ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက် အထိ
လေရှီး၊ လဟယ် နှင့် နန်းရန်၊ စစ်ကိုင်း ဒေသ တို့တွင် လှည့်လည် ကျင်းပကြသည်။
ထူးခြားလှပသည့် ဝတ်စုံတို့ကို ဝတ်ကာ နှစ်သစ်ကို ကြိုဆိုပြီးရိုးရာ သီချင်းတို့ကို သီဆိုကပြ ဖျော်ဖြေကာ မိသားစုအချင်းချင်း လူမျိုးစုများအချင်းချင်း အပြန်အလှန် ဆုတောင်းခြင်းများ လုပ်ဆောင်ကြသည်။
မြန်မာနိုင်ငံတွင် ရှားပါးသောပွဲတော်တစ်ခု ဖြစ်သည့် နာဂ ပွဲတော်သည် ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက် အထိ ကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်သည်။ ၎င်း ပွဲတော်သည် လေရှီး၊ လဟယ် နှင့် နန်းရန်၊ စစ်ကိုင်း ဒေသ တို့တွင် လှည့်လည် ကျင်းပကြသည်။ ၄၉ မျိုးသော မျိုးနွယ်စုတို့သည် ၎င်းတို့၏ ထူးခြားလှပသည့် ဝတ်စုံတို့ကို ဝတ်ကာ နှစ်သစ်ကို ကြိုဆိုကြသည်။ ပွဲတော်ကာလအတွင်း ရိုးရာ သီချင်းတို့ကို သီဆိုကပြ ဖျော်ဖြေကာ မိသားစုအချင်းချင်း လူမျိုးစုများအချင်းချင်း အပြန်အလှန် ဆုတောင်းခြင်းများ လုပ်ဆောင်ကြသည်။ ဧည့်သည်များအနေဖြင့် နာဂရိုးရာ ပွဲတော်တွင် ပါဝင် ဆင်နွှဲနိုင်ပြီး မတူညီသော နာဂစကားများကို လေ့လာရင်း ဆုတောင်းပွဲ၌ ပါဝင် ဆင်နွှဲရန် အခွင့်အရေးဖြစ်သည်။