Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

(၂၀၁၉) ခုနှစ် အင်းလေး ရေပေါ်သင်္ကြန်

အင်းလေးဒေသသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းတွင် တည်ရှိပြီး နှစ်စဉ်ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်သော မြန်မာနိုင်ငံ၏ ထိပ်တန်ခရီးသွားရပ်ဝန်းဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ပြည်ပခရီးသွားဉီးရေ သုံးသန်းခန့်လာရောက်လည်ပတ်လေ့ရှိပြီး ပြည်တွင်းခရီးသွားသန်းပေါင်းများစွာလည်း လာရောက်လည်ပတ်လေ့ရှိပါသည်။ မြန်မာတို့၏ နှစ်သစ်ကူးအချိန်အခါသမယဖြစ်သည့် အတာသြင်္ကန်ကာလသည် ခရီးသွားဉီးရေအထူးများပြားလေ့ရှိပြီး ပြည်တွင်းပြည်ပခရီးသွားဉီးရေ နှစ်သိန်းခန့် လာရောက်လည်ပတ်လေ့ရှိသည့် အချိန်ကာလတစ်ခုဖြစ်ပါသည်။ အင်းလေးဒေသသည် အခြားဒေသများနှင့်မတူ ရေပေါ်တွင်ကျေးရွာများတည်ဆေညက် နေထိုင်ကြသည့်ဒေသတစ်ခုဖြစ်သည့်အလျောက် ရိုးရာအတာသြင်္ကန်တွင်လည်း အခြားဒေသများနှင့်မတူ ရေပြင်ပေါ်တွင် သြင်္ကန်ပွဲတော်ကျင်းပခြင်း၊ အင်းသားရိုးရာ နှစ်သစ်ဆွမ်းဉီးလောင်းလှူခြင်း အစရှိသည့် ဓလေ့စရိုက်များစွာရှိပါသည်။   အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေးကန်ရေပြင်ပေါ်၌ လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေ စင်ပက်ဖြန်းကြမည့် ပျော်ရွှင်ကြည်နူးဖွယ်ရာ ရေပေါ်သြင်္ကန်ပွဲ၊ တေးသံသာများဖြင့်ဖျော်ဖြေတင်ဆက် ကြမည့် ရေပေါ်ရှီုပွဲ၊ မြန်မာ့ရိုးရာ အတာသြင်္ကန်ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအစီအစဉ်များ ၊ အင်းလေးဒေသကိုယ်စားပြု Mister & Miss Innlay 2019 ရွေးချယ်ပွဲ၊ သံဃာအပါး (၁၀၀၀) ကြွရောက် ချီးမြှင့် အလှူခံမည့် နှစ်ဉီးရေပေါ်ဆွမ်းလောင်းပွဲ ၊ နှစ်ဉီးရေပေါ် ဓမ္မသဘင် စသည့် အစီအစဉ်များကို မဟာသြင်္ကန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။     ရည်ရွယ်ချက်များ အင်းလေးဒေသ အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး မြှင့်တင်မှုအတွက် အထောက်အပံ့ ဖြစ်စေရန်။ သြင်္ကန်ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံများနှင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ပထမဆုံး ရပေါ်သြင်္ကန်ကို အတူတကွ ပျော်ရွှင်ကြည်နူးစွာဆင်နွဲပြီး မြန်မာ့နှစ်သစ်ကူးကို ကြိုဆိုရန်။ အင်းလေးရိုးရာ ရေပေါ်သြင်္ကန် ဓလေ့စရိုက်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရန်။ ဒေသခံတိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပါဝင်ဆင်နွဲနိုင်မည့် ပွဲတော်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်။   . Brochure  
About the author