Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Hotel Guest List Management System အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စျေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ရယူ ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ ဧည့်စာရင်းပေးပို့သည့်ကိစ္စရပ်များ လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ Hotel Guest List Management System အဆင့်မြှင့်တင်ခြင်းကို လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် တင်ဒါစျေးနှုန်းအဆိုပြုလွှာများလာရောက်တင် သွင်းနိုင်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) တင်ဒါပုံစံစတင်ရယူနိုင်သည့်ရက် – ၂၈-၁၀-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) (ခ) တင်ဒါပုံစံရယူနိုင်သည့်နေရာ – e-Government ဌာနခွဲတွင်လည်းကောင်း၊ https://bit.ly/3ksEKB0 တွင်လည်းကောင်း ပူးတွဲပါ QR ကို Scan ဖတ်၍လည်းကောင်း ရယူနိုင်ပါသည်။ (ဂ) တင်ဒါတင်သွင်းရမည့်နေရာ – e-Government ဌာနခွဲ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၃)၊ နေပြည်တော် (ရုံးချိန်အတွင်း) (ဃ) တင်ဒါမှတ်ပုံတင်ကြေးနှင့်ပေးသွင်းရမည့်နေရာ – တင်ဒါမှတ်ပုံတင်ကြေး ကျပ်၁၀,၀၀ဝိ/- ကို https://payment.tourism.gov.mm/ မှ တဆင့်ပေးသွင်းနိုင်ပါသည်။ (င) တင်ဒါလျှောက်လွှာပိတ်မည့်ရက် – ၁၁-၁၁-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)၊နေ့လယ် (၁၂:၀၀ နာရီ) (စ) တင်ဒါဖွင့်ဖောက်စိစစ်မည့်ရက်နှင့်အချိန်- ၁၁-၁၁-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁:၀၀ နာရီ) ၃။ လုပ်ငန်းနှင့် ပတ်သက်၍ အကဲဖြတ်စိစစ်ရွေးချယ်မည့် စံနှုန်းသတ်မှတ်ချက်များကို တင်ဒါမှတ်ပုံ တင်ကြေးပေးသွင်းသည့် Email လိပ်စာသို့ Softcopy ပေးပို့မည်ဖြစ်ပါသည်။ ၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၆၇-၃၄၀၆၄၉၀၊ ၀၆၇-၃၄၀၆၄၉၁၊ ၀၆၇-၃၄၀၆၄၉၂ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်း နိုင်ပါသည်။   တင်ဒါကော်မတီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
About the author