Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Hotel Guest List Management System သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဖွင့်လှစ်သင်ကြားသည့် Hotel Guest List Management System သင်တန်းကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ B.I.T.C (ဘုတ်ကျောင်း) ပုဂံမြို့ဟောင်းတွင် ၁၇-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး သင်တန်းသို့ ပုဂံ-ညောင်ဦးမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကွန်ပျူတာကျွမ်းကျင်သည့် သင်တန်း သား ၊ သင်တန်းသူ စုစုပေါင်း (၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Hotel Guest list Management System သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ၏ ဝင်ရောက်မှုစာရင်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်လျှက်ရှိသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ များ၏ သတင်းအချက်အလက်များကို လုံခြုံစိတ်ချမှုရှိစေရေးနှင့် ပြောင်းလဲလာသည့် နည်းပညာ စနစ်ဖြင့် လွယ်ကူလျှင်မြန်စွာ အသုံးပြုပြီး ဧည့်သည်ဝင်ရောက်မှု စာရင်းဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ သင်ကြားပို့ချရခြင်းဖြစ်ပြီး ကျန်ရှိသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်းများကိုလည်း ဆက်လက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။