Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
Kayah_MOHT_Main-Banner_(Desktop)1400x500

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင်အငယ်ဆုံးပြည်နယ်ဖြစ်သော်လည်း ဇီဝမျိုးစုံကွဲပြားမှု အလွန်များပြားပြီး အံ့သြဖွယ်ခရီးသွားအတွေ့အကြုံများစွာကိုလည်း ရရှိနိုင်ပါသည်။ နှစ်ပေါင်း ၅၀ ခန့် ခရီးသွားများ မသွားလာနိုင်ခဲ့သည့်ပြည်နယ်မှာ စစ်မှန်မှုများဖြင့်တောက်ပနေပြီး လူအများသိရှိခြင်း မရှိသေးသည့် မြန်မာနိုင်ငံ၏ သဘာဝရတနာများကိုတွေ့မြင်ခံစားနိုင်ရန်အတွက် ခရီးသွားများ ဝင်ရောက်နိုင်ရန်ပြန်လည်ဖွင့်လှစ်ထားပါသည်။ ကယားပြည်နယ်တွင်မတူညီသည့် တိုင်းရင်းသား မျိုးနွယ် (၉) မျိုး နေထိုင်ပြီး ပြည်နယ်ငယ်လေးအတ်ငင်းမှခရီးသွားဧည့်သည်များအတွက် ယဉ်ကျေးမှု နှင့် အမွေအနှစ်များကို လေ့လာနိုင်ရန်အခွင့်အရေးများစွာရရှိစေမှာဖြစ်ပါသည်။ အထင်ရှားဆုံး မျိုးနွယ် စုများမှာ ကယားနှင့် ကယန်းလူမျိုးတို့ဖြစ်ပါသည်။ ကယားလူမျိုးများမှာ တောက်ပသည့် အနီရောင် ခြုံထည်များကို ဝတ်ဆင်ကြပြီး ကယန်းလူမျိုးများမှ လည်ပင်းတွင်ကြေးကွင်းများဝတ်ဆင်ကြပါသည်။ မြို့ငယ်လေးမှ ဒေသခံတို့၏ နွေးထွေးပျူငှာ ဧည့်ဝတ်ကျေပွန်မှုနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း မှတဆင့် တိုင်းရင်းသားများနှင့် မမေ့နိုင်သည့်အတွေ့အကြုံများကို ရရှိစေမည်ဖြစ်ပါသည်။ ဒေသခံများ မှ သူတို့၏ ကျွမ်းကျင်မှုအမျိုးမျိုးကို ခရီးသွားဧည့်သည်များအား ပြသပေးကြပါသည်။

အခြေခံအချက်အလက်များ

    ကယားပြည်နယ်တွင် ကယား၊ ကယန်း၊ ဘရီ၊ လထနှင့် ရင်ဘော် လူမျိုးစုများရှိပါသည်။ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်မှုများလည်းရှိပါသည်။ ကယားလီစကား၊ မြန်မာ/ ဗမာ စကားနှင့် အင်္ဂလိပ်စကား(အနည်းငယ်) ကို ပြောဆိုကြပါသည်။

မြေမျက်နှာသွင်ပြင်

  ကယားပြည်နယ်မှာ မြန်မာနိုင်ငံအရှေ့ဘက်တွင်ရှိပြီး တောင်ထူထပ်ပါသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်ထိုင်းနိုင်ငံတို့ဖြင့်ထိစပ်နေပါသည်။ ပြည်နယ်မှာ ဧရိယာ ၁၁၇၃၁.၅ စတုရန်းကီလို မီတာ (သို့) ၄၅၂၉.၆ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ ကုန်းမြင့်ဒေသများမှာ ယေဘုယျအားဖြင့် စွတ်စို ပြီး အပူချိန်လျော့နည်းကာ  အနိမ့်ပိုင်းဒေသများမှာ အပူပိုင်းမုတ်သုန်ရာသီဥတုဖြစ်ပါသည်။

စိတ်ဝင်စားဖွယ်အချက်အလက်များ

          ကယားလူမျိုးများမှာ နတ်ကိုးကွယ်ယုံကြည်ကြပါသည်။ ကယားပြည်နယ်အတွင်း လောပိတ ဆည်တွင်ရေအားလျှပ်စစ်စက်ရုံရှိပါသည်။ ကယားအမျိုးသမီး(ကရင်နီ)များမှာလည်ပင်းတွင် ကြေးကွင်း များ ဝတ်ဆင်လျှက်ရှိကြပါသည်။

ပြည်နယ်ငယ်လေးအတွင်းမှ များပြားလှသည့် ရိုးရာ နှင့် ဓလေ့ထုံးစံများကို လေ့လာခြင်း

အနုစိတ်သည့် လက်မှုပညာများ

   လက်မှုပညာမှာ ကယားပြည်သူများ၏ အိမ်တွင်းမှု၊ အနုပညာဖန်တီးမှုနှင့် နတ်(ဝိညာဉ်) ယုံကြည်မှုတွင် အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိပါသည်။ ဒေသထွက် ဝါး၊ သစ်သားတို့ဖြင့် ပြုလုပ် ထားသည့် တူရိယာပစ္စည်းများမှာ အလွန်အနုပညာလက်ရာမြောက်လှပါသည်။ “ကလို(Kaloe)” ဟု ခေါ်သည့် ဝါးဂစ်တာများပြုလုပ်ရာတွင် အလွန်နာမည်ကြီးပါသည်။ ကျေးရွာများမှ ပြုလုပ်သည့် ဝါးခြင်းနှင့်ဝါးပိုက်ဆံအိတ်များကို အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူကြပါသည်။ ဒေသခံ များမှာ ယက္ကန်းယက်လုပ်ရာတွင် ကျွမ်းကျင်သည့်  အတွက်လည်းထင်ရှားပါသည်။ အဝတ်အထည် များကို သဘာဝဖြစ်ဆိုးဆေးများအသုံးပြု၍ ယက္ကန်းဖြင့် ယက်လုပ်ကြပြီး၊ အရောင်မျိုးစုံ ခြယ်သထား သည့် ခေါင်းစည်းပုဝါများကို အမှတ်တရလက်ဆောင်အဖြစ် ယက်လုပ်ကြပါသည်။ ရွာသူရွာသား များမှာ ဖားစည်များကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသည်ဟုယုံကြည်ကြပြီး အလေးအမြတ်ထား ကြပါသည်။ ကြေးဖြင့်ပြုလုပ်ထားသည့် မှိုပုံသဏ္ဍာန်ကိရိယာကို အထူးကိစ္စရပ်များတွင် တီးခတ်ကြ ပါသည်။ ချက်ပြုရေးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ဝါး၊သစ်သားများဖြင့် ပြုလုပ်ကြပြီး ရွာသား များမှာ လက်ဝတ်ရတနာများကို ကြေးထည်၊ ရှားပါးကျောက်များဖြင့် ပြုလုပ်ကြပါသည်။ ရွာသားများ အနေဖြင့် လက်မှုပညာကျွမ်းကျင်မှုကြောင့် ဖန်တီးပြသကြပါသည်။။

ထင်ရှားသည့် လူမျိုးများ

ကယားပြည်နယ်တွင် တွေ့ရသည့်ကွဲပြားသော တိုင်းရင်းသားမျိုးနွယ်အုပ်စုများမှာ ကရင် ယဉ်ကျေးမှုမှ ဆင်းသက်လာခြင်းဖြစ်ပြီး အကြီးဆုံးတိုင်းရင်းသားမျိုးနွယ်အုပ်စုမှာ ကယား၊ ကယန်း၊ ကယော့၊ ဇယိမ်း၊ ဘွဲ့၊ ဂေးဘား၊ ဂေးကို နှင့် ရင်ဘော် တို့ဖြစ်ကြပါသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံများကို မျိုးရိုးစဉ်ဆက်အားကောင်းစွာ စောင့်ထိန်းလျှက်ရှိပါသည်။ တိုင်းရင်းသားအများစုမှာ ရိုးရာအဝတ်အထည်များကို ဝတ်ဆင်လျှက်ရှိပြီး ကယားနှင့်ကယန်းလူမျိုးစုများမှာ သိသာထင်ရှား ပါသည်။ ကယားလူမျိုးများမှာ အနီရောင်ကိုအမြဲဝတ်ဆင်ပြီး၊ ကယန်းလူမျိုးများမှာ လည်ပင်းတွင် ကြေးကွင်းများဝတ်ဆင်ထားကြပါသည်။ ကယန်းလူမျိုးများ၏လည်ပင်းကြေးကွင်းများ ဝတ်ဆင်ခြင်း နှင့် ရှည်လျားသည့် လည်ပင်းကြောင့် အရှေ့တောင်အာရှတွင် လူသိများထင်ရှားသည့် တိုင်းရင်းသား အုပ်စုဖြစ်ပါသည်။ ကယားလူမျိုးများမှာ ကေထိုးဘိုး ရိုးရာဓလေ့များကိုလိုက်နာပြီး ရိုးသားပြီး ထာဝရ ဘုရားကိုယုံကြည်သူများဖြစ်သည်။ဓလေ့ထုံးတမ်းအရဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် တိရစ္ဆာန် များနှင့် အစားအစာများဖြင့် နတ်ပူဇော်ကြပါသည်။ သို့ရာတွင် တိုင်းရင်းသားတို့၏ နတ်ကိုးကွယ်သည့် ယဉ်ကျေးမှုမှာ တဖြည်းဖြည်းကွယ်ပျောက်လာပြီး ကြာရှည်ကျယ်ပြန့်စွာ ကျင့်သုံးနိုင်တော့မည် မဟုတ် ပေ။

ဓလေ့ထုံးတမ်းများနှင့်ရိုးရာယဉ်ကျေးမှုများကိုထိန်းသိမ်းခြင်း

ကမ္ဘာလှည့်ခရီးသည်များသည် ကယားပြည်နယ်၏ရိုးရာဓလေ့ထုံးတမ်းများ၊ လက်မှုအတတ် ပညာများနှင့်ဂီတတို့တွင်တန်ဘိုးထားမှုကိုတွေ့မြင်နိုင်ပြီး ဒေသခံပြည်သူများ၏ နွေးထွေးဖော်ရွေပျူငှာမှု ကိုလည်းသိရှိနိုင်ပါသည်။ အချို့သောဒေသခံပြည်သူများမှာ နတ်ကိုးကွယ် ယုံကြည်ကြသောကြောင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် နတ်ကွန်းများကို သွားရောက်လေ့လာနိုင်ပြီး နတ်ဆရာများကို လည်း တွေ့မြင်နိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် နတ်ဆရာများ အမဲလိုက်ပုံလိုက်နည်းကို မျက်မြင်ကိုယ်တွေ့လေ့လာနိုင်ပြီး၊ လောက်လေးခွပစ်ခြင်း၊ ပြည်နယ်ထွက်အစားအသောက်များကို မြည်းစမ်းခြင်းများလည်းပြုလုပ်နိင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် တောကျွမ်းပြီး အမဲလိုက် ကျွမ်းကျင်သည့် ဒေသခံများနှင့်အတူ အမဲလိုက်ခြင်းကိုလည်းလုပ်ဆောင်နိုင်ပါသည်။ ဒေသခံများမှ လာရောက်လည်ပတ်သူများအား သဘာဝတောလမ်းများအတိုင်း တောတွင်းလမ်းလျောက်ခြင်း၊ တောတွင်းပျော်ပွဲစားထွက်ခြင်းနှင့် လည်ပတ်သူများအားဒေသခံများကဲ့သို့ ရေကန်ဘေးတွင် အသား ကင်ခြင်းများတွင်ပါဝင်ဆင်နွှဲနိုင်ရန်လမ်းညွှန်ပေးကြသည်။ ဤကဲ့သို့လုပ်ဆောင်မှုများကြောင့် ဒေသခံ များအား ၎င်းတို့၏ဒေသန္တရအလေ့အကျင့်များကို ဆက်လက်ကျင့်သုံးစေရုံသာမက ကမ္ဘာလှည့် ခရီးသည်များအား ဒေသခံတို့၏ အစစ်အမှန်နေထိုင်မှုပုံစံကို ကြုံတွေ့ခံစားရနိုင်ပါသည်။

ရှမ်းတိုင်းရင်းသားများသည် ကယားပြည်နယ်၏မြို့တော်ကိုရွှေတောင်နှင့် သီရိမင်္ဂလာ တောင်တော်တို့၏အလယ်တွင်တည်ရှိသည်ကို အစွဲပြု၍ လွိုင်ကော်မြို့ (လွိုင်- တောင် ၊ ကော်(ခေါ်)- ခွဲခြားခြင်း)ဟုခေါ်ဆိုခဲ့ကြသည်။ လွိုင်ကော်မြို့သည် မြို့တစ်မြို့လုံး၏မျက်စိပသာဒဖြစ်ဖွယ် ရှုမျှော်ခင်း များအား ကြည့်ရှုခံစားနိုင်သည့် နေရာတစ်ခုဖြစ်သော သီရိမင်္ဂလာ တောင်ကွဲစေတီတော်ကြောင့် နာမည် ကျော်ကြားပါသည်။ ကမ္ဘာလှည့်ခရီးသည်များမှာ လွိုင်ကော်မြို့တွင် သမိုင်းဝင်နေရာများ၊ ခရစ်ယာန် ဘုရားကျောင်းများကို စည်ကားလှသည့် ဈေးများအတွင်း ရိုးရာလက်မှုပစ္စည်းများကို လေ့လာကြည့်ရှု နိုင်ရန်အတွက် လွိုင်ကော်မြို့သို့ လာရောက်လည်ပတ်ကြပါသည်။

လွိုင်ကော်မြို့၏အထင်ကရနေရာတစ်ခုဖြစ်သောတောင်ကွဲစေတီသည် စေတီပုထိုးပေါင်းများစွာ တည်ထားသည့်နေရာတစ်ခုဖြစ်သောသီရိမင်္ဂလာတောင်ထိပ်တွင်တည်ရှိပါသည်။ အမြင့် ပေ ၃၈၇ ပေ ရှိသော သီရိမင်္ဂလာတောင်တော်ထိပ်တွင်တည်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များအား မြို့ပြမြင်ကွင်းနှင့် တောင်ပေါ်ရှုမျှော်ခင်းများကို မျက်စိတစ်ဆုံးကျယ်ပြောလှသည့် စွဲမက်ဖွယ်ရာ မြင်ကွင်းအား ပေးစွမ်း နိုင်ပါသည်။တောင်ကွဲတောင်ဟုခေါ်ဆိုကြသောအဆိုပါနေရာတွင်သီးခြားစီတည်ရှိနေသော တောင်ထွဋ် များပေါ်တွင် စေတီပုထိုးများစွာကို ဖူးမျှော်နိုင်ပါသည်။

ပန်ပက်ရွာတွင်နေထိုင်ကြသောကယန်းလူမျိုးများနှင့်လည်တံရှည်အမျိုးသမီးများသည် ငယ်စဉ် ကတည်းက လည်ပင်း၌ကြေးကွင်းများကဝတ်ဆင်ကြသဖြင့် လည်တံများရှည်လာကြပါသည်။ အချို့ သောအမျိုးသမီးများမှာခြေထောက်တွင်လည်း ကြေးကွင်းများဝတ်ဆင်ကြပြီး အရွယ်ရောက်လာတာ နဲ့အမျှ ကြေးကွင်းများဝတ်ဆင်မှုနည်းပါးလာကြပါသည်။  ဖယ်ရှားလိုက်သော ခြေစွပ်ကြေးကွင်းများ အား လူထုအခြေပြုခရီးသွားလုပ်ငန်းစီမံချက်ကဏ္ဍတွင် လက်ဝတ် အဆင်တန်ဆာများအဖြစ် ပြန်လည် ပြုလုပ်ပြီးရောင်းချကြသည်။ 

အဆိုပါရွာလေးတွင် ဒေသခံများ၏ ကယားအဝတ်အထည်များကို ရိုးရာအတိုင်း ယက်လုပ်ကြ ပုံ နှင့်ရိုးရာဂီတတူရိယာများပြုလုပ်ဖန်တီးမှုကို မျက်မြင်ကိုယ်တွေ့လေ့လာနိုင်ပါသည်။ တနီးလာလဲ့ရွာ တွင် မျိုးနွယ်စုကိုကိုယ်စားပြုသော အရုပ်များဖြင့် ထုလုပ်ထားသောတိုင်များရှိပြီး ဒေသခံနတ်ဆရာ များမှ ရွာသူရွာသားများအား၎င်းတို့၏ကြိုတင်ခန့်မှန်းချက်နိမိတ်များနှင့်ကံကြမ္မာများအား ဟောပြော ရာတွင်သုံးလေ့ရှိသည့် ရွာခန်းမကြီးတစ်ခုလည်းရှိပါသည်။

ကန်ခုနစ်ဆင့်သို့သွားရာလမ်းတွင် ကမ္ဘာလှည့်ခရီးသည်များသည် လွိုင်ကော်မြို့၏ ရင်ခုန် စိတ်လှုပ်ရှားဖွယ် အလှအပများကိုခံစားနိုင်ပါသည်။ အဆိုပါကန်မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသောရေလက်ကြားခုနစ်ခုရှိသည့် ရေကန်ခုနစ်ကန်ဖြင့် ဖြစ်တည်လာခြင်းဖြစ်ပါသည်။ ရေကန်ဘေးတွင် တည်ရှိနေသော တောင်တန်းများ၏ရှုမျှော်ခင်းသည်ကန်ရေပြင်ထက်တွင်ပြန်လည်ထင်ဟပ်နေသည်မှာ အဆိုပါအရပ်ဒေသသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များအတွက် အေးချမ်းသာယာ ပြီး ငြိမ်းချမ်းသောစိတ်ခံစားမှုကို ဖန်တီးပေးစွမ်းနိုင်ပါသည်။ အဆိုပါကန်သို့ မော်တော်ကားသို့မဟုတ် ဘတ်စ်ကားဖြင့် သွားရောက်လည်ပတ်နိုင် ပါသည်။

ကြတ်ဂူ သို့မဟုတ် ဝိဉာဉ်များနှင့်ပရလောကသားများခိုအောင်းရာဂူသည် ပဟေဠိဆန်သော ဂူများအား ရှာဖွေစူးစမ်းလိုသည့် ကမ္ဘာလှည့်ခရီးသွားမျာအားစူးစမ်းလေ့လာသည့် အတွေ့အကြုံတစ်ခု ကိုပေးစွမ်းနိုင်ပါသည်။ အဆိုပါဂူသည် အနှောင့်အယှက်ကင်းပြီး တိတ်ဆိတ်ငြိမ်သက်ပါသည်။ အဆိုပါ ထုံးကျောက်ဂူတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာက လူမျိုးစုများထားရှိခဲ့သည်ဟုယူဆရသော ပျက်စီးနေသည့် သစ်သားထွင်းခေါင်းတလားများလည်းရှိပါသည်။ ဒေသခံများမှာအဆိုပါဂူအတွင်းမှ လင်းနို့မစင် များကို ဓာတ်မြေသြဇာအဖြစ် စုဆောင်းကြပါသည်။

လွိုင်ကော်မြို့တောင်ဘက်ပိုင်းတွင် ဒီမောဆိုးဈေးကိုတွေ့နိုင်ပါသည်။ ဈေးအတွင်း ရောင်းချ သည့် ရိုးရာအတိုင်းဆန်ဖြင့်ချက်လုပ်သည်ခေါင်ရည်မှာနာမည်ကြီးပါသည်။ ဈေးသည်များသည် ရင်းနှီး ဖော်ရွေကြပြီး ၎င်းတို့၏ခေါင်ရည်များနှင့် တခြားသောနိုင်ငံများတွင် မတွေ့နိုင်သော တစ်မူထူးခြား သည့် မက်ခါသီးမှုန့်ပါဝင်သည့် ကယားဝက်အူချောင်းနှင့် အသားလုံးကဲ့သို့သော ဒေသအစားအစာများ ကို မြည်းကြည့်ရန် ဧည့်သည်များကိုအမြဲဖိတ်ခေါ်ကြသည်။

ရိုးယားအထည်ယက်လုပ်ခြင်းနှင့် သဘာဝအတိုင်းဆေးဆိုးသည့်နည်းလမ်းများကို လေ့လာချင် သော ဧည့်သည်များအတွက် ယက်ကန်းစင်တာနှင့် သဘာဝသီးနှံဥယျာဉ်များတွင် လေ့လာနိုင်ပါသည်။ ယက်ကန်းစင်တာမှ ကျွမ်းကျင်ပညာရှင်နှင့် သင်တန်းဆရာက ယက်ကန်းယက်သည့် အနုပညာနှင့် သဘာဝအရောင်ထုတ်လုပ်ခြင်းကို အသေးစိတ်စိတ်ဝင်စားဖွယ် ပြသလိမ့်မည်ဖြစ်ပါသည်။ ဧည့်သည် များသည် ပိတ်စအထည်များကိုဆေးဆိုးခြင်း၊ ကယားလုံချည်ယက်လုပ်သည့်နည်းလမ်း အမျိုးမျိုးကို ကြည့်ရှုနိုင်ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ကဲ့သို့သော ယက်ကန်းထည်များကို လေ့လာကြည့်ရူ နိုင်ပါသည်။

ထိုင်တော်မှု ဗုဒ္ဓရုပ်ပွားတော် ၁၀ ဆူရှိသည့် အောင်သပြေဂူအား ထီးစဲခါးရေတံခွန် အနီး နားတွင်တွေ့နိုင်ပါသည်။ ခမ်းနားလှသည့် ကျောက်စက်ပန်းစွဲ နှင့် ကျောက်စက်မိုးမျှော်များ ဖြစ်ပေါ် နေမှုမှာ ဂူအတွင်းပိုင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့်တွဲဆက်နေမှုမှာ အံ့သြဖွယ်ခရီးစဉ်တစ်ခုအဖြစ် ဖြစ်ပေါ် စေပါသည်။ အမြီးတိုမျောက်များကိုလည်း အနီးနားပတ်ဝန်းကျင်တွင် တွေ့နိုင်ပါသည်။ ဂူသို့ သွားလည် ခြင်းအပြင် ဧည့်သည်များသည် အနီးပတ်ဝန်းကျင်ရှိရွာများသို့ လည်ပတ်နိုင်ခြင်းနှင့် ဒေသခံလူမျိုးတို့ ၏ လူနေမှုဘဝကို လေ့လာနိုင်ပါသည်။

လွယ်တမှုဂူအား ရှာဖွေတွေ့ရှိခဲ့သည့် စိတ်ဝင်စားဖွယ်နောက်ကွယ်ဖြစ်ရပ်တစ်ခုရှိပါသည်။ ဒဏ္ဍာရီအရ ဒေသခံတစ်ဦးသည် သူ၏အိပ်မက်ကိုအခြေခံ၍ ဂူအားရှာဖွေတွေ့ရှိခဲ့ပါသည်။ ၎င်းရှာဖွေ တွေ့ရှိခဲ့စဉ်ကတည်းက တည်ထားပြီးသော ဘုရား ၁၅ ဆူနှင့် ရုပ်ပွားတော် ၂၅၄ ဆူ အား ဂူထဲတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဘုရားပုထိုးများတည်ရှိရည်ရွယ်ချက်မှာဒေသခံများ၏ ကျန်းမာရေးနှင့် ကြီးပွား ချမ်းသာရေးအတွက်ဖြစ်ပါသည်။

ကယားပြည်နယ်နေ့

    ပွဲတော်သည် ဗြိတိသျှအင်ပိုင်ယာကို ဆန့်ကျင်တော်လှန်ခဲ့သည့် ကယားလူမျိုးခေါင်းဆောင်များ ၏လက်အောက်ခံဘဝမှ လွှတ်မြောက်ရန်ပြုလုပ်ခဲ့ကြသော ကယားလူမျိုးခေါင်းဆောင်များ၏ ရုန်းကန် လှုပ်ရှားမှုများကို သတိရခြင်းအနေဖြင့် ကျင်းပပါသည်။ နှစ်စဉ်နှစ်တိုင်း နှစ်အစပိုင်းတွင် ၁၀ ရက် ကျင်းပပြီး ဒေသခံများသည် ရိုးရာကပွဲများ၊ စင်ပေါ်တွင် ဖျော်ဖြေမှုများ၊ အလှအပပြိုင်ပွဲများ၊ အပြေး ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် တခြားသော ဖျော်ဖြေမှုအစီအစဉ်များတွင်ပါဝင်ရန် လွိုင်ကော်နှင့် ကန်ဒန်ဝတီတို့တွင် စုစည်းခြင်းဖြစ်သည်။

သတင်းကျွတ်မီးထွန်းပွဲတော်

မြန်မာနိုင်ငံတွင် ဒုတိယအကျော်ကြားဆုံးပွဲတော်ဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရား နတ်ပြည်မှ ဆင်းသက်သည့် ရတနာစောင်းတန်းကို ကိုယ်စားပြုရန် ဒေသခံတို့မှ အဆောက်အဦးများ၊ အိမ်များနှင့် လမ်းများတွင် ဆီးမီး၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ခြင်းဖြစ်ပါသည်။ ခရီးသွား ဧည့်သည်များသည် မီးထွန်းထားသော လမ်းပေါ်တွင် လမ်းလျှောက်ခြင်း (သို့) ဇာတ်ပွဲများ ကြည့်ရူခြင်း (သို့) မြန်မာ့ရိုးရာဂီတပြပွဲများကို ကြည့်ရူနိုင်ပါသည်။

သြင်္ကန်ပွဲတော်

ဧပြီလတွင်ကျင်းပပြီးမြန်မာနိုင်ငံတွင်အကြီးဆုံးပွဲတော်ဖြစ်၍ ခရီးသွားများအားသူတို့ကိုယ်တိုင် ပါဝင်ဆင်နွဲရန် ဆွဲဆောင်နိုင်သောပွဲတော်ဖြစ်ပါသည်။ မိသားစုများစုစည်း၍ အစားအစာများ ပြင်ဆင် စားသောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦးဝေငှပေးခြင်းတို့ပြုလုပ်ကြပါသည်။ အများမျှော်လင့်နေသည့် ထို ပွဲတော်တွင် ဒေသခံတို့သည် ၎င်းတို့၏ခန္ဓာကိုယ်၊ မကောင်းသည့်စိတ်နှင့် နှစ်ဟောင်းမှအညစ်အကြေး များကို ရေဖြင့်ဆေးကြောခြင်းဖြစ်ပါသည်။