Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ ပေါကြွယ်ဝလှသော မြန်မာနိုင်ငံ၏ ရင်ခုန်လှုပ်ရှားဖွယ် ရိုးရာပွဲတော်များကို ခံစားကြည့်ပါ။ ပွဲတော်တစ်ခုချင်းစီတိုင်းသည် ပျော်ရွှင်ဖွယ်၊ အောက်မေ့ဖွယ် ကောင်းလောက်အောင် ဒေသခံများက ပါဝင်ဆင်နွှဲလေ့ရှိကြပါသည်။ အလှူအတန်းပွဲများ၊ မီးထွန်းပွဲတော်များ၊ မီးပုံးပျံပွဲများနှင့် စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှုများပါဝင်နေသော မြန်မာ့ရိုးရာပွဲတော်များကို ပါဝင်ဆင်နွှဲကြည့်ရန် ဖိတ်ခေါ်ပါသည်။

နာဂပွဲတော်

ကျင်းပသည့်ရက် – ဇန်နဝါရီလ (၁၄) ရက် မှ (၁၆) ရက်

ကျင်းပသည့်နေရာ – လဟယ် (သို့မဟုတ်) လေရှီး၊ စစ်ကိုင်းတိုင်းဒေသကြီး။

ကျင်းပသည့်ကာလ – (၃) ရက်

 

 

ကချင်မနောပွဲတော်(ကချင်နှစ်သစ်ကူးပွဲတော်)

ကျင်းပသည့်ရက် – နှစ်စဉ်ဇန်နဝါရီလပထမပတ်ဝန်းကျင်

ကျင်းပသည့်နေရာ – မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်။

ကျင်းပသည့်ကာလ – (၁) ရက်

 

အာနန္ဒာဘုရားပွဲတော်

ကျင်းပသည့်ရက် – ပြာသိုလပြည့်မှ ပြာသိုလဆုတ် (၁၅) ရက်

ကျင်းပသည့်နေရာ – ပုဂံ

ကျင်းပသည့်ကာလ – (၁၅) ရက်