Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
(d)Kayin_MOHT_Main-Banner_(Desktop)1400x500

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ ပင်လယ်ပြင်နှင့်ကမ်းခြေများအကြား တောင်ထူထပ်သောမြေမျက်နှာပြင် အနေအထားတွင်တည်ရှိသည်။ ကရင်ပြည်နယ်ကို စိမ်းလန်း သော စပါးခင်းများနှင့် ဝိုင်းရံထားပြီး ထုံးကျောက်တောင်ထိပ်များသည် စပါးခင်းများအပေါ် ပျံသန်းနေသကဲ့သို့ရှိသည်။ အံ့သြဖွယ် လိုဏ်ဂူများပေါများလှသော ကရင်ပြည်နယ်၏ မြို့တော်သည် ဘားအံမြို့ဖြစ်ပြီး ဘေးပတ်လည်တွင် လှပသော ထုံးကျောက် တောင်ထိပ်များဖြင့် ဝန်းရံထားသည်။ ကရင်ပြည်နယ်၏ ရှုခင်းများသည် လှပသော တောင်တန်းများဆီသို့ ဦးတည်သော စိမ်းလန်းသည့် လယ်ကွင်းများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရှိရမည်။ ကရင်ပြည်နယ်သည် လက်ဖက်နှင့် ကော်ဖီ ထုတ်လုပ်မှုတွင် နာမည်ကျော်ကြားသည်။ ၎င်းဒေသတွင် ခရီးသွားများ သွားရောက်လည်ပတ် လေ့လာနိုင်သော နေရာများမှာ ဇွဲကပင်တောင်၊ လုမ္ဗိနီဥယျာဉ်၊ သံတောင် ၊ ဆဒ္ဒန်ဂူစသည်တို့ ဖြစ်ကြပါသည်။ နိုင်ငံခြားခရီးသွားဧည့်သည်များသည် သက်ဝင်လှုပ်ရှား ပွဲတော်များမှ ရိုးရာ ယဉ်ကျေးမှုပွဲတော်များအထိ ပါဝင်ဆင်နွှဲနိုင်ပါသည်။

အခြေခံအချက်အလက်များ

ကရင်လူမျိုးများ၏ မူလအစသည် ကယန်း၊ ပဒေါင်၊ ဗမာ၊ ရှမ်း၊ ပအို့၊ မွန်၊ ရခိုင်နှင့် ထိုင်း-ဗမာအဆက်များဖြစ်သည်။ ကရင်လူမျိုးအများစုသည် ဗမာ၊ ကရင်နှင့် မွန်ဘာသာ စကားများကို ပြောဆိုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ္စယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ တိရစ္ဆာန်နှင့် နတ်များကိုးကွယ်ကြသည်။

မြေမျက်နှာသွင်ပြင်

ကရင်ပြည်နယ်၏စုစုပေါင်းမြေသည် ဧရိယာစတုရန်းမိုင်(၄၇၄၇.၇)၊ စတုရန်းကီလိုမီတာ (၁၂၂၉၆.၆)ကျယ်ဝန်းပြီး ထိုင်းနိုင်ငံ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့နှင့် ထိစပ်နေပါသည်။ ကရင်ပြည်နယ်တွင် ပူနွေးစိုစွတ်သော ရာသီဥတုရှိပါ သည်။

ထူးခြားမှုများ

ကရင်ပြည်နယ်၏မြို့တော်မှာ ဘားအံမြို့ဖြစ်ပါသည်။ ထူးခြားဆန်းပြားသည့်ဂူများ၊ မြက်ခင်းစိမ်းများ၊ ထုံးကျောက်တောင်များဖြင့် ပြည့်နှက်နေသည့် ပြည်နယ်ဖြစ်ပါသည်။ ၂၀၁၄ခုနှစ်တွင် လူဦးရေ ၁.၅၇ သန်းခန့်နေထိုင်လျက်ရှိပါသည်။

လှပသည့်ရှုမျှော်ခင်းမျိုးစုံကို လာရောက်စူးစမ်းရှာဖွေနိုင်ပါပြီ။

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ရင်ဖိုလှိုက်မောဖွယ်ကောင်းသော လိုဏ်ဂူကြီးများ စုစည်းတည်ရှိရာ နေရာဖြစ်သည်။ အထင်ရှားဆုံးလိုဏ်ဂူနှစ်ခုမှာ ဘုရင့်ညီဂူနှင့် ကော့ကွန်းဂူတို့ ဖြစ်ကြပါသည်။ ဘားအံမြို့မှ (၁၉) ကီလိုမီတာအကွာတွင်တည်ရှိသော ဘုရင့်ညီဂူသည် နှစ်ပေါင်း (၉၀၀)သက်တမ်းရှိပြီး ဘုရားဆင်းတုပေါင်း (၂၈)ဆူရှိပါသည်။ ကော့ကွန်းဂူသည် သံလွင်မြစ်၏ အနောက်ဖက်၊ ဘားအံမြို့၏တောင်ဘက် (၁၃)ကီလိုမီတာ အကွာတွင်တည်ရှိပါသည်။ ၎င်းသည် သဘာဝထုံးကျောက်လိုဏ်ဂူဖြစ်ပြီး (၇)ရာစုကာလမှ ဗုဒ္ဓဆင်းတုတော်များနှင့် ကျောက်စာတိုင်များ ကို တွေ့ရှိရပါသည်။ ရသေ့ပျံဂူသည် ဘားကွပ်ကျေးရွာအနီးတွင် တည်ရှိသော ထုံးကျောက်လိုဏ်ဂူ တစ်ခုဖြစ်ပြီး အေဒီ(၁၃)ရာစုမှ ဗုဒ္ဓဆင်းတုတော်များကို အရွယ်အစားအမျိုးမျိုးဖြင့် တွေ့နိုင်ပါသည်။ ဘားအံမြို့မှ (၁)ကီလိုမီတာအဝေးတွင် တည်ရှိသော ကော့ကသောင်ဂူတွင်လည်း ဗုဒ္ဓဆင်းတုတော် (၂၈)ဆူတည်ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲကို မြန်မာ့နှစ်သစ်ကူးအတာ သြင်္ကန်ပွဲတော်၏ ဒုတိယနေ့နှင့် တတိယနေ့များတွင် ကျင်းပပြုလုပ်လေ့ရှိပါသည်။

ရင်သပ်ရှုမောဖွယ်ရှုမျှော်ခင်းများ

တောင်တန်းများ၊ လယ်ကွင်းများ၊ မြစ်ချောင်းများနှင့် သစ်တောများ စုစည်းတည်ရှိသော ကရင်ပြည်နယ်သည် ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင် လျက် ရှိပါသည်။ ခရီးသွားများအနေဖြင့် သဘာဝအလှအပများကို အပြည့်အဝကြည့်ရှုခံစားနိုင် ကြပါသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၇၂၂)မီတာရှိသော ဇွဲကပင်တောင်သည် ခြေလျင် တောင်တက်ခရီးပြုလုပ်ရန် ကောင်းမွန်သောနေရာဖြစ်သည်။ ဇွဲကပင်တောင်၏ အနောက်ဖက်တွင် ရှိသော လုမ္ဗိနီဥယျာဉ်သည် တောင်တက်ခရီးစဉ်အစပြုရန်ကောင်းမွန်သော နေရာတစ်ခုဖြစ်ပြီး ဘုရားဆင်းတုတော်(၁၁၀၀)ရှိပါသည်။ တောင်ထိပ်ပေါ်မှ မြင်ရသော ရှုခင်းသည်အလွန်လှပပါသည်။ သဘာဝအလှအပများခံစားရန်ကောင်းမွန်သော နေရာတစ်ခုမှာ လှိုင်းဘွဲ့မြို့အနီးရှိ ကျုံးထော် ရေတံခွန်ဖြစ်ပြီး ရှေးကျသော သစ်တောများဖြင့် ဝန်းရံထားပါသည်။ လွန်ခဲ့သောနှစ်များက အဆိုပါ နေရာသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ထောင်ပေါင်းများစွာ လာရောက်လျက်ရှိပါသည်။ ၎င်း ရေတံခွန်၏ ထူးခြားချက်မှာ စိမ်းလဲ့သော ရေမျက်နှာပြင်ဖြင့် နိုင်ငံခြားခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိပါသည်။

အံ့မခန်းမြို့များ

ကရင်ပြည်နယ်သည် နိုင်ငံခြားခရီးသွားဧည့်သည်များ မြို့၏လူနေမှုပုံစံနှင့် မြန်မာ့လူမျိုး များ၏ ရိုးရာဓလေ့များကို လေ့လာနိုင်သော မြို့ကြီး၊ မြို့လေးများဖြင့် ဖွဲ့စည်းထားပါသည်။ ဘားအံ မြို့သည် တောင်တန်းများပေါ်မှ ရင်သပ်ရှုမောဖွယ်ရှုမျှော်ခင်းများ ကြည့်ရှုခံစားနိုင်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ဒေသခံများသည် နိုင်ငံခြားခရီးသွား ဧည့်သည်များကို နွေးထွေးဖော်ရွေသောလက်များ ဖြင့် ကြိုဆိုလျက်ရှိပါသည်။ ခရီးသွားများအနေဖြင့် ဒေသဈေးများတွင် သန့်ရှင်းလတ်ဆတ်သော ဒေသထွက်အစားအစာများနှင့်  အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ကြပါသည်။ မြဝတီသည် ထိုင်း နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြားသောမြို့ကြီးများဖြင့်လည်း ကားလမ်းသစ်များဖောက်လုပ် ဆက်သွယ်ထားပါသည်။ လှပသော ဒေါနတောင်တန်းကြီးများကို ဖြတ်သန်း၍ သွားရသော ကားလမ်းခရီးစဉ်သည် လှပသောရှုမျှော်ခင်းများကို ဖြတ်သန်းရသော ခရီးစဉ်ဖြစ်ပါသည်။ လုပ်ဆောင်လျက်ရှိပါသည်။ ပူနွေးစိုစွတ်သော ရာသီဥတုမှ လွတ်မြောက်ရန် ကြိုးစားနေသော ခရီးသွားများအနေဖြင့် ကိုလိုနီခေတ်ကတည်းက တည်ထားသည့် တောင်ပေါ် စခန်းဖြစ်သော သံတောင်မြို့သို့ သွားရောက် လည်ပတ်နိုင်ပါသည်။ သံတောင်မြို့သည် ကော်ဖီ၊ လက်ဖက်နှင့် သစ်သီးထွက်သော နာမည် ကြီးသည့် မြို့တစ်မြို့ဖြစ်သည်။

သံလွင်မြစ်၏အနောက်ဘက်ကမ်းတွင် တည်ရှိသော ဘုရင့်ညီဂူသည် ဘုရားဆင်းတု(၂၈) ဆူတည်ရှိပါသည်။ ဂူအတွင်း၌ ရောင်စုံစီခြယ်ထားသည့် များပြားလှသော ရှေးဟောင်းဘုရား ဆင်းတုတော်များရှိပါသည်။ တောင်ခြေတွင် သဘာဝရေပူစမ်းနှင့် ရေကူးရန်အတွက် ရေအေးစမ်းများလည်းရှိပါသည်။

ရသေ့ပျံဂူသည် သဘာထုံးကျောက်လိုဏ်ဂူများတွင် ဂူတစ်ဂူအဖြစ်ပါဝင်ပြီး ဘားအံမြို့မှ (၁၄) ကီလိုမီတာအကွာ၊ တောင်ခြေမှ (၅၀)မီတာအမြင့်တွင် တည်ရှိပါသည်။ ၎င်းတွင် အေဒီ(၁၃)ရာစုမှ အရွယ်အမျိုးမျိုးရှိသော ဗုဒ္ဓဆင်းတုတော်များ၊ အုတ်ချပ်များတွေ့နိုင်ပြီး လျောင်းတော်မူဘုရား ရုပ်ပွားတော်၏ အနောက်ဘက်တွင် အထွတ်အမြတ်ထားရာ သဘာဝရေကန်ရှိပါသည်။

ဘားအံမြို့၏ တောင်ဘက်(၁၃)ကီလိုမီတာအကွာတွင်တည်ရှိပြီး (၆၁)မီတာမြင့်မား၍ (၉၁) မီတာ ရှည်လျားသော သဘာဝထုံးကျောက်လိုဏ်ဂူတစ်ခုဖြစ်ပါသည်။ လိုဏ်ဂူမျက်နှာပြင်အား (၇)ရာစုမှ အနုပညာလက်ရာများဖြင့် အရွယ်အစားမျိုးစုံ ပြုလုပ်ထားသော ရွှံ့ဗုဒ္ဓဆင်းတုတော်များ နှင့်အုတ်ချပ်များဖြင့် အလှဆင်ထားပါသည်။ လိုဏ်ဂူတွင်းရှိရုပ်တုများ၊ နံရံပန်းပု လက်ရာများသည် အလွန်ကောင်းမွန်သော အနေအထားတွင် ရှိနေပါသေးသည်။

ကော့ကသောင်ဂူသည် ဘားအံမြို့၏တောင်ဘက် တစ်ကီလိုမီတာအကွာတွင် တည်ရှိပါ သည်။ ဂူ၏အကျယ်အဝန်းမှာ (၃၀)မီတာခန့်ရှိပြီး စက်ဝိုင်းခြမ်းပုံသဏ္ဍာန်ရှိပါသည်။ ဂူအတွင်း ဘေးဝဲယာတစ်ဘက်တစ်ချက်စီတွင် ဗုဒ္ဓရုပ်ပွားတော် (၂၈) ဆူကို စီတန်း၍ ပူဇော်ထားပါသည်။ ဂူအတွင်းတွင် လာရောက်လည်ပတ်သူများ အသက်ရှူမှားလောက်အောင် လှပသော ကျောက်စက် ပန်းဆွဲ များကျောက်စက်မိုးမျှော်များ ရှုမငြီးဖွယ်ပြည့်နှက်လျက်ရှိပါသည်။

ဆန္ဒန်ဂူသည် ဇွဲကပင်တောင်တန်း၏တောင်ဘက်ဆုံးအပိုင်း၊သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ၊ ဘားအံမြို့မှ (၃၂) ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ ဂူဝင်ပေါက်နှစ်ခုရှိကာ (၁၀၇) မီတာရှည်၍ (၁၀)မီတာအမြင့်ရှိပြီး ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိပါသည်။ ဂူအတွင်းသို့ လမ်းလျှောက်သွားလာနိုင်ပါသည်။ ဂူအတွင်းတွင် ဗုဒ္ဓရုပ်ပွားတော် (၁၂)ဆူခန့်နှင့် ဘုရားနှစ်ဆူရှိပြီး ဂူနံရံတွင် ယနေ့ခေတ် ပန်းပုလက်ရာများကို ကြည့်ရှုခံစားနိုင်ကြသည်။

ရွှေရင်မျှော်ဘုရားသည် ဘားအံမြို့ သံလွင်မြစ်၏အရှေ့ဘက်ကမ်းတွင် တည်ရှိ၍ နေဝင်ချိန် ရှုခင်းကိုကြည့်ရှုရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။ ဘားအံမြို့ စတင်ပေါ်ပေါက်ခဲ့သော ဒဏ္ဍာရီတွင် အရေးပါသည့်ဖားဘုရင်ကြီးနှင့် နဂါးမင်းတို့၏ရုပ်ထုကိုလည်း ရွှေရင်မျှော်ဘုရား ပရဝုဏ်အတွင်းတွင် တွေ့ရှိနိုင်ပါသည်။ ရွှေရင်မျှော်ဘုရားဘေးမြစ်ကမ်းပါးတွင် မြစ်ပြင်၏ အလှကို ကြည့်ရှုခံစားနိုင်သည့် မျှော်စင်တစ်ခုလည်းရှိပါသည်။

ဇွဲကပင်တောင် သည် အမြင့်ပေ (၇၂၂) မီတာရှိပြီးမြန်မာနိုင်ငံ၏ဘာသာရေးဆိုင်ရာ အထွတ်အမြတ် တောင်များထဲတွင် ထင်ရှားသောတောင်တစ်လုံးဖြစ်ပါသည်။ တောင်ထိပ်သို့ရောက်ရန် နှစ်နာရီခန့် ပင်ပင်ပန်းပန်း တက်ရောက် ရသော်လည်း တောင်ထိပ်သို့ ရောက်ရှိလျှင် ကရင်ပြည်နယ် တစ်ခုလုံး၏ ရှုခင်းကိုအပေါ်စီးမှရှုမြင်နိုင်သောကြောင့် ပင်ပန်းရကျိုးနပ်စေသောခရီးပင်ဖြစ်ပါသည်။ တောင်ပေါ်မှ နေဝင်ဆည်းဆာရှုခင်း ကြည့်ရှုခံစားလိုသော ခရီးသွားများအနေဖြင့် တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် တစ်ညတာတည်းခိုနိုင်ပါသည်။ တောင်ခြေတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ထောင်ကျော်ကိုလည်း ဖူးမြော်နိုင်ပါသည်။

ကြောင့်ကမ်လာဘ်ဘုရားသည် ရေကန်၏ အလယ်တွင်ရှိသော ကလပ်ပုံသဏ္ဍာန်ကျောက်တုံး ပေါ်တွင်တည်ထားပြီး ကရင်ပြည်နယ်၏ ထင်ရှားသော အမှတ်အသားတစ်ခုသဖွယ် တည်ရှိနေပါသည်။ နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့် ဘုရားပတ်ဝန်းကျင်ရှိ သဘာဝအတိုင်း လှပစွာရှိနေသော နေရာများသို့လည်း သွားရောက်လည်ပတ်ခြင်းဖြင့် အပန်းဖြေနိုင်ပါသည်။ တစ်ခါတစ်ရံ ကန်ထဲရှိ ရေငြိမ်နေသောအခါ ဘုရားကို ကန်ရေထဲတွင် မှန်တွင် အလင်းပြန် သကဲ့သို့ မြင်ရသော ပုံရိပ်သည် မေ့ပျောက်ရန် ခက်ခဲပေလိမ့်မည်။

ကျုံထော်ရေတံခွန်သည် သဘာဝအတိုင်း ကြည်စိမ်းနေသောရေတံခွန်ဖြစ်ပြီး ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သူများ လက်လွှတ်မခံသင့်သောလှပသည့် နေရာတစ်ခု ဖြစ်ပါသည်။ ကျုံထော်ရေတံခွန်သည် လှိုင်းဘွဲ့မြို့အနီး ထိပ်လောသိုနှင့် ကပ်လျက်တွင် တည်ရှိပါသည်။ နွေရာသီနှင့်ဆောင်းရာသီတို့သည် ရေတံခွန်သို့ လည်ပတ်ရန် အကောင်းဆုံးရာသီများဖြစ်ပါသည်။

မြဝတီမြို့သည် ထိုင်းနိုင်ငံနှင့်ထိစပ်နေသောနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ဒေါနတောင်တန်း ကိုဖြတ်၍ အသစ်ဖောက်လုပ်ထားသောလမ်းမကြီးဖြင့် တခြားမြို့များသို့ဆက်သွယ်ထား ပါသည်။ မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်ဝင်ပေါက်တစ်ခုဖြစ်၍ အရေးပါသောမြို့ တစ်မြို့ဖြစ်ပါသည်။ မြဝတီမြို့တွင်ဆောက်လုပ်ထားသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတားသည်ထိုင်း-မြန်မာနှစ်နိုင်ငံ ကြားချစ်ကြည်ရေးအထိမ်းအမှတ် ပြယုဂ်တစ်ခုပင်ဖြစ်ပါသည်။

သံတောင်ကြီးမြို့သည် ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က ဖော်ထုတ်ခဲ့သော တောင်ပေါ်စခန်း မြို့တစ်မြို့ဖြစ်ပါသည်။ ကော်ဖီ ၊ လက်ဖက်နှင့် သစ်သီးဝလံများ ထွက်ရှိပြီး အေးချမ်းသာယာ လှပ သောတောင်ပေါ်မြို့လေးဖြစ်၍ မြို့ပြ၏မွန်းကြပ်မှုတို့မှ လွတ်မြောက်လိုသူတို့အတွက် စိမ်းလန်းသော အပန်းဖြေစရာမြို့တစ်မြို့ ဖြစ်ပါသည်။ တောင်ပေါ်စခန်းမြို့၏ နေထွက်ချိန်ရှုခင်းသည် အမှတ်ရ ဖွယ်ရာတစ်ခုပင် ဖြစ်ပါသည်။

ကရင်နှစ်သစ်ကူးပွဲတော်

ကရင်နှစ်သစ်ကူးပွဲတော်ကို ပြာသိုလဆန်း (၁) ရက်နေ့တွင် နှစ်စဉ် ကျင်းပပါသည်။ နှစ်သစ် ကူးနေ့ကို ကျွဲချိုများတီးမှုတ်၍ ဖားစည်များတီးခတ်ကာ ကရင်ဒုံးယိမ်းအကကို စုပေါင်း၍ ပျော်ရွှင်စွာကခုန်ခြင်းဖြင့် ကျင်းပကြပါသည်။

ဝါဆိုလပြည့်နေ့ပွဲတော်

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်၍ ထိုနေ့တွင် ဗုဒ္ဓဘာသာဝင်တို့ ဥပုသ်သီလစောင့်တည်ခြင်း အလှူအတန်းများပြုလုပ်ခြင်းဖြင့် ကုသိုလ်ယူကြပါသည်။ ရဟန်းများအနေဖြင့်လည်း ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းသုံးလပတ်လုံး မိမိတို့ သီတင်းသုံးရာကျောင်းမှ မည်သည့်နေရာကိုမျှ ညအိပ်ညနေမသွားဘဲ ဝါဆိုကြပါသည်။ အဆိုပါ သံဃာတော်များအတွက် သင်္ကန်းကပ်လှူခြင်းကို အကြောင်းပြု၍ ဝါဆိုလပြည့်နေ့တွင် သင်္ကန်း ကပ်လှူပွဲကျင်းပပြုလုပ်ကြပါ သည်။

သီတင်းကျွတ်ပွဲတော်

သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းပွဲတော်ကို တစ်နိုင်ငံလုံး (၃)ရက်တိုင် ကျင်းပပြုလုပ် ကြပါသည်။ မြတ်စွာဘုရား၏ မယ်တော်မိနတ်သားအား တရားဟောပြီး လူ့ပြည်သို့ ပြန်လည် ဆင်းသက်လာခြင်းကို မီးထွန်းကြိုဆိုသည့်အနေဖြင့် ကျင်းပပြုလုပ်ကြခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်ကာလတွင် အိမ်တိုင်း၌ ဖယောင်းတိုင်မီးများ ၊ ရောင်စုံမီးပုံးများ ချိတ်ဆွဲ၍ အလှဆင်ပူဇော်ကြသည်။ မီးထွန်းပွဲတော်သည် ဝါတွင်းကာလအပြီးတွင် ကျင်းပလေ့ရှိသည်။