ဆည်သည်ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်းသည် နိုင်ငံတကာဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံထား ရသော ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးစားပေးသော ခရီးသွားလုပ်ငန်းပါ။ ထို့ကြောင့် ဧရာဝတီလင်းပိုင်များကို ချစ်မြတ်နိုးသူများ၊ မြန်မာနိုင်ငံ၏ ရိုးရာဓလေ့များကို လေ့လာလိုသူများအတွက် မဖြစ်မနေ လာရောက်သင့်သော နေရာပင်ဖြစ်ပါသည်။
ဆည်သည်ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်းတွင် ဧည့်သည်နားနေဆောင်နှင့် ညအိပ်ဆောင်တို့ ရှိကာ (၂)ဆောင်စလုံးမှာ သစ်ဟောင်းများကို ပြန်လည်အသုံးချထားခြင်း၊ သဘာဝအလျှောက် ဆွေးမြေ့လွယ်သော သစ်ဝါးစသည်များကိုသာ အသုံးပြုထားသဖြင့် ထူးခြားပါသည်။ ဆည်သည်ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်းက မိတ်ဆွေတို့အား နွေးထွေးစွာ ကြိုဆိုရန် အသင့် စောင့်နေပါသည်။
CBT Site တွင်လုပ်ဆောင်နိုင်သော activity များ
အဓိကလေ့လာကြည့်ရှုရန်မှာ ရေလုပ်သားများနှင့် ဧရာဝတီလင်းပိုင်တို့ ပူးတွဲ ငါးဖမ်းခြင်းဖြစ် ပါသည်။ ဧည့်သည်များကိုယ်တိုင်ကွန်ပြစ်လေ့ကျင့်ခြင်း၊ ရေလုပ်သားများနှင့် လိုက်ပါပြီး ဧရာ၀တီ လင်းပိုင်များနှင့် ပူးတွဲငါးဖမ်းသည်ကို ကြည့်ရှုနိုင်ပါသည်။
ထို့အပြင် ကျေးရွာအတွင်း မိရိုးဖလာအိမ်တွင်းမှုလုပ်ငန်းများကိုလည်း လိုက်လံပြသပေးပါမည်။ ကျေးရွာပါတ်ဝန်းကျင်ကို လေ့လာရန်အတွက် စက်ဘီးများထားရှိပေးပါသည်။ ရိုးရာဆေးပေါလိပ်များ ပြုလုပ်သည့် အိမ်များကိုလည်း ရွာကို လှည့်ပတ်ကြည့်ရှုရင်းနှင့် ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
ဟင်းချက်သင်တန်းများလည်းတက်ရောက်နိုင်ပြီး ညနေပိုင်းတွင် မြစ်ဘေး၌ romantic ဆန်ဆန် cocktails နှင့် cocktails ကိုလည်းသုံးဆောင်နိုင်ပါသည်။
CBT Site အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
ဆည်သည်ကျေးရွာမှ နေ၍မြောက်ဖက်တွင် နွယ်ငြိမ်းကျေးရွာရှိပါသည်။ နွယ်ငြိမ်းကျေးရွာတွင် အိုး ဖုတ်လုပ်ငန်းကို လေ့လာနိုင်ပါသည်။
ဆည်သည်ကျေးရွာတောင်ဖက်တွင် ခက်သင်ကျေးရွာရှိပါသည်။ စက်ဘီးဖြင့်လည်းကောင်း၊ နွားလှည်းဖြင့်လည်းကောင်း သွားရောက်နိုင်ပါသည်။
ဧရာ၀တီမြစ်တွင်း၌လည်း ရေပျော်ငှက်မျိုးစု ကျက်စားကြရာ ငှက်ဝါသနာရှင်များအဖို့ အလိုကျ ဖြစ်ပါလိမ့်မည်။
CBT Site သို့ သွားရောက်လည်ပတ်နိုင်သည့် အချိန်
ဆည်သည်ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းသို့ လာရောက်ရန် အကောင်းဆုံးအချိန်မှာ နိုဝင်ဘာလမှ မတ်လအတွင်းဖြစ်ပါသည်။ ဒီဇင်ဘာနှင့် ဇန်နဝါရီလများအတွင်း အနည်းငယ်တော့ အအေး ပိုနိုင်ပါသည်။ ရေစစ်ချိန်ဖြစ်၍လည်း လင်းပိုင်များကို တွေ့ရဖို့ အခြေအနေပိုရှိပါသည်။ ကမ္ဘာမြောက်ခြမ်းဒေသမှ ဆောင်းခိုငှက်များ အများဆုံးလာတတ်သောကာလဖြစ်၍လည်း ဤလ များတွင် လာရောက်သင့်ပါသည်။
– မိုးတွင်းကာလတွင် စိမ်းစိုလန်းဆန်းသော သဘာ၀အလှတရားများလည်း တွေ့နိုင်ပါသည်။ သို့သော် မြစ်အတွင်း သွားလာရန်အတွက် ခက်ခဲမှုများရှိနိုင်ပါသည်။ သို့ဖြစ်သောကြောင့် လာရောက်ရန် အတွက် ကြိုတင်စာရင်းပေးခြင်းကို စောလျင်စွာနှင့် ရာသီဥတုအခြေအနေများကို ကြိုတင်သိရှိရန် လိုအပ် ပါသည်။
CBT Site သို့ သွားရောက်လည်ပတ်နိုင်သည့် လမ်းကြောင်းများ
ဆည်သည်ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်းသို့ လာရောက်လည်ပတ်ရန်အတွက် ကြိုတင် စာရင်းပေးရပါမည်။ Walk in ခေါ် လမ်းကြုံဝင်ရောက်လည်ပတ်၍ မရပါ။ ဤသို့ ကန့်သတ်ရသည်မှာ ကြိုတင်စီစဉ်ရန်ရှိသည်များကို စီစဉ်နိုင်ရန်ဖြစ်ပါသည်။
အထူးသဖြင့် ကျေးရွာနေပြည်သူများ၏ လုပ်ငန်းများကို အနှောက်အယှက်မဖြစ်စေရေး၊ လူထူ ထပ်များပြားမှုကြောင့် သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု မဖြစ်စေရေးအတွက် တစ်ရက်လျှင် ဧည့်သည် တစ်ဖွဲ့သာ လာရောက်ရန် ကန့်သတ်ထားခြင်းဖြစ်ပါသည်။
– နေ့ချင်းပြန်ခရီးစဉ်အတွက် လူဦးရေ အများဆုံး ၂၅ဦးထိ လက်ခံနိုင်ပါသည်။ ညအိပ်ခရီးစဉ် အတွက် လူဦးရေအနည်းဆုံး ၂ဦးမှ အများဆုံး ၈ဦးထိ လက်ခံနိုင်ပါသည်။
ဆီသည်ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း
မနှင်းဝတ်ရည်
Project Station Manager Yangon
ဖုန်း – +959 250640728 +959 450408264
Email – hninhninmeister@gmail.com
website – www.destination.ayeyarwady.com