မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ် ကြောင်း သက်သေခံနေသည့်အပြင် ၎င်းရုပ်ကြွင်းများမှာ အစိုးရအတွက် ဂုဏ်ယူစရာကိစ္စ တစ်ရပ် လည်းဖြစ်သည်။ ယူနက်စ်စကို ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်စာရင်းဝင်အဖြစ် စာရင်းသွင်းခြင်းခံရ သော ပျူမြို့ဟောင်းအချို့တို့အားလည်း မကွေးတိုင်းဒေသကြီးအတွင်းတွင် တွေ့နိုင်သည်။ မြစ်အနီး (သို့မဟုတ်) မြစ်နှင့်အတန်ငယ်ဝေးကွာသော နေရာများတွင် နေထိုင်ကြသော ဒေသခံများမှာ ၎င်း ဧရာဝတီမြစ်အား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကထား အသုံးပြုကြသည်။ မကွေးတိုင်း ဒေသသည် လှပသော သဘာဝတရားများနှင့် လေးနက်မှုရှိသော သမိုင်းဝင်ဒေသတစ်ခုဖြစ်သည်။ ခရီးသွားဧည့်သည်များအနေဖြင့်လည်း အံ့သြဖွယ်ရာကောင်းသော ဗိသုကာလက်ရာများကို လေ့လာ ခြင်းဖြင့် ၎င်းဒေသ၏ အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ အဓိကကိုးကွယ်သည့် ဗုဒ္ဓဘာသာ ဆိုင်ရာ အကြောင်းအရာများကို လေ့လာနိုင်ကြပါသည်။
မကွေးတိုင်းတွင် မြန်မာ(ဗမာ)လူမျိုးများ အဓိကနေထိုင်ကြပြီး အခြားတိုင်းရင်းသား လူမျိုးများဖြစ်သော ချင်း၊ရခိုင်၊ ရှမ်းနှင့် ကရန်းလူမျိုးများလည်းနေထိုင်ကြသည်။အဓိကအားဖြင့် မြန်မာ(ဗမာ)စကားကို အသုံးပြုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်စယာန်၊ အစ္စလာမ်ဘာသာကိုးကွယ်သူ များအသီးသီးနေထိုင်ကြသည်။
မကွေးတိုင်းဒေသကြီးသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့နှင့် နီးစပ်စွာတည်ရှိသည်။ တည်နေရာအကျယ်အဝန်းအားဖြင့် ၄၄၈၂၀.၆ ကီလိုမီတာ (၁၇၃၀၅.၃ စတုရန်းကီလိုမီတာ) ရှိပြီး အပူပိုင်းခြောက်သွေ့ဒေသ ရာသီဥတုကို ပိုင်ဆိုင်ထားသည်။
သယ်ယူပို့ဆောင်ရေး၊ သွားလာရေးတို့အနေဖြင့် ကုန်းကြောင်းအား အဓိကအသုံးပြုပြီး နှမ်းကဲ့သိုသော ကောက်ပဲသီးနှံအမျိုးမျိုးနှင့် အခွံမာသီးများ စိုက်ပျိုးခြင်းဖြင့် ထင်ရှားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဆီနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု အမြင့်ဆုံးဒေသတစ်ခုဖြစ်သည်။
မြသလွန်ဘုရားသည် မကွေးတိုင်း၏ အထင်ကရဘုရားတစ်ဆူဖြစ်သည်။ ဧရာဝတီမြစ် ကမ်းပေါ်တွင် တည်ရှိသော မြသလွန်ဘုရားသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က အချိန်နှင့်ပတ်သက်၍ ထင်ရှားသော ဆက်သွယ်မှု ရှိသည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဤဒေသသို့ ဒေသစာရီကြွရောက်ခဲ့ရာတွင် ဤမြသလွန်ဘုရားတွင် ကျိန်းစက်ရန် နေရာအဖြစ် သတ်မှတ်ဌာပနာထားခဲ့ပါသည်။ ဘုရားဖူးဧည့်သည်များသည် မြသလွန်ဘုရား၏ အံ့သြ ချီးမွမ်းဖွယ်ကောင်း၍ သပ္ပာယ်လှသော ဗိသုကာလက်ရာအား ရိုသေပူဇော်လေ့ရှိကြသည်။
နဂါးပွက်တောင်သည် မြသလွန်ဘုရား၏ ညာဘက်မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး နောင်လာနောင်သားများအတွက် ဒေသခံများထံမှ ကြားသိရသော စိတ်ဝင်စားဖွယ်ရာ သမိုင်း ကြောင်းနှင့်အတူ သမိုင်းဝင်ရှားပါးသော ပထဝီဝင်နေရာ ဒေသတစ်ခုဖြစ်သည်။ ၎င်း တောင်ပေါ်တွင် နဂါးတစ်ကောင်နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ယုံကြည်ကြသည်။ ထို့ပြင်၎င်းမီးငြိမ်းတောင် ပေါ်ရှိ ရွံပွက်ရာများသည် နဂါးအသက်ရှုလိုက်သောကြောင့် ဖြစ်လာရသည်ဟု ယုံကြည်ကြသည်။ ကားဖြင့် သွားရောက်ကြည့်ရှုနိုင်ပါသည်။
ရွှေစက်တော်ဘုရားအား စက်တော်ရာဘုရားဟုလည်း လူသိများပြီး မြတ်စွာဘုရား၏ ခြေတော်ရာများ တည်ရှိခြင်းကြောင့်လည်း ကျော်ကြားလှသည်။ ရဟန်းတော်နှစ်ပါးဖြစ်သည့် ရဟန္တာဆည်းဆာဗန်ဒ နှင့် နာဂနာမန်ဒတို့အတွက် ခြေတော်ရာခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ခြေတော် ရာတစ်ဖက်ချင်းစီသည် တောင်ပေါ်နှင့် မြစ်ကမ်းပေါ်တွင် အသီးသီးထားရှိတော်မူစေခဲ့သည်။ ရွှေစက်တော်ဘုရား မှာ သစ်တောဝန်းရံလျက်ရှိပြီး ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝယှဉ်တွဲ တည်ရှိနေသော နေရာတစ်ခုဖြစ်သည်။
စန္ဒကူးကျောင်းတော်ရာဘုရားသည် ပွင့်ဖြူမြို့နယ်ရှိ လယ်ကျင်းကျေးရွာတွင် တည်ရှိ သည်။ မြတ်စွာဘုရားသည် ရဟန္တာပေါင်း (၅၀၀)နှင့်အတူ တရားဟောကြားရန် ဘုန်းကြီး ကျောင်းသို့ ကြွချီလာခဲ့သည်။ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိနေစဉ် သက္ကရာဇ် (၁၆၀၄) ခုနှစ်တွင် အလောင်းစည်သူမင်းတရားသည် တိုင်းခန်းလှည့်လည်ချိန်တွင် ၎င်းဘုန်းကြီးကျောင်း နေရာတွင် ယခုလက်ရှိ ကျောင်းတော်ရာဘုရားအား တည်ထားကိုးကွယ်ခဲ့သည်။ စန္ဒကူးကျောင်းတော်ရာ ဘုရားသည် အနီးအဝေး၊အပေါ်အောက် ရှုထောင့်မျိုးစုံမှ ကြည့်ရှု၍ ခမ်းနား ကြီးကျယ်လှသည်။
ဤဘုန်းကြီးကျောင်း၏ ခမ်းနားသော ဗိသုကာလက်ရာတွင် တိုင်ပေါင်း(၂၄၅)တိုင် ပါဝင် သည်။ မီတာ(၃၀) အရှည်ရှိပြီး (၁၂၄၀) မီတာ အကျယ်အဝန်းရှိသော ရုပ်စုံကျောင်းသည် ၎င်း၏ ရှပ်ထွေး၍ သေသပ်လှပသော လက်မှုနှင့် ပန်းပုလက်ရာများအား ကြည့်ရှုလေ့လာရန် ကမ္ဘာ တစ်ဝန်းလုံးမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည်။ မြန်မာသက္ကရာဇ် (၁၈၆၈) ခုနှစ်တွင် စလေမြို့၌ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ လှပသော ဒီဇိုင်းနှင့် ဗိသုကာလက်ရာ များကို ပြသနေသော ဘုရားများထဲမှ တစ်ဆူအပါအဝင်ဖြစ်သည်။
စစ်သမိုင်းပြတိုက်တွင် အင်္ဂလိပ်စစ်တပ်နှင့် မြန်မာစစ်သားများ ပါဝင်သော စိတ်ဝင်စား ဖွယ်သမိုင်းတစ်ခုရှိသည်။ သက္ကရာဇ် (၁၈၈၆) ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်အား ဗိုလ်မှူး အကင်တန် ခေါင်းဆောင်၍ မြန်မာမျိုးချစ်စစ်သားများအား တိုက်ခိုက်ရန် ချီတက်လာခဲ့သည်။ တိုက်ခိုက်မှုသည် (၄)ရက်ကြာမြင့်ခဲ့ပြီး ဗိုလ်မှူး အကင်တန်အပါအဝင် အင်္ဂလိပ်စစ်သား(၁၅၀) ကျဆုံးခဲ့သည်။ အင်္ဂလိပ်စစ်သား(၁၉)ယောက်၏ အုတ်ဂူကျောက်တိုင်များကို တွေ့ရှိနိုင်သည်။
ဗိဿနိုးမြို့ဟောင်းသည် ၂၀၁၄ ခုနှစ်တွင် ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့(၃) မြိုအနက် တစ်မြို့အပါအဝင်ဖြစ်သည်။ ရှေးဟောင်းသုတေသနဌာနသည် ဗိဿနိုးမြို့ဟောင်းတွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ကျော်သက်တမ်းရှိ မြေပုံအစု (၅၀) ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ မြို့ နယ်နိမိတ်နှင့် နန်းတော်သည် ထိခိုက်ပျက်စီးမှုမရှိဘဲ အဆောက်အဦး ဖွဲ့စည်းတည်ဆောက်ထားမှု များကို မူလအတိုင်းရှိအောင် ထိန်းသိမ်းထားဟန်တူသည်။ မြို့တစ်ခုလုံးသည် စတုရန်းမီတာ ၉၀၀ ကျယ်ဝန်းပြီး မကွေးမြို့မှ ၆၄ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
အထိမ်းအမှတ်နေရာသည် ပထမကမ္ဘာစစ်အတွင်းတွင် အင်္ဂလိပ်စစ်တပ်က မြန်မာစစ်သား များကို အလုပ်သမားများအဖြစ် ထိန်းသိမ်းခံခဲ့ရသော စခန်းဖြစ်သည်။ စစ်ပွဲအတွင်းတွင် မြန်မာ စစ်သား (၁၂၀၀၀) ကျော်ကို ကျွန်အဖြစ် အင်္ဂလိပ်စစ်တပ်က ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုစစ်သား များကို မီးရထားသံလမ်းများ၊ တံတားများတည်ဆောက်ရာတွင် အလုပ်သမားများအဖြစ် ခိုင်းစေခံခဲ့ ရပြီး စစ်သား (၁၆၀၀)ခန့်သည် အလုပ်ပင်ပန်းမှုဒဏ်နှင့် ညှင်းပန်းနှိပ်စက်မှုဒဏ်တို့ကြောင့် သေဆုံး ခဲ့ရပါသည်။
မြန်မာ့လူငယ်အင်ဂျင်နီယာများသည် မင်းလှခံတပ်ကို တည်ဆောက်ရန်အတွက် နိုင်ငံခြားမှ အင်ဂျင်နီယာများဖြစ်သော ပြင်သစ်နိုင်ငံသားနှင့် အီတလီနိုင်ငံသားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ သည်။ ဆောက်လုပ်ရေးကို Comoto Peree နှင့် Mole Norie တို့မှ ဦးဆောင်ခဲ့ပြီး ကနောင် မင်းသား(၁၈၆၀-၁၈၆၁)က လမ်းညွှန်မှုပြုခဲ့ပါသည်။ ခံတပ်သည် ၆၂မီတာရှည်ပြီး အကျယ် ၅၇ မီတာနှင့် အမြင့် ၉ မီတာရှိပါသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး ကားဖြင့် လွယ်ကူစွာသွားရောက်နိုင်ပါသည်။
ဂွေးချောင်းခံတပ်ကိုလည်း မင်းလှခံတပ်တည်ဆောက်ခဲ့သော အင်ဂျင်နီယာများက တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ မင်းလှခံတပ်နှင့်ထောင့်ဖြတ်အနေအထားနေရာတွင် တည်ရှိပြီး ကမ္ဘာလှည့်ခရီးသည် များအနေဖြင့် တစ်နေ့တည်းတွင် ခံတပ် (၂) ခုလုံးသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ ခံတပ်နံရံ များတွင် စစ်သားများ ခံတပ်အတွင်းမှ ပစ်ခတ်နိုင်ရန် အပေါက်များဖောက်ထားပါသည်။ ခံတပ်တွင် စစ်တန်းလျားများ၊ စစ်တပ်ဆိုင်ရာနေရာများ၊ အခန်းများနှင့်စစ်ပွဲအတွင်း ဆင်များကို ထိန်းသိမ်းရန် လှိုဏ်ခေါင်းများ ရှိပါသည်။
ရုပ်စုံကျောင်းသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပြီး ဧရာဝတီမြစ်အနီးတွင် တည်ရှိ သည်။ ကျောင်းရှိထင်ရှားသောသစ်သားပန်းပုများကကျောင်းကိုအလှဆင်လျက်ရှိသည်။ ပြည်တွင်း/ ပြည်ပဧည့်သည်များသည် လက်ဖြင့်သေချာထွင်းထုထားသော ကျောင်းနံရံပေါ်ရှိ ပန်းပုရုပ်တုများကို နှစ်သက်စွာခံစားနိုင်ပြီး ထိုရုပ်စုံကျောင်းသည် မကွေးဒေသတွင် ဧည့်သည်လာရောက်မှုအများဆုံး နေရာတစ်ခုဖြစ်ပါသည်။ ကုန်းဘောင်မင်း၏ မွေးရပ်ဇာတိဖြစ်သော စလေမြို့တွင် တည်ရှိပါသည်။
ရွှေစက်တော်ဘေးမဲ့တောသို့ ကားဖြင့်လွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ပြီး မိသားစုများ လည်ပတ်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ ဧရိယာသည် ၅၅၃စတုရန်းကီလိုမီတာကျယ်ဝန်း ပြီး သစ်ပင်ပန်းမန်မျိုးစုံနှင့် ရှားပါးသော ငှက်မျိုးစိတ်များ၊ မြန်မာ့ကြယ်လိပ်များနှင့် ရွှေသမင်များ စသည့် တောကောင်များကို တွေ့ရှိနိုင်ပါသည်။ ၎င်းဘေးမဲ့တောကို ခြောက်သွေ့တောနှင့် စိုစွတ်တော ဟူ၍ (၂)ပိုင်းခွဲထားပြီး ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် ဘေးမဲ့တောအတွင်းရှိ ထူးဆန်းအံ့သြဖွယ် အတွေ့အကြုံများကို ခံစားနိုင်ပါသည်။
ဝက်သည်းကန်ဘေးမဲ့တောသည် ရွှေစက်တော်ဘေးမဲ့တောမှ မဝေးသောနေရာတွင် တည်ရှိပြီး သဘာဝ ကို ချစ်မြတ်နိုးသူများ သွားရောက်သင့်ပါသည်။ ၎င်းသည် စလင်းမြို့နယ်တွင် တည်ရှိပြီး ဧည့်သည် များအနေဖြင့် ဧရာဝတီမြစ်အနီးရှိ ၁၆၂ စတုရန်းမီတာ ကျယ်ဝန်းသော ရေကန်ကျယ် ကြီးနှင့် လှပသော သဘာဝအလှတရားများကို နှစ်သက်ဖွယ် တွေ့မြင်ခံစားနိုင်ပါသည်။ စိုစွတ်သော ကုန်းမြေနေရာကို သစ်ရွက်ခြောက်များက အလှဆင်လျက်ရှိပြီး သစ်တောပတ်ဝန်းကျင်သည် တိတ်ဆိတ်အေးချမ်းလျက်ရှိပါသည်။
ဘုရားဖူးဧည့်သည်များသည် စည်သူရှင်ဘုရားသို့ တရားထိုင်ရန်နှင့် ဘုရားဖူးရန် လာရောက်ကြ ပါသည်။ ဘုရားတွင် ရာစုနှစ်သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်များရှိပြီး အဖိုးမဖြတ်နိုင်သော ရုပ်ပွားတော်မှာ နံ့သာသားဖြင့် ထွင်းထုထားခြင်းဖြစ်သည်။ ထိုရုပ်ပွားတော်ကို ရွှေကြုပ်အတွင်း၌ ထိန်းသိမ်းထားပါသည်။ ကိုးကွယ်သူများက ကျောက်မျက်ရတနာများနှင့် လက်စွပ်များ စသည်တို့ ကို လှူဒါန်းထားကြပြီး ထိုလှူဒါန်းထားမှုများကို ရွှေကြုပ်တွင် ဝါယာကြိုးများဖြင့် ချိတ်ဆွဲထားပါ သည်။
ရွှေဂူဘုရားကို တည်ဆောက်ရန် နှစ်ပေါင်းများစွာ ကြာခဲ့ပါသည်။ အဖွဲ့အမျိုးမျိုးမှ လက်ရာအမျိုးမျိုး ဖြင့် တည်ဆောက်ခဲ့ကြပါသည်။ အလောင်းစည်သူမင်းကြီးမှ ဘာသာရေးအဆောက်အဦအဖြစ် ပထမဆုံးတည်ခဲ့ပြီး နှစ်ပေါင်းများစွာကြာသောအခါ ပျက်စီးသွားခဲ့သဖြင့် နောင်တွင်အလှူရှင်များမှ ပြန်လည်ပြင်ဆင်ခဲ့ပြီး ဘုရားရှိခိုးခန်း၊ ကျောင်းဆောင်များနှင့် စင်များ တည်ဆောက်ထားကြပါသည်။ လှူဒါန်းသူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် ရွှေဂူဘုရားသည် ယခုအခါတွင် ဧည့်သည် များ လည်ပတ်ရာတွင် ပြီးပြည့်စုံလျက်ရှိပါသည်။
မန်းရွှေစက်တော်ဘုရားပွဲသည် အထက်မြန်မာပြည်လူမျိုးတို့၏ အထင်ကရ ပွဲတော်တစ်ခု ဖြစ်ပါသည်။ လူအများ တစ်စုတစ်စည်းတည်းစုပေါင်း၍ ဘုရားပွဲတော်သွားကြပါသည်။ ဘုရား ပွဲတော်သည် ဖေဖော်ဝါရီလအလယ်မှ ဧပြီလအလယ်အထိ နိုင်ငံတကာခရီးသွားဧည့်သည်များနှင့် ဒေသခံဘုရားဖူးများဖြင့် စည်ကားဆုံးအချိန်ဖြစ်ပါသည်။
ပွဲတော်ကို မြသလွန်ဘုရားတွင် ကျင်းပပါသည်။ ပွဲတော်အတွင်း ဘုန်းတော်ကြီးများအား အလှူရှင်များနှင့် ဒေသခံများက အရသာရှိသော အစားအစာများကို ဆက်ကပ်လှူဒါန်းကြပါသည်။ ညအချိန်တွင် ဘုရားအား ဆီမီးများဖြင့် ပူဇော်ထားသည်မှာ သပ္ပာယ်လှပသော ဘုရားကို ဖူးမျှော်နိုင် ပါသည်။
ဤပွဲတော်ကို ဧပြီလအလယ်တွင် ကျင်းပလေ့ရှိပြီး ဗုဒ္ဓဘာသာလူမျိုးတို့၏ မြတ်နိုးတန်ဖိုး ထားသော ပွဲတော်လည်းဖြစ်ပါသည်။ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် ကျင်းပကြပါသည်။ ဒေသခံများသည် တစ်ဦးနှင့်တစ်ဦး၏ နှစ်ဟောင်းမှ အညစ်အကြေးများ၊ အဆိုးများကို ရေဖြင့် ပတ်ဖြန်းဆေးကြောကြပါသည်။ ၎င်းတို့သည် မိသားစုနှင့် သူငယ်ချင်းများအကြား အချင်းချင်း ဆုမွန်ကောင်းများ ပြုလုပ်ပေးကြပါသည်။