Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ ပေါကြွယ်ဝလှသော မြန်မာနိုင်ငံ၏ ရင်ခုန်လှုပ်ရှားဖွယ် ရိုးရာပွဲတော်များကို ခံစားကြည့်ပါ။ ပွဲတော်တစ်ခုချင်းစီတိုင်းသည် ပျော်ရွှင်ဖွယ်၊ အောက်မေ့ဖွယ် ကောင်းလောက်အောင် ဒေသခံများက ပါဝင်ဆင်နွှဲလေ့ရှိကြပါသည်။ အလှူအတန်းပွဲများ၊ မီးထွန်းပွဲတော်များ၊ မီးပုံးပျံပွဲများနှင့် စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှုများပါဝင်နေသော မြန်မာ့ရိုးရာပွဲတော်များကို ပါဝင်ဆင်နွှဲကြည့်ရန် ဖိတ်ခေါ်ပါသည်။

ကိုကြီးကျော်နတ်ပွဲ

ကျင်းပသည့်ရက် -တပေါင်းလဆန်း(၃)ရက်နေ့မှ တပေါင်းလဆန်း(၁၀) ရက်နေ့အထိ

ကျင်းပသည့်နေရာ – ပခန်း၊ ရေစကြိုမြို့နယ်။

ကျင်းပသည့်ကာလ  – (၈) ရက်

 

ထမင်းနဲပွဲ

ကျင်းပသည့်ရက် – တပို့တွဲလပြည့်နေ့အထိကျင်းပ

ကျင်းပသည့်နေရာ  – တစ်နိုင်လုံး

ကျင်းပသည့်ကာလ – (၁) ရက်

 

မဟာမြတ်မုနိဘုရားပွဲ

ကျင်းပသည့်ရက် – တပို့တွဲလဆန်း(၁၄)ရက် နှင့် တပို့တွဲလပြည့်နေ့

ကျင်းပသည့်နေရာ – မန္တလေးတိုင်းဒေသကြီး

ကျင်းပသည့်ကာလ – (၂)ရက်

 

 

ကျိုက်ခေါက်ဘုရားပွဲတော်

ကျင်းပသည့်ရက် – တပို့တွဲလဆန်း(၈)ရက်မှလပြည့်နေ့အထိ

ကျင်းပသည့်နေရာ –  သန်လျင်၊ ရန်ကုန်အနီး

ကျင်းပသည့်ကာလ  –  (၈) ရက် 

မန်းရွှေစက်တော်ဘုရားပွဲတော်

ကျင်းပသည့်ရက် – တပို့တွဲလဆန်း(၅)ရက်မှစတင်

ကျင်းပသည့်နေရာ – ရွှေစက်တော်၊မကွေးတိုင်းဒေသကြီး၊မြန်မာနိုင်ငံအလယ်ပိုင်း

ကျင်းပသည့်ကာလ – (၁၁) ရက်