ရှမ်းပြည်နယ်ရှိ CBT Site များအကြောင်း
နောက်ခံအကြောင်းအရာနှင့် လုပ်ငန်းတည်နေရာ
၂၀၁၆ခုနှစ် အစိုးရသစ်တက်လာပြီးချိန်မှ စတင်ပြီး ခရီးသွားလုပ်ငန်းအတွက်လုပ်ငန်းပုံစံ အသစ်တစ်ခု ပေါ်ထွန်းလာခဲ့ပါသည်။ ထိုလုပ်ငန်းမှာ Community Based Tourism ဟုခေါ်တွင်သည့် လှုထုအခြေပြုခရီးသွားလုပ်ငန်းဖြစ်ပါသည်။ ဤအဆိုပြုလွှာရှင်တို့ ဇနီးမောင်နှံသည် ၁၉၉၇/၁၉၉၈ ခုနှစ်မှစတင်ပြီး ရွှေကျွှန်းမျှောရေပေါ်ဟိုတယ်တွင် ဝန်ထမ်းများအဖြစ်လုပ်ကိုင်ခဲ့ပါသည်။ ဝန်ဆောင်မှုပုံစံ၊ စံနှုန်းများအပြင် လုပ်ငန်းမှဒေသခံလှုထုအကျိုးအတွက် လုပ်ကိုင် ဆောင်ရွက်နိုင်သည်များကို ထိုစဉ်ကာလစီမံခန့်ခွဲမှု့ တာဝန်ယူထားသည့် လက်ရှိ ပြည်ထောင်စုဝန်ကြီးထံမှ များစွာသင်ယူရရှိပြီး မိမိကိုယ်တိုင်လုပ်ကိုင်နိုင်သည့်အချိန်တွင် ထိုပုံစံမျိုးလုပ်ကိုင်ရန် စိတ်ကှုးအိမ်မက်ရှိခဲ့ပါသည်။ CBT လုပ်ငန်းပုံစံကို ဝန်ကြီးဌာနမှ အားပေးချိန်တွင် ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ဘုရားတောင် ပရဟိတကျောင်းဆရာတော်၊ ရပ်ရွာလူကြီးများနှင့် ဆွေးနွေးရာမှ လွယ်နွဲ့ဘုရားတောင် လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ လုပ်ငန်းတည်နေရာ အတိအကျမှာ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၇၂၃/ လွယ်နွဲ့ရွာ၊ ဦးပိုင်အမှတ် (၄၀) လယ်မြေအမျိုးအစား ဧရိယာ ၁.၆၀ ဧကဖြစ်ပါသည်။
လုပ်ငန်းရည်ရွယ်ချက်
လုပ်ငန်းရည်ရွယ်ချက်မှာ
– ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ဘုရားတောင်ဒေသတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း အဆင့်အတန်းရှိရှိ ပေါ်ထွန်းလာစေရန်
– လွယ်နွဲ့ဘုရားတောင်ဒေသ၏ နှစ်သက်ဖွယ် ဒေသန္တရအလှအပများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့စရိုက်များ အများသူငါ သိရှိစေရန်
– ဘုရားတောင်ပရဟိတကျောင်းမှ လူငယ်များနှင့် ဒေသခံတိုင်းရင်းသားများအတွက် ဘာသာစကား သင်ကြားလေ့လာလိုစိတ်များ ဖြစ်ထွန်းလာရုံမက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရန်
– လုပ်ငန်းတွင်ဝင်ရောက်လုပ်ကိုင်ခြင်း၊ မြင်တွေ့ဆက်ဆံရခြင်းမှ ဒေသခံများ၏ လူနေမှုအဆင့်အတန်း၊ သန့်ရှင်းသပ်ရပ်မှု အဆင့်အတန်းများမြင့်မားလာစေရန်
– စီးပွားရေးအကျိုးအမြတ် ဖြစ်ထွန်းစေရန်နှင့် နိုင်ငံတော်အတွက် ထိုက်သင့်သောအခွန်ငွေများရှာဖွေရန်
– ရပ်ရွာနှင့် သဘောတူထားသည့်အတိုင်း ဝင်ငွေ၏ ရာခိုင်နူန်းအချို့ကို ရပ်ရွာအကျိုးအတွက် အသုံးပြုနိုင်စေရန်
CBT Site အနီးတဝိုက်ရှိ လည်ပတ်စရာနေရာများ
လွယ်နွဲ့ဘုရားတောင် လူထုအခြေပြုခရီးသွားလုပ်ငန်းတည်ရှိရာနေရာတွင် လာရောက် တည်းခိုသော ဧည့်သည်များ လုပ်ဆောင်နိုင်သော activities များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
CBT Site အနီးတဝိုက်ရှိ သွားရောက်လည်ပတ်နိုင်သောနေရာများ
လွယ်နွဲ့ဘုရားတောင် လူထုအခြေပြုခရီးသွားလုပ်ငန်းတည်ရှိရာနေရာမှတစ်ဆင့် သွားရောက်လည်ပတ်နိုင်သောနေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်
– စံကားစော်ဘွားမြို့ဟောင်း
– သာခေါင်ရှေးဟောင်းဘုရား
– လွယ်ကျိုင်းရွာ(ရိုးယာမှုန့်လေပွေလုပ်ငန်း)
– ထီဝါးမွူးရွာ (လီဆူးတိုင်းရင်းသားရွာ)
– ပင်လောင်းမြို့
CBT Site (Route) သို့သွားရောက်လည်ပတ်နိုင်သည့်လမ်းကြောင်းများ
လွယ်နွဲ့ဘုရားတောင် CBT Site သို့ အောက်ပါလမ်းကြောင်းများအတိုင်း လာရောက်လည် ပတ်နိုင်ပါသည်-
၁) ရန်ကုန်မှ ဟဲဟိုးသို့လေကြောင်းဖြင့်၊ ဟဲဟိုးမှ CBT Site ရှိရာသို့ မော်တော် ကားဖြင့် တိုက်ရိုက်
၂) ရန်ကုန်မှ လွိုင်ကော်သို့လေကြောင်းဖြင့်၊ လွိုင်ကော်မှ CBT Site ရှိရာသို့ မော်တော် ကားဖြင့် တိုက်ရိုက်
၃) ရန်ကုန်မှ ဟဲဟိုးသို့လေကြောင်းဖြင့်၊ ဟဲဟိုးမှ ညောင်ရွှေမြို့သို့ မော်တော် ကားဖြင့် ထိုမှတစ်ဆင့် CBT Site ရှိရာသို့ စက်လှေဖြင့်
၄) ရန်ကုန်မှ လွိုင်ကော်သို့လေကြောင်းဖြင့်၊ လွိုင်ကော်မှ ဖယ်ခုံမြို့သို့ မော်တော် ကားဖြင့် ထိုမှတစ်ဆင့် CBT Site ရှိရာသို့ စက်လှေဖြင့်
CBT Site (Time) သို့လာရောက်လည်ပတ်ရန်သင့်လျော်သောအချိန်
CBT Site သည် ညောင်ရွှေ (သို့မဟုတ်) ဖယ်ခုံဘက်မှရေကြောင်းဖြင့်လည်းကောင်း၊ ညောင်ရွှေ (သို့မဟုတ်) လွိုင်ကော်ဘက်မှ ကားလမ်းဖြင့်လည်းကောင်း တစ်ဆယ့်နှစ်လ ရာသီပတ်လုံး လာရောက်လည်ပတ်ရန်သင့်လျော်ပြီး မည်သည့်အခက်အခဲမျှမရှိပါ။
CBT Site တာဝန်ခံ၏ဆက်သွယ်ရန်လိပ်စာ
ခွန်အောင်မင်း
လွယ်နွဲ့ဘုရားတောင် CBT တာဝန်ခံ
095210857
cbt.phayartaung@gmail.com