တန်ဆောင်မုန်းလကွယ်
ကရင်ပြည်နယ်
ကရင်နှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲတော်သည် ကရင်တိုင်းရင်းသားများအတွက် ထူးခြားစွာ ဂုဏ်ယူရသည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါသည်။ ကောက်ပင်သီနှံများ စပေါ်ချိန်တွင် ကောက်ဦး ကောက်ဖျား ကောက်သစ်စားပွဲတော်ကို တန်ဆောင်မုန်းလကွယ်တွင် ပြုလုပ်လေ့ရှိပါသည်။
ကရင်နှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲတော်သည် ကရင်တိုင်းရင်းသားများအတွက် ထူးခြားစွာ ဂုဏ်ယူရသည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါသည်။ ကောက်ပင်သီနှံများ စပေါ်ချိန်တွင် ကောက်ဦး ကောက်ဖျား ကောက်သစ်စားပွဲတော်ကို တန်ဆောင်မုန်းလကွယ်တွင် ပြုလုပ်လေ့ရှိပါသည်။ ကောက်သစ်စားပွဲကို ကရင်ပြည်နယ်အပါအဝင် ဒေသအသီးသီး၌ ကျင်းပခဲ့ကြပါသည်။ တချို့ အရပ်ဒေသများ တွင် ကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ်ကူးနေ့ကို တနေ့တည်း ကျင်းပခြင်းများ ရှိသကဲ့သို့ ရပ်ရွာ၊ ဒေသအလိုက် သီးခြားကျင်းပခြင်းများလည်း ရှိကြပါသည်။ ကရင်နှစ်သစ်ကူး ပွဲတော်ကို ၁၉၈၃ ခုနှစ်မှစတင်၍ နှစ်အဆက်ဆက်ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ကရင်လူမျိုးများ သည် စိုက်ပျိုးရေးကို အဓိက အသက်မွေးခြင်းဖြစ်သည့်အတွက်ကြောင့် စိုက်ပျိုးသည့် ဆန်ရေစပါး များပေါကြွယ်ဝရန်၊ သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်ရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ကရင် အမျိုးသားနှစ်သစ်ကူးနဲ့အတူ ကောက်သစ်စားပွဲကို ကျင်းပခြင်းဖြစ်ပါသည်။