Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

First ASEAN- China “Friendship and Cooperation” Short Video Contest အတွက် ယှဉ်ပြိုင်လိုသည့် အဆိုပြုလွှာများ ခေါ်ယူ

နေပြည်တော်၊ ဇူလိုင်လ (၂၃) ရက် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်သည့် First ASEAN- China “Friendship and Cooperation” Short Video ပြိုင်ပွဲသို့ ဗီဒီယိုထုတ်လုပ်သူများ၊ လူမှုကွန်ယက်မီဒီယာများ၊ ဘလော့ကာများ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့မှ စိတ်ပါဝင်စားသူများ အဆိုပြုလျှောက်ထားနိုင်ကြောင်း သိရသည်။ ပြိုင်ပွဲ၏ theme မှာ “Friendship and Cooperation” ဖြစ်ပြီး “၅” မိနစ်စာ Video Clip တွင် မည်သည့်ဘာသာစကားမဆို အသုံးပြုနိုင်သော်လည်း အင်္ဂလိပ် (သို့မဟုတ်) တရုတ်ဘာသာဖြင့်သာ စာတမ်းထိုးဖော်ပြရမည်ဖြစ်ပါသည်။ အဆိုပါ Video Clip ကို ၃၀-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ရွေးချယ်သတ်မှတ်သွားမည် ဖြစ်ရာ အဆိုပြုလျှောက်ထားလိုပါက အသေးစိတ်အချက်အလက်များကို https://chinareportasean .com/friendship-and-cooperation/ တွင် ဝင်ရောက်ကြည့်ရှုလျှောက်ထားနိုင်ပါကြောင်း အသိပေး ပါသည်။