ကချင်ပြည်နယ် သည် မြန်မာနိုင်ငံ၏မြောက်ဘက်စွန်းပိုင်းတွင်တည်ရှိပြီးတောင်တန်းများ၏ အရှင်သခင်ဖြစ်သောဟိမဝန္တာတောင်တန်းများဖြင့် ဝန်းရံထားသည့်လှပသောနေရာတစ်ခုဖြစ်ပါသည်။ ကချင်ပြည်နယ်သည် မျက်စိပသာဒဖြစ်စေသောတောင်တန်းများ ၊ တောင်ကုန်းများနှင့် ရေကန်များတည်ရှိရာနေရာဖြစ်သည့်အတွက်တောင်တန်းများကိုနှစ်သက်မြတ်နိုးသူများအတွက် ကောင်းကင်ဘုံအလားပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံအမြင့်ဆုံးအပိုင်းဖြစ်သောခါကာဘိုရာဇီတောင်ထိပ်သည်လည်းကချင်ပြည်နယ်တွင်တည်ရှိပါသည်။ ကချင်ပြည်နယ်သည် အရှေ့တောင် အာရှရှိကုန်းတွင်းရေကန်များထဲတွင်အကြီးဆုံးဖြစ်သောအင်တော်ကြီးကန်တည်ရသည့်နေရာဖြစ်ပါသည်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏မြို့တော်ဖြစ်ပြီးအခြားအရေးပါသောမြို့များမှာဗန်းမော် ၊ မိုးညှင်းနှင့် ပူတာအိုမြို့များဖြစ်ပါသည်။ထို့ပြင်မြန်မာနိုင်ငံ၏ အရေးအပါဆုံးမြစ်ဖြစ်သောဧရာဝတီမြစ် စတင်စီးဆင်းရာနေရာလည်းဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိစိမ်းစိုလန်းဆန်းနေသောလယ်ယာစိုက်ခင်းရှုခင်းများသည် အောက်မေ့ဖွယ်ရာရေခဲတောင်ရှုခင်းများနှင့် ရောယှက်နေပြီးခရီးသွားဧည့်သည်များကိုစွဲဆောင်နေသောနေရာလည်းဖြစ်ပါသည်။ ကချင်ပြည်နယ်သည် ရွှေနှင့် ကျောက်မျက်ရတနာများပေါများခြင်းကြောင့်လည်းထင်ရှားသောပြည်နယ်တစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်၏တစ်ဖက်တစ်ချက်စီတွင် ရွှေတူးနေကြသူအများအပြားကိုလည်းတွေ့မြင် နိုင်ပါသည်။
မြစ်ကြီးနားသည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ၎င်း၏ အနီးပတ်ဝန်းကျင်ရှိ ဒေသများ၊ ရှုချင်စဖွယ် မြစ်ကမ်းခြေနှင့် မတူညီသော လူမျိုးစုများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့် လူသိများသောမြို့တစ်မြို့ဖြစ်သည်။ မြစ်ကြီးနားမှ ကားဖြင့် တစ်ခဏမျှ မောင်းသွားလျှင် အလွန်သာယာလှပသော မြစ်ဆုံက ဆီးကြိုနေပေမည်။ မြစ်ကြီးနားမြို့တွင် နှစ်လိုဖွယ်မြစ်ကမ်းပါးတစ်လျှောက်နှင့်အတူအမြဲတမ်းပုံမှန်လှုပ်ရှားသက်ဝင်နေသော ချစ်စဖွယ်ဒေသခံများ၏ နေ့စဉ်ရောင်းဝယ်ဖောက်ကားနေသည့် “စျေး”ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထို့အပြင် အလွန်ကြီးမားသော လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာလည်း မြစ်ကမ်းပါး၏ အလှကို ထပ်မံတန်ဆာဆင်ပေးထားပါသည်။
မြစ်ဆုံသည် မြစ်ကြီးနား၏ မြောက်ဘက် ၄၅ကီလိုမီတာခန့်အကွာခရီးတွင် ဧရာဝတီမြစ်မှ စီးဆင်းလာသော မေခမြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံရာနေရာဖြစ်သည်။ မြစ်ကြီးနားမှ တစ်နာရီနှင့် မိနစ်သုံးဆယ်ခရီးတစ်လျှောက်လုံးတွင် မြန်မာနိုင်ငံ၏ ရင်သပ်ရှုမောဖွယ် သဘာဝရှုမြင်ကွင်းများကို တွေ့မြင့်ရမည်ဖြစ်ပေသည်။
အင်းတော်ကြီး သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင်ရှိသော အရှေ့တောင်အာရှရှိ အကြီးဆုံးကုန်းတွင်း ရေအိုင်ကြီးတစ်ခုဖြစ်သည်။ ၎င်းအိုင်ကြီးသည် အရှေ့မှ အနောက်သို့ ၁၃ ကီလိုမီတာ၊ မြောက်မှတောင်သို့ ၂၄ကီလိုမီတာ ကျယ်ဝန်းပြီး များပြားသော်မျိုးစိတ်များ အထူးသဖြင့် အချို့သောရှားပါးနို့တိုက်သတ္တဝါများနှင့် ငှက်များခိုလှုံရာ ဘေးမဲ့တောတစ်ခုလည်းဖြစ်ပေသည်။
ပူတာအိုမြို့ သည် နှင်းများဖုံးလွှမ်းနေသောတောင်တန်းများရှိသည့်မြို့ဖြစ်ပါသည်။နှင်းတောင်များ၏ အလှတရားကိုခံစားချင်သောလည်ပတ် သွားရောက်လိုသောခရီးသည်များသည် ပူတာအိုမြို့ကိုလည် ပတ်သင့်သည်။ ထိုမြို့သည် သဘာဝအလှတရားများနှင့်ပြည့်နှက်နေသောမြို့ဖြစ်ပြီး ဟိမဝန္တာ တောင်တန်းကြီး၏မြောက်ဘက်ခြမ်းတွင်တည်ရှိသည်။ပူတာအိုမြို့၏ ရာသီဥတုမှာတစ်နှစ်ပတ်လုံး အေးချမ်းနေပြီးထိုမြို့တွင် တိုင်းရင်းသားလူမျိုးအများအပြားနေထိုင်ကြသည်။ ပူတာအိုမြို့တွင် နေထိုင်သောတိုင်းရင်းသားလူမျိုးများသည် ကမ္ဘာလှည့်ခရီးသည်များ၊ ခရီးသွားပြည်သူများအားဧည့်ဝတ် ပျူငှာစွာ နွေးနွေးထွေးထွေးဆက်ဆံကြသူများဖြစ်ကြသည်။ရှားပါးသစ်ပင်ပန်းမန် မျိုးစိတ်များကိုကြည့်ရှုလိုသောခရီးသည်များသည် ပူတာအိုမြို့သို့လာရောက်လည်ပတ်သင့်သည်။
ရွှေမြဥ္ဇူဘုရားသည် ကြည်ညိုဖွယ်ကောင်းသောဘုရားတစ်ဆူဖြစ်ပြီးအင်းတော်ကြီးကန်၏အနောက်ဘက်ခြမ်းတွင်တည်ရှိသည်။ ရွှေမြဥ္ဇူဘုရားတွင် လှေကားထစ်များရှိရာထိုလှေကားထစ် များသည် ကျောက်တုံးများဖြင့်ပြုလုပ်ထားသောရုပ်ပွားတော်များဖြင့်ဆင်မြန်းထားသည်။
ကချင်ပြည်နယ်၏ တောင်ကုန်းများတွင် ကချင်လူမျိုးများ၊ ဂျိန်းဖောလူမျိုးနှင့် လူမျိုးစုများစွာစည်းစည်းလုံးလုံးနေထိုင်ကြသည်။ ကချင်လူမျိုးအများစုသည် တရုတ်နှင့်အိန္ဒိယနိုင်ငံများတွင်နေထိုင်ကြသည်။ ၎င်းတို့သည်ဂျိန်းဖောဘာသာစကားကိုအဓိကပြောဆိုကြပြီးတောင်ကုန်းပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်သူများဖြစ်ကြ ပါသည်။
ရွှေမြဉ္ဇူဘုရားပွဲတော်မှာနှစ်စဉ်မတ်လတွင် ရှစ်ရက်တိုင်တိုင် အင်းတော်ကြီးကန်တွင် ကျင်းပပြုလုပ် လေ့ရှိသည်။ပွဲတော်မတိုင်မီတွင်ကန်၏ဘေးတစ်လျှောက်တွင်သဲသောင်ပြင်အခွဲများပေါ်ထွန်းလာပြီး လမ်းများသဖွယ်ဘုရားဖူးများအားဘုရားသို့အလွယ်တကူရောက်ရှိဖူးမျှော်စေနိုင်သည်။ သဲလမ်းများအနက်တစ်လမ်းမှာလူများသွားရောက်ဖူးမြှော်ရန်ဖြစ်ပြီးကျန်တစ်လမ်းမှာနတ်များဖူးမြှော်ရန် အတွက် ဖြစ်သည်ဟုဒေသခံများကယုံကြည်ကြသည်။
မီးထွန်းပွဲတော်အားသီတင်းကျွတ်လပြည့်နေ့မှစ၍ သုံးရက်တိုင်အောင် မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပကြသည်။ တာဝတိံသာနတ်ပြည်၌ မြတ်စွာဘုရားသည် မယ်တော်အမိနတ်သားအားဝါတွင်းကာလသုံးလပတ်လုံးတရားဟောပြောကာသီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ပြန်လည်ဆင်းသက်လာခြင်းကိုအောက်မေ့၍ ဆီမီးဆပ်ကပ်လှူဒါန်းခြင်းဖြစ်သည်။ ထိုပွဲတော်တွင် လူတိုင်းသည် မိမိတို့၏ နေအိမ်များ၌ ဆီမီးများ၊ ဖယောင်းတိုင်များ၊ ရောင်စုံမီးပုံးများချိတ်ဆွဲခြင်းဖြင့်အလှဆင်ကြသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပသည့်အချိန်ကာလကိုဝါကျွတ်ကာလဟုလည်းသတ်မှတ်ကြသည်။