့် လက်မှုပညာပြပွဲများကိုလည်း ပြသလေ့ရှိပါသည်။
ပြင်ဦးလွင်မြို့ရှိ အထင်ရှားဆုံးနေရာများထဲမှ တစ်ခုဖြစ်သည့် အမျိုးသား ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်တွင် နှစ်စဉ် ဒီဇင်ဘာလအတွင်း ပန်းပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ အဆိုပါ ပန်းပွဲတော်တွင် ခရီးသွားဧည့်သည်များ ရှုမငြီးဖွယ် ကြည့်ရှုနိုင်မည့် ပန်းအလှခင်းကျင်းပြသမှုများအပြင် ပွဲတော်တွင် ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ ဂီတ အနုပညာ ဖျော်ဖြေပွဲများ၊ ရိုးရာအကအလှများ၊ ရိုးရာအစားအစာများနှင့် လက်မှုပညာပြပွဲများကိုလည်း ပြသလေ့ရှိပါသည်။ ပြင်ဦးလွင်ပန်းပွဲတော်ကို ရက်သတ္တပတ် အနည်းငယ်ကြာ ကျင်းပလေ့ရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လှပတင့်တယ်မှုကို ကောင်းစွာပေါင်းစပ်ထားသည့် ပွဲတော်တစ်ခုဖြစ်၍ ပြည်တွင်းသာမက ပြည်ပခရီးသွားဧည့်သည်များပါ စိတ်ပါဝင်စားသည့် ပွဲတော်တစ်ခုဖြစ်ပါသည်။