Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Hotel Guest List Management System ( HGMLS ) အသုံးပြုနည်း သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မကွေးရုံးခွဲ) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် Hotel Guest List Management System စနစ် အသုံးပြုနိုင်ရေးအတွက် ပထမအကြိမ် သင်တန်းဖွင့်ပွဲကို (၂၁.၅.၂၀၂၀) နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွွံဖြိုးရေး သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ သင်တန်းဖွင့်ပွဲတွင်  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က ဟိုတယ်/ မိုတယ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  သတ်မှတ်ချက်များ၊ အကြံပြုချက်များနှင့်အညီ Coronavirus Disease (Covid-19) ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့၏ ညွှန်ကြားချက်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန် အချက်များ၊ Hotel Guest List Management System အသုံးပြုနိုင်ရေးနှင့် ရရှိမည့် အကျိုးရလဒ် များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ (၂၁-၅-၂၀၂၀)နေ့တွင်  ဟိုတယ်/မိုတယ်(၁)လုံးလျှင် သင်တန်းသား (၂) ဦး နှုန်းဖြင့်   မကွေးမြို့ပေါ်ရှိ  ဟိုတယ်၊  မိုတယ်(၁၀)လုံးမှ   သင်တန်းသား/  သင်တန်းသူ (၂၀)  ဦး   (၂၂-၅-၂၀၂၀) နေ့တွင် မင်းဘူး၊ ရေနံချောင်း၊ ပွင့်ဖြူ၊ တောင်တွင်းကြီး စသည့်မြို့နယ်များရှိ ဟိုတယ်/ မိုတယ်များမှ(၂၀)ဦး၊ စုစုပေါင်း (၄၀) ဦးတို့ တက်ရောက်သင်ကြားခဲ့ပါကြောင်း သတင်းရရှိပါသည် ။