လူထုအခြေပြု ခရီးသွားလုပ်ငန်း ( CBT ) ၊ ( မကျည်းကန်ကျေးရွာ ) ကို ( ၂၅.၈.၂၀၁၆ ) ရက်နေ့မှစ၍ ဝါးအိမ်(၂)လုံး (အသစ်တစ်လုံး၊ အဟောင်းတစ်လုံး) ၊ တစ်ထပ်တိုက်တစ်လုံး တို့အား ရက်(၁၀၀) စီမံချက်ဖြင့် ပြုပြင်ဆောက်လုပ်၍ (၃၀.၁၀.၂၀၁၆) ခုနှစ်တွင် ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပါသည်။
(၁) မကျည်းကန်ကျေးရွာသည် ပုဂံရှေးဟောင်းမြို့တော်နှင့် ကားနှင့်လာလျှင် တစ်နာရီခန့် အတွင်းရောက်ရှိနိုင်ပါသည်။ စလေမြို့၏ အရှေ့ဘက်(၂)မိုင်အကွာတွင် တည်ရှိပြီး၊ အိမ်ခြေ (၁၂၇)လုံး၊ လူဦးရေ (၄၅၀)ရှိ၍ ရွာတွင် နှစ်ပေါင်း (၁၅၀)ခန့်ရှိသော မန်ကျည်းပင်များနှင့် လူ၊ ကျွဲ၊ နွား တိရိစ္ဆာန်များ သောက်သုံးရန် ရေကန်တွင် အရိပ်ရသစ်ပင်ကြီးများရှိ၍ သာယာအေးမြသော ရွာ တစ်ရွာဖြစ်ပါသည်။
မကျည်းကန်ရွာအား ဥမင်ကိုးပေါက်လျှပ်စစ်မြစ်ရေတင် ရေမြောင်းကြီးသည် ရွာကို ပါတ်လည်ဝိုင်းပြီး ရွာ၏ ပါတ်ဝန်းကျင်တွင် စိုက်ပျိုးခြံ၊ လယ်ကွင်းများ ဝိုင်းရံထားသဖြင့် လယ် ကွင်းပြင်မှ ဖြတ်သန်းလာသော လေနုအေးများကို ခံစားနိုင်ပါသည်။
ကျေးရွာနေလူတန်းစားများသည် စလေဓါတ်မြေဩဇာစက်ရုံဝန်ထမ်းများ၊ ကျောင်းဆရာ/ ဆရာမ များ၊ ပန်းရံ၊ လက်သမားနှင့် လယ်ယာလုပ်သားများ ဖြစ်ပါသည်။
စိုက်ပျိုးရေးမှာ နွေစပါး၊ မိုးစပါး၊ မိုးရာသီ ပဲမျိုးစုံစိုက်ပြီး ကျွဲ၊ နွား တိရိစ္ဆာန်မွေးမြူခြင်း၊ ရိုးရာမုန့်လုပ်ခြင်း၊ ဆီဆုံလုပ်ငန်း၊ ဇီး နှင့် မန်ကျည်းဖျော်ရည်လုပ်ငန်းများ လုပ်ကိုင်ကြပါသည်။
CBT Site အနီးတဝိုက် လည်ပတ်နိုင်သော နေရာများ
စလေမှ ၄ မိုင်ကွာဝေးသော ရှေးဟောင်းရှင်ပင်စာကြိုဘုရားနှင့် ၇ မိုင်ခန့်ဝေးသော ပခန်းငယ်(ပုဂံငယ်)မှရှေးဟောင်းကျောင်းနှင့်စေတီပုထိုးများ၊ဧရာဝတီမြစ်၏ ရှုခင်းများကို ရခိုင်မုနိဘုရားကုန်းပေါ်မှ Sunset နေဝင်ချိန်ကို ကြည့်ရှုခြင်း၊CBT ကျေးရွာပါတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စက်ဘီးစီး၍ လေ့လာနိုင်ခြင်း၊ မြန်မာ ဒိုးပတ် အတီးအကဖြင့် ကြိုဆိုခြင်း၊ ရွာတွင်းသို့ နွားလှည်းများစီး၍ လှည့်လည် ကြည့်ရှုနိုင်ပါသည်။
CBT Site သွားရောက်လည်ပတ်နိုင်သောအချိန်
၁၀ လပိုင်း ၁၁ လ ၁၂ လ ၁ လပိုင်း ၂ လပိုင်း
Oct Nov Dec Jan Feb
CBT Site သွားရောက်လည်ပတ်နိုင်သော လမ်းကြောင်းများ
CBT Site တာဝန်ခံ ဆက်သွယ်ရန်လိပ်စာ
ဦးပန်းမွှေး CBT ဥက္ကဌ
စလေ မကျည်းကန်ကျေးရွာအုပ်စု
မကျည်းကန်ကျေးရွာ
ချောက်မြို့နယ်။
Ph ~ 09 – 2591 64625 , 09 – 788 38 2718
e-mail : tamarindlake(cbt)@gmail.com
: tamarindlakecbtsalay@gmail.com
ဦးတင်မောင်ဦး
စလေ မကျည်းကန်ကျေးရွာအုပ်စု
မကျည်းကန်ကျေးရွာ
ချောက်မြို့နယ်။
Ph ~ 09 – 42000 7927 , 09 – 79299 6576