Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
GMS_MOHT_Main-Banner_(Desktop)1400x500

မဟာမဲခေါင်ဒေသခွဲ

မဟာမဲခေါင်ဒေသခွဲ(၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်တို့အကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အဖြစ် (ဂျီအမ်အက်စ်)ကို စတင် တည်ထောင်ခဲ့ပါသည်။ မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion) သည် ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်ဖြစ်သော မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းမဟာဗျူဟာ (GMS Tourism Sector Strategy)ကို ဒုတိယအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ပါသည်။

အဆိုပါ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ တွင်ခရီးသွား လုပ်ငန်း ဝန်ကြီးများမှ ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာအစီအစဉ် (၇)ရပ်မှ (၃)ရပ်အား အဓိကထားဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ ၎င်းအစီအစဉ်(၃)ရပ်မှာ-

(၁)     ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး

(၂)     လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

(၃)     ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့်ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာသစ်(၂၀၁၆-၂၀၂၅) ကိုထပ်မံရေးဆွဲခဲ့ပြီး အောက်ဖော်ပြပါမဟာဗျူဟာ(၅)ရပ်အား ထည့်သွင်းရေးဆွဲထားပါသည်-

(၁)     လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး

(၂)      ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးမြှင့်တင်ရေး

(၃)     ခရီးသည်ဝန်ဆောင်မှုနှင့်အတွေ့အကြုံကောင်းများရရှိရန် ဖြည့်ဆည်းရေး

(၄)     ဈေးကွက်ရှာဖွေခြင်းနှင့်မြှင့်တင်ရေး အစီအစဉ်များဖန်တီးရေး

(၅)     ဒေသတွင်းခရီးသွားလာမှုလွယ်ကူအဆင်ပြေစေရေး

၂၀၁၈ခုနှစ်၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် အစည်းအဝေး၌ ပြန်လည်ရေးဆွဲထားသည့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာသစ်ကို အတည်ပြုကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံသည် အဆိုပါအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် အာရှဖွံ့ဖြိုးရေးဘဏ် မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးနှင့် အခြားမဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ အာဏာပိုင်အဖွဲ့ အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးပွဲများကို တစ်နှစ်လျှင်(၂) ကြိမ်နှင့် မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ်ကို တစ်နှစ်လျှင်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ၌ အက္ခရာအစဉ်လိုက် အလှည့်ကျကျင်းပ လျက်ရှိပါသည်။