စိမ်းလန်းစိုပြေသော ထင်းရှူးပင်များနှင့်ဖွဲ့စည်းထားသော မထိမတွေ့ရသေးသော သစ်တော များ၏ နှစ်လိုဖွယ်ရှုခင်းများနှင့် အဆိုပါဒေသတွင် ထိန်းသိမ်းထားရှိသော ငှက်မျိုးစိတ်များကို နှစ်သက်သဘောကျစွာခံစားနိုင်ပါသည်။မြန်မာနိုင်ငံ၏အကြီးဆုံးဖြစ်သော အလောင်းတော် ကဿပအမျိုးသားဥယျာဉ်တွင် ခရီးသွားဧည့်သည်များသည် ဒေသခံပြည်သူများ၏ ဗုဒ္ဓ ဘာသာကိုးကွယ်မှုဓလေ့များကို တွေ့မြင်ရခြင်းဖြင့် ဘာသာရေးအရ ကိုးကွယ်ရာ နေရာများ ကိုလည်း လေ့လာနိုင်ပါသည်။
တည်နေရာ
ယင်းမာပင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
အကျယ်အဝန်း
၆၂၀.၃၅ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-မန္တလေး (တစ်နာရီကြာ-လေယာဉ်ဖြင့်)
မန္တလေး- အလောင်းတော်ကဿပ (ကားဖြင့် ၂၃၈ ကီလိုမီတာ)
အဆိုပါ ချပ်သင်းဘေးမဲ့တောတွင် ကျေးအင်း၏အလှအပနှင့် တမူထူးခြားသော သစ်တော များကို ကြည့်ရှု့လေ့လာခြင်းဖြင့် ကြည်နူးစရာကောင်းသော အတွေ့အကြုံများကို ရရှိခံစား နိုင်ပါသည်။ထို့ပြင် ခေတ်မီနည်းပညာများကို အသုံးပြုပြီး တောရိုင်းတိရစ္ဆာန် သုတေသန ပြုလုပ်ပြီး အဆိုပါနေရာကို အဓိကသုတေသနနေရာတစ်ခုဖြစ်စေရေး ဆောင်ရွက်နေပါ သည်။ ၎င်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော ဆေးဖက်ဝင်အပင်များနှင့် သတင်းအချက် အလက်များကို ထိန်းသိမ်းပြသထားသော ပြတိုက်တစ်ခုလည်းရှိပါသည်။
တည်နေရာ
ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
အကျယ်အဝန်း
၁၀၃.၅၅ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-မန္တလေး-ချပ်သင်း (၅၁၇ မိုင် -ရထားဖြင့်)
ရန်ကုန်-မန္တလေး-ချပ်သင်း (၅၆၀ မိုင် -ကားဖြင့်)
အဆိုပါဒေသတွင် အမျိုးမျိုးသော သစ်ပင်ပန်းမန်များအပါအဝင် ကျား၊ဆင် စသည့် တောရိုင်း တိရစ္ဆာန်များကိုပါ ရှာဖွေတွေ့ရှိနိုင်သည်။၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး သစ်တော ထိန်းသိမ်းရေးဒေသ – ကျားထိန်းသိမ်းရေးစခန်းအဖြစ် ကျော်ကြားသည်။ ထို့အပြင် ၎င်းတို့၏ သဘာဝအလေ့အထများကို ချောင်းတွင်းလှေစီးပြီး လေ့လာ နိုင်ပါ သည်။
တည်နေရာ
တနိုင်းမြို့နယ်၊ ကချင်ပြည်နယ်
အကျယ်အဝန်း
၂,၄၉၄ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-မြစ်ကြီးနား ( နှစ်နာရီကြာ- လေယာဉ်ဖြင့်)
မြစ်ကြီးနား-တနိုင်း (၁၉၃ ကီလိုမီတာ- ကားဖြင့်)
ရေခဲတောင်များ၏ ရင်သက်ရှုမောဖွယ်ရာ အလှအပများနှင့် ထင်းရှူးတောများသည် ခရီးသွားဧည့်သည်များကို ဘေးမဲ့တောသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်နေပါသည်။ အစိမ်းရောင်သစ်တောများဝန်းရံထားသော ပတ်ဝန်းကျင်ဒေသတွင် လှေစီးခြင်းနှင့် တောင်တက်ခြင်း စသည့် စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံများနှင့် တစ်နေ့တာကို အကျိုးရှိစွာ ကုန်ဆုံးစေပါသည်။
တည်နေရာ
ပူတာအိုမြို့နယ်၊ကချင်ပြည်နယ်
လမ်းကြောင်း
ရန်ကုန်-မြစ်ကြီးနား (နှစ်နာရီကြာ- လေယာဉ်ဖြင့်)
မြစ်ကြီးနား-ပူတာအို(နှစ်ဆယ့်ငါးမိနစ်ကြာ- လေယာဉ်ဖြင့်)
ပူတာအို-ရှိန်းခေါင်ရွာ(၂၀ မိုင်-ကားဖြင့်)
ရှိန်းခေါင်ရွာ- ဖုန်ကန်ရာဇီတောင် (သုံးရက်)
ခရီးသည်များအနေဖြင့် သစ်ပင်များနှင့်တောရိုင်းတိရစ္ဆာန်များမျိုးစိတ်အသစ်များကို ရှာဖွေ တွေ့ရှိနိုင်ပါသည်။ဘေးမဲ့တော၏ရင်သက်ရှုမောဖွယ် လှပသောရှုခင်းများကို ခံစားရင်း ရေခဲ တောင်တက်ခြင်း အတွေ့အကြုံကို ခံစားနိုင်ပါသည်။ခါကာဘိုရာဇီတောင်သည် ဟိမဝန္တာ တောင်တန်းနှင့်တစ်ဆက်တည်းဖြစ်ပြီး ၅,၈၈၁ မီတာမြင့်သည်။အဆိုပါဘေးမဲ့တောရှိ သစ်တောများသည် သဘာဝကို ချစ်မြတ်နိုးသော ခရီးသွားဧည့်သည်များကို ဆွဲဆောင် နေပြီး ၎င်းတို့အတွက် သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါသည်။
တည်နေရာ
နောင်မောင်းမြို့နယ်၊ ကချင်ပြည်နယ်
အကျယ်အဝန်း
၁,၄၇၂ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-မြစ်ကြီးနား (နှစ်နာရီကြာ- လေယာဉ်ဖြင့်)
မြစ်ကြီးနား-ပူတာအို(နှစ်ဆယ့်ငါးမိနစ်ကြာ- လေယာဉ်ဖြင့်)
ပူတာအို-နောင်မောင်း(သုံးဆယ့်ငါးမိနစ်ကြာ-ကားဖြင့်)
အမျိုးမျိုးသော အပင်နှင့် တောရိုင်းတိရစ္ဆာန်တို့၏ကွဲပြားခြားနားမှုများကို တွေ့ရှိနိုင်ပြီး ရှမ်း တိုင်းရင်းသားများနှင့်မြန်မာတို့အကြား သမိုင်းကြောင်းရာဇဝင်များစွာရှိသော ဒေသ တစ်ခု ဖြစ်ပါသည်။၎င်းတွင် အမျိုးမျိုးသော လင်းနို့မျိုးစိတ်များကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါ သည်။ပန်းလောင်ချောင်းငယ်အတိုင်း တောင်တက်ခြင်း၊ ရွက်ဖျင်တဲများဖြင့် အပျော်ခရီး ထွက်ခြင်းတို့ကို လုပ်နိုင်ပါသည်။အထူးသဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော ထုံး ကျောက် လှိုဏ်ဂူများကြောင့် အဆိုပါဒေသသည် ခရီးသွားဧည့်သည်များ မဖြစ်မနေ သွားရောက် လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါသည်။
တည်နေရာ
ရွာငံမြို့နယ်၊ရှမ်းပြည်နယ်
အကျယ်အဝန်း
၁၂၈.၈၈ စတုရန်းမိုင်
လမ်းကြောင်း
ဟဲဟိုး-ရွာငံ(ခြောက်ဆယ်မိနစ်ကြာ-ကားဖြင့်)
မန္တလေး-ကင်းတားဆည်(ခြောက်ဆယ်မိုင်-ကားဖြင့်)
ကင်းတားဆည်-ပြဒါးလင်းဂူ(သုံးမိုင်- ရေလမ်းကြောင်းဖြင့်)
သဘာဝသစ်သီးဝလံများ၊စိမ်းလန်းသော သစ်ပင်များ၊ငှက်များ၊ ရေချိုနေသတ္တဝါများ အပြင် အခြားသောသစ်ပင်ပန်းမန်များနှင့် ပြည့်စုံနေသော ဂေဟစနစ်ရှိသော သဘာဝအခြေခံ ခရီးသွားနေရာဒေသတစ်ခုအဖြစ်ထင်ရှားကျော်ကြားပါသည်။ခရီးသွားပြည်သူများသည် ရှားပါးသော ရေနေသတ္တဝါမျိုးစိတ်များနှင့်ငှက်များသာမကာ ဒေသခံလယ်သမားများ၏ ရေပေါ်စိုက်ခင်းများကိုလည်း စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါသည်။
တည်နေရာ
ညောင်ရွှေမြို့နယ်၊ရှမ်းပြည်နယ်
အကျယ်အဝန်း
၂၄၈ စတုရန်းမိုင်
လမ်းကြောင်း
ဟဲဟိုး-ညောင်ရွှေ (၃၀ ကီလိုမီတာ- ကားဖြင့်)
ရန်ကုန်- ဟဲဟိုး (တစ်နာရီကြာ-လေယာဉ်ဖြင့်)
၎င်းအမျိုးသားဥယျာဉ်တွင် အမျိုးမျိုးသော လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ပြီး သာယာလှပ သော ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်း၊ တောင်တက်ခြင်းနှင့် ရှားပါးသစ်ခွမျိုးစိတ်များ အား လေ့လာခြင်းတို့ဖြင့် အပန်းဖြေအနားယူနိုင်သည်။၎င်းဒေသသည် အာဆီယံ အမွေ အနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံထားရသည်။
တည်နေရာ
ကန်ပက်လက်မြို့၊ချင်းပြည်နယ်
အကျယ်အဝန်း
၂၇၉ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်- ညောင်ဦး(တစ်နာရီကြာ-လေယာဉ်ဖြင့်)
ညောင်ဦး- ကန်ပက်လက်(၁၀၃ မိုင်-ကားဖြင့်)
ရေပေါ်ငှက်များနှင့်ဆောင်းခိုငှက်များ၏ ရွှေ့ပြောင်းသွားလာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဘေးမဲ့တောသည် ရှားပါးငှက်မျိုးစိတ် များ၏ အဓိကနေရာတစ်ခုဖြစ်သောကြောင့်ပင် ဖြစ်သည်။၎င်းသည် မြစ်ကမ်းနားရှိ ဂေဟ စနစ်ကို လေ့လာရန် အကောင်းဆုံးနေရာလည်းဖြစ်ပါသည်။
တည်နေရာ
စလင်းမြို့နယ်၊မကွေးတိုင်းဒေသကြီး
အကျယ်အဝန်း
၁.၇ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-ပြည်-ရွှေစက်တော်(၃၁၇ မိုင်အကွာအဝေး)
ရန်ကုန်-မကွေး-ရွှေစက်တော်(၃၆၄ မိုင်အကွာအဝေး)
ရွှေစက်တော်-စလင်း(၄၀ မိုင်အကွာအဝေး)
အဆိုပါ ဘေးမဲ့ဒေသသည် သုသေသနများအများဆုံးကို လက်ခံပြုလုပ်သည့် ဘေးမဲ့ဒေသ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ထင်ရှားသော ရွှေသမင်များရှိရာ နေရာလည်း ဖြစ်ပါသည်။ ၎င်းဒေသရှိ ငှက်များနှင့် တောရိုင်းတိရစ္ဆာန်များသည် ခရီးသည်များအတွက် စိတ်ဝင်စား ဖွယ် ဆွဲဆောင်မှုများဖြစ်နေပါသည်။ ထို့အပြင် ဒေသခံများနှင့် တွေ့ဆုံရသည် အတွေ့အကြုံများ အပြင် မြတ်စွာဘုရား၏ ခြေတော်ရာကိုလည်း ဖူးမြော်နိုင်ပါသည်။
တည်နေရာ
မင်းဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး
အကျယ်အဝန်း
၁၇၉ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-ပြည်-ရွှေစက်တော်(၃၁၇ မိုင်-ကားဖြင့်)
ရန်ကုန်-မကွေး-ရွှေစက်တော်(၃၆၄ မိုင်-ကားဖြင့်)
လောကနန္ဒာဘေးမဲ့တော၏ အပူပိုင်းသစ်တောများအတွင်း ရှာဖွေတွေ့ရှိသော အပင်မျိုး စိတ်များနှင့် ငှက်ကို လေ့လာခြင်းဖြင့် အပန်းဖြေနိုင်သည်။ထို့အပြင် ရွှေသမင်များ၊ ဒေါင်း များ၊ ကြိုးကြာများနှင့်လိပ်များကိုလည်း တွေ့ရှိနိုင်ပါသေးသည်။
တည်နေရာ
ညောင်ဦးမြို့နယ်၊မန္တလေးတိုင်းဒေသကြီး
အကျယ်အဝန်း
၁၈ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-ညောင်ဦး (တစ်နာရီကြာ-လေယာဉ်ဖြင့်)
ရန်ကုန်-ညောင်ဦး (၄၃၅ မိုင်-ကားဖြင့်)
မြန်မာနိုင်ငံ၏အပူပိုင်းဒေသရှိ အိုအေစစ်တစ်ခုဖြစ်သည့်အပြင် လှပသောရှုခင်းများနှင့် ထူးခြားသော အတွေ့အကြုံရရှိခံစားနိုင်ပါသည်။ခရီးသည်များသည် ရှားပါးငှက်များနှင့် မျောက်များအပြင် ဆေးဖက်ဝင်အပင်များ၊စန္ဒကူးအပင်များကိုလည်း ဤဒေသတွင် တွေ့ရှိနိုင် ပါသည်။ပုပ္ပါးတောင်သည် နှစ်ပေါင်းများစွာကြာ တည်ရှိခဲ့သော မီးငြိမ်းတောင် တစ်ခု ဖြစ်ပါသည်။
တည်နေရာ
ကျောက်ပန်းတောင်းမြို့နယ်၊ညောင်ဦးခရိုင်၊ မန္တလေးတိုင်းဒေသကြီး
အကျယ်အဝန်း
၆၇.၉၇ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-ကျောက်ပန်းတောင်း(၄၁၀ မိုင်-ကားဖြင့်)
ရန်ကုန်-ညောင်ဦး (တစ်နာရီကြာ-လေယာဉ်ဖြင့်)
ညောင်ဦး-ပုပ္ပါး(၃၀ မိုင်-ကားဖြင့်)
များပြားလှသော လမုတောများ တည်ရှိရာ နေရာတစ်ခုဖြစ်ပါသည်။မိကျောင်းများနှင့် ရေနေသတ္တဝါများ၏အလေ့အထများအပြင် ရာသီအလိုက် ပြောင်းရွေ့သွားလာနေသော ငှက်များ၏ နားခိုရာနေရာအဖြစ်လည်း တွေ့ရှိနိုင်ပါသည်။
တည်နေရာ
ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
အကျယ်အဝန်း
၅၂.၇၈ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-ဘိုကလေး – မိန်းမလှကျွန်း (၈၇ မိုင်-ရေကြောင်း)
ရန်ကုန်-ဘိုကလေး (၈၄ မိုင်-ကားဖြင့်)
ဘိုကလေး – မိန်းမလှကျွန်း (၁၂ မိုင်-ရေကြောင်း)
လမုတောများကို တွေ့ရှိနိုင်ပြီး လမုပင်များ၊ငှက်မျိုးစိတ်များ၊တွားသွားသတ္တဝါများနှင့် နို့တိုက်သတ္တဝါများစွာပါရှိသော ဂေဟစနစ်တစ်ခုရှိပါသည်။ ထို့အပြင် လိပ်များ၏ ဥဥပုံနှင့် ၎င်းတို့၏သဘာဝအလေ့အထများကိုလည်း လေ့လာတွေ့ရှိနိုင်ပါသည်။
တည်နေရာ
ငပုတောမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
အကျယ်အဝန်း
၈၈ ဟက်တာ(ဝ.၉ စတုရန်းကီလိုမီတာ)
လမ်းကြောင်း
ရန်ကုန်-ပုသိမ်(၁၂၀ မိုင်- ကားဖြင့်)
ပုသိမ်- ငပုတော(၂၁ မိုင်- ကားဖြင့်)
ငပုတော- ဟိုင်းကြီးကျွန်း(၄၀ မိုင်- ရေလမ်း)
ဆင်များ၏အလေ့အထများနှင့် တစ်နေ့တာလှုပ်ရှားမှုများကို လေ့လာခြင်းဖြင့် ခရီးသည်များ အတွက် အပန်းပြေမှုကို ရရှိစေပါသည်။ထို့အပြင် ယဉ်ကျေးသော ဆင်များအား အစာကျွေး ခြင်း၊စီးနင်းခြင်းတို့ကိုလည်းပြုလုပ်နိုင်ပါသေးသည်။
တည်နေရာ
ရေတာရှည်မြို့နယ်၊ပဲခူးတိုင်းဒေသကြီး
အကျယ်အဝန်း
၂၀ ဧက
လမ်းကြောင်း
ရန်ကုန်-ဖိုးကျား (၁၇၀ မိုင်-ကားဖြင့်)
၎င်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရွှေ့ပြောင်းငှက်များ၏ ဌာနတစ်ခုဖြစ်ပြီး ခရီးသည် များသည် ငှက်များ၏ ဓလေ့စရိုက်များနှင့် အပြုအမူများကို လေ့လာနိုင်ပါသည်။ အဆိုပါ ဒေသကို စိမ်းလန်းသော သစ်ပင်များ လွှမ်းခြုံထားပြီး တောရိုင်းတိရစ္ဆာန်များလည်း ပေါများ သောကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် သဘာဝအလှတရားများကို သဘာဝ အတိုင်း တွေ့ရှိနိုင်ပါသည်။
တည်နေရာ
ဝေါမြို့နယ်၊ပဲခူးတိုင်းဒေသကြီး
အကျယ်အဝန်း
၄၀ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-မိုးယွန်းကြီး (၆၉ မိုင်-ကားဖြင့်)
ရန်ကုန်-လှော်ကား (၃၀ ကီလိုမီတာ-ကားဖြင့်)
လှော်ကားဥယျာဉ်တွင် သဘာဝအတိုင်းလွှတ်ထားသော သမင်များ၊မျောက်များနှင့် ဆင်များ တို့ကို တွေ့မြင်နိုင်ပါသည်။ခရီးသွားပြည်သူများအနေဖြင့် သဘာဝအတိုင်း ထိန်းသိမ်းထား သော ဥယျာဉ်တွင် ကြည်နူးဖွယ် လာရောက်လေ့လာကြည့်ရှုခြင်းဖြင့် မိသားစုနှင့် ပျော်ရွှင် ဖွယ်အားလပ်ရက်များကို ကုန်ဆုံးနိုင်ပါသည်။
တည်နေရာ
မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး
အကျယ်အဝန်း
၅၄၀ ဧက
လမ်းကြောင်း
ရန်ကုန်-လှော်ကား(၂၂ မိုင်-ကားဖြင့်)
မြန်မာနိုင်ငံတွင် ပထမဆုံးသဘာဝအခြေခံခရီးသွားဒေသတစ်ခုဖြစ်ပြီး ခရီးသည်များ အနေဖြင့် လှေစီးခြင်း၊ မော်တော်ဘုတ်စီးခြင်း၊ စက်ဘီးစီးခြင်းတို့အပြင် သဘာဝနှင့် ဆက်စပ်သော အတွေ့အကြုံများကို ခံစားရရှိနိုင်ပါသည်။သစ်ပင်ပန်းမန်မျိုးစုံပါဝင်သော သဘာဝဂေဟစနစ်ရှိသည့် နေရာတွင် ခရီးသည်များသည် တောင်တက်ပြီး ငှက်ကြည့်ခြင်း နှင့် အခြားတောရိုင်းတိရစ္ဆာန်တို့ကို လေ့လာခြင်းတို့ဖြင့် လည်ပတ်နိုင်ပါသည်။ဤကဲ့သို့ အလှအပများကို ခံစားပြီး ဒေသခံပြည်သူများနှင့် အပြန်အလှန်ဆက်သွယ်ခြင်းဖြင့် အတွေ့အကြုံကောင်းများကို ရရှိခံစားနိုင်ပါသည်။
Location
Moenyin Township, Kachin State
Area
299.32 square miles
Accessibility
Yangon-Myintkyina (2 hours by flight)
Myintkyina-Hopin (45 miles by car)
Hopin-Myintkyina (43 km by car)
ရွှေဆံတော်ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင်နှင့် ကျောက်တုံးကြီးပေါ်တွင် ဘုရားတည်ထားပုံ သည် အခြားဒေသနှင့်မတူညီသော ထူးခြားလှပမှုများကြောင့် ထင်ရှားကျော်ကြားသည်။ ကျိုက်ထီးရိုးတောင်တက်ခြင်းဖြင့် ငှက်ကြည့်ခြင်း၊ သစ်ခွပန်းများ လေ့လာခြင်း၊ တောင်တန်း ရှုခင်းများကို ကြည့်ရှုခြင်းတို့ကို ခံစားနိုင်သည်။ရသေ့တောင်စခန်းမှ တောင်ပေါ်သို့ ခြေလျင် တက်လာသောလမ်းခရီးတွင် တောင်ကျရေတံခွန်တို့ကိုလည်း တွေ့မြင်နိုင်ပါသည်။
တည်နေရာ
ကျိုက်ထိုမြို့နယ်၊မွန်ပြည်နယ်
အကျယ်အဝန်း
၆၀ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-ကျိုက်ထီးရိုး(၁၀၂ မိုင်-ကားဖြင့်)
နေပူစာလှုံခြင်း၊ရေကူးခြင်း၊ရေငုပ်ခြင်း ကဲ့သို့ ရေနှင့်သက်ဆိုင်သော လှုပ်ရှားမှုများကို နှစ်သက် ကြည်နူးစွာ ဆောင်ရွက်နိုင်ပါသည်။၎င်းဒေသတွင် နေထိုင်သော ဒေသခံလူမျိုးစု ဖြစ်သည့် ဆလုံ လူမျိုးများ၏ လူနေမှုပုံစံနှင့် ကိုးကွယ်ယုံကြည်မှုများသည်လည်း ဧည့်သည် များအတွက် ထူးခြား သော ဆွဲဆောင်မှုတစ်ခုဖြစ်နေပါသည်။ထို့အပြင် သန္တာကျောက်တန်း များ၊ ငှက်များနှင့် အခြား ရှားပါးတိရစ္ဆာန်မျိုးစိတ်များအပြင် လမုတောများ၏ အလှအပကို လည်း ရင်သတ်ရှုမောဖွယ် တွေ့ရှိနိုင်ပါသေးသည်။
တည်နေရာ
ဘုတ်ပြင်းမြို့နယ်၊တနင်္သာရီတိုင်းဒေသကြီး
အကျယ်အဝန်း
၉ စတုရန်းမိုင်
လမ်းကြောင်း
ရန်ကုန်-ကော့သောင်း(နှစ်နာရီကြာ-လေယာဉ်ဖြင့်)
ကော့သောင်း-လန်ပိ (ငါးနာရီ-သင်္ဘောဖြင့်)