ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံးမြို့ဖြစ်ပါသည်။ ဆိပ်ကမ်းမြို့ များအနက် တစ်မြို့ဖြစ်ပြီး ကြီးမားကျယ်ဝန်းသည့် ပတ်ချန်မြစ်သည် ထိုင်း-မြန်မာနယ်စပ်ကို ကွဲပြားဖြစ်ပေါ်စေပါသည်။ ကော့သောင်းမြို့သည် ၂၈၀၀၀ ကီလိုမီတာ ကျယ်ဝန်းသော ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်ပြီး မြစ်ဝများ၊ မြစ်များ၊ ချောင်းတက် ချောင်းစွယ်များ၊ ကျွန်းများဖြင့်ဖွဲ့စည်းထားသော မြို့ဖြစ်ပါသည်။ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရနောင်းမြို့သည့် မနီးမဝေးတွင် တည်ရှိပြီး ဖူးခက်မြို့မြောက်ဘက် ၃၂၂ ကီလိုမီတာသာ ကွာဝေးပါသည်။ ကော့သောင်းမြို့သည် စည်ကား သိုက်မြိုက်လှသော “တံငါရွာ”၏ ပြယုဂ်တစ်ခုအဖြစ်လည်း ရပ်တည်နေပါသေးသည်။ ကော့သောင်း မြို့သည် မြိတ်ကျွန်းစုထိန်းသိမ်းစောင့်ရှောက်ရေး (Mergui National Reserve) ဧရိယာအဖြစ် တည်ရှိပြီး ရေငုပ်ခြင်း၊ ပင်လယ်ရေအောက် အလှအပကြည့်ရှုခြင်း စသည်တို့ကိုပြုလုပ်နိုင်ပါသည်။ ဆိပ်ကမ်းအနောက်ဘက် ၁၀၀ ကီလိုမီတာ အကွာတွင် ဆိပ်ကမ်း၏ ကြက်ပျံမကျ စည်ကားမှုမှ တသီးတသန့်တည်ရှိနေသော ကော့သောင်းမြို့၏ လမ်းသွယ်လေးများကို မြင်တွေ့နိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ငါးသုံးလုံးတောင်(၅၅၅) ပေါ်မှနေ၍ ကော့သောင်းမြို့၏ ၃၆၀ ဒီဂရီ မြင်ကွင်းကို မြင်တွေ့နိုင်ပါသည်။
ဘုရင့်နောင်အငူ (ဝိတိုရိယပွိုင့်)သည် မြန်မာ့တောင်ဘက်အကျဆုံးနေရာတွင် တည်ရှိပါသည်။ ကိုလိုနီခေတ်တွင် ဝိတိုရိယဘုရင်မအား အစွဲပြု၍ ဝိတိုရိယပွိုင့်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူမှ မြင်ကွင်းကျယ်ရှုခင်းကို ကြည့်ရှုနိုင်ပြီး ကော့သောင်းမြို့မှ (၇)မိနစ်ခန့် လမ်းလျှောက် သွားလျှင် ရောက်ရှိနိုင်ပါသည်။
ငါးသုံးလုံးတောင်သည် ကော့သောင်းမြို့လယ်တွင် တည်ရှိပြီး ၁၈၅ မီတာမြင့်၍ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၆၉ မီတာတွင် တည်ရှိပါသည်။ တောင်ထိပ်မှနေ၍ ကော့သောင်းမြို့၏ ၃၆၀ ဒီဂရီမြင်ကွင်းကို မြင်တွေ့နိုင်ပါသည်။
ရွှေပြည်သာဘုရားနှင့် ပြတိုက်သည် ကော့သောင်းမြို့မှ ၁၀ ကီလိုမီတာကွာဝေးပြီး ပုဂံရှိ အာနန္ဒာဘုရားပုံစံတူ တည်ထားခြင်းဖြစ်ပါသည်။ ပုတီးစေ့များ၊ ဝေလငါးအရိုး၊ ပင်လယ်လိပ်ခွံနှင့် အခြားသော ပင်လယ်ထွက်ပစ္စည်းများကို လေ့လာနိုင်ပါသည်။