မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားရာမြို့ဖြစ်ပါသည်။ မြို့၏နာမည်အား မန္တလေးတောင်ကိုအစွဲပြု၍ပေး ထားခြင်းဖြစ်ပြီးယခင်မင်းနေပြည်တော်ဖြစ်ပါသည်။ မန္တလေးမြို့ကို မင်းတုန်းမင်းတရားကြီးက ၁၈၅၇ခုနှစ်တွင် မန္တလေးတောင်ခြေအနီး၌တည်ထားခဲ့ပါသည်။ သာသနာသက္ကရာဇ်နှင့် ၂၄၀၀ တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် မင်းနေပြည်တော်ကြီး ပေါ်ထွက်လာမည်ဟူသော နမိတ်အရ အဆိုပါ နှစ်တွင် မြို့တည်ထောင်ခဲ့ပါသည်။မန္တလေးမြို့အနေဖြင့် အင်္ဂလိပ်တို့စတင်အုပ်ချုပ်သည့် ၁၈၈၅ခု မတိုင်ခင်အထိမြို့တော်အဖြစ် တည်ရှိခဲ့ပါသည်။ မန္တလေးမြို့သည် ယဉ်ကျေးမှုလက်ရာစုံလင်စွာဖြင့် ပြုလုပ်ထားသည့်နန်းတော်နှင့် ဧရာဝတီမြစ်မှနေ၍ နေဝင်ဆည်းဆာအလှများကို ခံစားနိုင်ရန်အတွက် ရက်အတော်ကြာအချိန်ယူ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓ လေ့ စရိုက် များကိုလည်း လေ့လာနိုင်သည့်မြို့ဖြစ်ပါသည်။
ဗမာ၊ ကရင်၊ ကယား၊ ချင်း၊ ပအို့ဝ်၊ မွန်၊ နှင့် ရှမ်းအနွယ်ဝင်လူမျိုးများနေထိုင်ကြပြီး ဗမာ၊ ရှမ်း၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားများ ပြောဆိုလေ့ရှိကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာတို့အား ကိုးကွယ်ကြသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းမရှိဘဲ အပူပိုင်းဒေသကဲ့သို့ သင့်တင့်သော ရာသီဥတုရှိပါသည်။ ဧရိယာအကျယ် အဝန်းမှာ ၃၇၀၂၄ စတုရန်း ကီလိုမီတာ/ ၁၄၂၉၅မိုင် ရှိပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။
မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် တည်ရှိခဲ့ရာမြို့ဖြစ်သော မန္တလေးမြို့တော်ကြီးသည် ယဉ်ကျေးမှုမြို့တော် အဖြစ်သတ်မှတ်ခြင်းခံရသော မြို့တော်ဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် ကောက်ခံသော အချက်အလက်များအရ မန္တလေးမြို့တွင် လူဦးရေ ၆.၁ သန်း နေထိုင်လျက်ရှိသည်။
မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားရာမြို့ ဖြစ်ပါသည်။ မြို့၏နာမည်အား မန္တလေးတောင်ကိုအစွဲပြု၍ပေး ထားခြင်းဖြစ်ပြီး ယခင်မင်းနေပြည်တော်ဖြစ်ပါသည်။ မန္တလေး မြို့ကို မင်းတုန်းမင်းတရားကြီးက ၁၈၅၇ခုနှစ်တွင် မန္တလေး တောင်ခြေ အနီး၌တည်ထားခဲ့ပါသည်။ သာသနာ သက္ကရာဇ် ၂၄၀၀ တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် မင်းနေပြည်တော်ကြီး ပေါ်ထွက်လာမည်ဟူသော နမိတ်အရ အဆိုပါ နှစ်တွင် မြို့တည်ထောင်ခဲ့ပါသည်။ မန္တလေးမြို့အနေဖြင့် အင်္ဂလိပ်တို့ စတင်အုပ်ချုပ်သည့် ၁၈၈၅ခု မတိုင်ခင်အထိမြို့တော်အဖြစ် တည်ရှိခဲ့ပါသည်။ မန္တလေးမြို့သည် ယဉ်ကျေးမှုလက်ရာ စုံလင်စွာဖြင့် ပြုလုပ်ထားသည့်နန်းတော်နှင့် ဧရာဝတီမြစ်မှ နေ၍ နေဝင်ဆည်းဆာအလှများကို ခံစားနိုင်ရန်အတွက် ရက်အတော်ကြာအချိန်ယူ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှုဓ လေ့ စရိုက် များကိုလည်း လေ့လာနိုင်သည့်မြို့ဖြစ်ပါသည်။
မြန်မာနိုင်ငံကို ယဉ်ကျေးမှုများပေါင်းစုံတည်ရှိရာနိုင်ငံအဖြစ် ထိုက်တန်စွာ နာမည်ပေးအပ်ကြပါသည်။ ၎င်းအပြင် များပြား လှစွာသော ယဉ်ကျေးမှုအထိမ်းအမှတ် အဆောက်အအုံများ သမိုင်းဝင် အဆောက် အဦးများလည်း ပိုင်ဆိုင်ထားရှိပါသည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မဟာမြတ်မုနိ ဘုရား အနီးရှိ ကျောက်ဆစ်တန်းသို့ သွားရောက်၍လည်းလေ့လာနိုင်ပါသည်။ မန္တလေးသည် သစ်သား ပန်းပုလက်ရာများ နာမည်ကျော်သဖြင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် သစ်သားပန်းပုထုလုပ်သည့် အလုပ်ရုံများအပြင် ကြေးသွန်းခြင်း အိုးလုပ်ငန်းများလုပ်သည့် ကျေးရွာများနှင့် ပိုးထည်ရက်လုပ်သည့် လုပ်ငန်းများကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များ အတွက် အမှတ်တရပစ္စည်းများ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ကို အလွယ်တကူဝယ်ယူနိုင်ပြီး မန္တလေးဈေးချိုသည် အချက် အချာနေရာ၌တည်ရှိပြီး ကုန်စုံဆိုင်များ စားသောက်ကုန်များမှ သည် လက်ဝက်ရတနာရွှေဆိုင်များအထိ စုံလင်စွာဝယ်ယူ ရရှိနိုင်ပါသည်။ မန္တလေးမြို့၌ (၁၈) ကျင်းဝင်ဂေါက်ကွင်း နှစ်ခု ရှိပြီး မန္တလေးမြို့အပြင်ဘက် (၁၂) မိုင်အကွာ၌ တည်ရှိပါသည်။ မန္တလေးမြို့ အား လည်ပတ်ရာတွင် နာမည်ကျော်ဒေသထွက် အစား အသောက်များကို မြည်းစမ်းခြင်းမရှိပါက လည်ပတ်မှုမှာ မပြည့်စုံဟု ဆိုရလောက်အောင်စားချင်စဖွယ် အစားအသောက် မျိုးစုံကိုလည်း ရရှိနိုင်ပါသည်။
ဧရာဝတီမြစ်သည် နိုင်ငံ၏အဓိကကျသောမြစ်တစ်စင်းဖြစ်သကဲ့သို့ စီးဆင်းရာတစ်လျှောက်ရှိ မြို့ကြီးမြို့ငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုစွမ်းဆောင်ပေးနေသော မြစ်ဖြစ်ပါသည်။ မန္တလေးမြို့ အနေဖြင့် လူဦးရေထူထပ်စွာ နေထိုင်သည့်မြို့များအနက် တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ကီလို မီတာ အနည်းငယ်ကွာဝေးသောနေရာ၌ မြို့ငယ်များစွာရှိပြီး ကမ္ဘာလှည့်ခရီးသွားများကို လေ့လာချင်စဖွယ် ဆွဲဆောင်လျက်ရှိပါသည်။ ထင်ရှားသောနေရာ တစ်ခုကတော့မန္တလေးမြို့မှ(၁၀)ကီလိုမီတာ အကွာ၌ ရှိသည့် မင်းကွန်းဖြစ်ပါသည်။ ၎င်းကိုသွားရောက်လည်ပတ်မည် ဆိုပါကနေ့ဝက်ခန့် အချိန်ပေးရ မည်ဖြစ်ပါသည်။မင်းကွန်၌ထုထည်ကြီးမားပြီးအပြီးသတ်မတည်ဆောက်နိုင်ခဲ့သော မင်းကွန်းပုထိုး တော်ကြီး၊ မင်းကွန်းခေါင်းလောင်းနှင့် ဆင်ဖြူမယ်ဘုရားတို့ ရှိပါသည်။ အခြားထင်ရှားသော သမိုင်းနောက်ကြောင်းများ ခိုင်မာစွာရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လေ့လာလည်ပတ်နိုင်သော နေရာတစ်ခုမှာ အင်းဝမြို့ဟောင်းဖြစ်ပါသည်။ မန္တလေးမြို့နှင့် (၂) ကီလိုမီတာကွာဝေးပြီး ၁၄ ရာစုမှ ၁၉ ရာစုထိ မင်းများနေထိုင်ခဲ့သော မြို့တော်တစ်ခုလည်း ဖြစ်ပါသည်။ အင်းဝ၌ မဟာအောင်မြေ ဘုံစံဘုန်းကြီး ကျောင်း နှင့် ဗားဂရားကျောင်းတို့သည် ထင်ရှားပြီး မီတာ (၁၂၀၀) ခန့်ရှည်လျားသော အင်းဝနှင့် စစ်ကိုင်းကိုဆက်သွယ်ပေးသည့် တံတားတစ်စင်းလည်းရှိပါသည်။ အိုးလုပ်ငန်းလုပ်ကိုင် သည့်နာမည်ကျော် ရန္တပိုရွာနှင့် နွယ်ငြိမ်းကျေးရွာများရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လေ့လာနိုင်ပါသည်။
မန္တလေးမြို့သည် ပြတိုက်နှင့် တော်ဝင်နန်းတော်တည်ရှိရာ ရှေးဟောင်းတော်ဝင်မြို့တော်တစ်မြို့ဖြစ်သည်။ ၎င်းနန်းတော်၏ ဝင်ပေါက်တစ်ခုစီတွင် (၁၂)ရာသီခွင်ပါရှိသည့် ဝင်ပေါက်(၁၂)ခုနှင့် ပြသာဒ်အိုး(၄၈)ခု ပါရှိသော (၂)ကီလိုမီတာ ရှည်လျားသည့် တံတိုင်းကြီး(၄)ခုဖြင့် ဝန်းရံထားသော စတုရန်းသဏ္ဍာန် မြို့ခံတပ်ပေါ်တွင်တည်ရှိသည်။ မြို့ခံတပ်ကို ရင်သပ်ရှုမောဖွယ်ကောင်းသော (၆၀)မီတာကျယ်ဝန်းသည့် ကျူံးကြီးနှင့် တံတားအသွယ်သွယ်များဖြင့် ဝန်းရံထားသည်။ ယင်းတွင် စုဝေးရာခန်းမများ၊ ရာဇာပလ္လင်ခန်းမများ၊ ဘုန်းကြီးကျောင်းတစ်ဆောင်၊ ကင်းမြင့်မျှော်စင်၊ ခုံရုံးအဆောက်အဦး၊ ဗုဒ္ဓစွယ်တော်ထားရှိရာအဆောက်အဦးနှင့် စာကြည့်တိုက်တစ်ခုတို့ စုဝေးတည်ရှိသည်။
မန္တလေးတောင်သည် မန္တလေးမြို့လယ်၏ မြောက်ဘက်တွင် တည်ရှိပြီး (၂၃၀)မီတာအမြင့်ရှိသည်။ ၎င်းမှနေ၍ ဘုရားစေတီကျောင်းဆောင်များကို အစက်အပြောက်များကဲ့သို့သာ လှမ်း၍မြင်ရသည်။ အထူးသဖြင့် နေထွက်ချိန်နှင့်နေဝင်ချိန်တွင် မြို့၏ဒဏ္ဍာရီဆန်ဆန် ခမ်းနားလှသည့် ပန်းချီကားတစ်ချပ်အတွက် တောင်၏တောင်ဘက်အခြမ်းအတက်လမ်းရှိ စောင်းတန်းမှ ဖိနပ်မပါပဲ တက်ရခြင်းသည် ထိုက်တန်သည်ဟုယူဆ၍ရသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ကားဖြင့်တောင်ပေါ်သို့တက်နိုင်သော်လည်း အရောင်စုံလှည့်ဘုရားဖူးဧည့်သည်အစီအတန်းများနှင့် ကုန်ပစ္စည်းများရောင်းချသော လက်ပွေ့သည်များကို တောင်အတက်လမ်းတွင်မြင်ရသောကြောင့် လမ်းလျောက်၍လည်းတက်ကြသည်။ အတက်ခရီးတွင် ထူးခြားလှသည့် လျှပ်တပြတ် မြင်ကွင်းများကိုကြည့်ရူ့နိုင်သည်။ တောင်ခြေတွင် မြို့ပြဆူညံသံများနှင့် အံသြဖွယ်ကောင်းလှသော သဘာဝရူ့ခင်းများကိုလည်း ခံစားနိုင်သည့် (၁၈)ကျင်းပါရှိသော ရွှေမန်းတောင်ဂေါက်ကွင်းလည်းတည်ရှိသည်။
အမရပူရမြို့သည် ကုန်းဘောင်မင်းဆက်၏ ရှေးဟောင်းမြို့တော်တစ်မြို့ ဖြစ်ပြီး ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြင့်လည်း ကျော်ကြားသည်။ ဖြိုဖျက်ခဲ့သော အဆောက်အဦးများမှ ပြန်လည်သိမ်းယူခဲ့သော ကျွန်းသစ်များကို အသုံးပြု၍ ၁၉ရာစုအလယ်ခန့်တွင် တည်ဆောက်ခဲ့သည့် ဦးပိန်တံတားသည် အထူးသဖြင့် ထင်ရှားလှသည့် အရိပ်ထင်ဟပ်စေသောနေဝင်ချိန် ညနေအစောပိုင်းတွင် မြင်ရသော ကျက်သရေရှိ၍ တောက်ပသော မြင်ကွင်းတစ်ခုဖြစ်သည်။ အနီးအနားတွင် သစ်သားရုပ်ပုံများ (၂၈၀၀၀)ကျော် ထွင်း၍ အလှဆင်ထားသော မဟာဝေယံဘုံသာ ဗားကရာဘုန်းကြီးကျောင်းသည်လည်း လည်ပတ်နိုင်သည်။
မင်းကွန်းမြို့သည် စစ်ကိုင်းတိုင်းအတွင်း ကျစ်လျစ်သပ်ရပ်သော မြစ်ကမ်းနားမြို့လေးဖြစ်ပြီး မန္တလေးမှ ၁၀ကီလိုမီတာကွာဝေးသော ဧရာဝတီမြစ်အနောက်ဘက် ကမ်းပါးပေါ်တွင်တည်ရှိသည်။ ၎င်းသည် ကျော်ကြားလှသည့် လေ့လာရေးခရီးစဉ်တစ်ခုဖြစ်ပြီး အနည်းဆုံးနေ့တစ်ဝက်ခန့် ယင်းမြို့၏ စွဲကျန်ရစ်စေသော မြင်ကွင်းများကို စူးစမ်းရင်းကုန်ဆုံးနိုင်သည်။ မင်းကွန်းသို့ စစ်ကိုင်းမှကားလမ်းဖြင့် သွားနိုင်သော်လည်း မန္တလေးမှ စက်လှေစီး၍သွားခြင်းကပို၍ကြည်နူးဖို့ကောင်းလှပါသည်။ မင်းကွန်း၏ကြီးမားလှသော သမိုင်းဝင်အထောက်အထားများသည် သမိုင်းတွင်ကျန်ရစ်ခဲ့သော ထင်ရှားလှသည့်သာဓကများအဖြင့် လက်ကိုင်ထားသည်။ မင်းကွန်းတွင် မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်းပုထိုးတော်ကြီးနှင့် ဆင်ဖြူမယ်ဘုရားကိုလည်းလေ့လာနိုင်သည်။
အင်းဝသည် ၁၄ရာစုမှ ၁၉ရာစုအတွင်း မင်းဆက်အများအပြား၏ မြို့တော်အဖြစ်တည်ရှိခဲ့ပြီး ဧရာဝတီမြစ်နှင့်မြစ်ငယ်မြစ်တို့၏ ကမ်းပါးပေါ်တွင် တည်ရှိသည်။ မန္တလေးမှ ၂၁ကီလိုမီတာခန့်ဝေးပြီး ၎င်း၏အဓိကဆွဲဆောင်သောအရာမှာ ၁၉ရာစုခေတ်က မဟာအောင်မြေဘုံဇံကျောင်းနှင့် ၁၈၃၀ခုနှစ်ပတ်ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ကြီးမားလှသည့် ကျွန်းတိုင်ကြီး ၃၀၀ နီးပါးဖြင့် ထောက်ကာ တည်ဆောင်ထားသည့် ဗားကရာကျောင်းတို့ဖြစ်ပါသည်။ ၎င်း၏ ကွေ့ကောက်လှသော သစ်သားပန်းပုလက်ရာကြောင့် ထင်ရှားလှသည်။
ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၇၀မီတာတွင် တည်ရှိပြီး တောင်ပေါ်အေးခဲသောရာသီဥတုဖြင့် အနီးဆုံးတောင်ပေါ်စခန်းမြို့ဖြစ်သည်။ ယင်းမြို့သည် မန္တလေး၏အပူဒဏ်ရှောင်ရာ အကောင်းဆုံနေရာလည်းဖြစ်သည်။ ပြင်ဦးလွင်၏ လန်းဆန်းလှသော ကိုလိုနီခေတ်တောင်ပေါ်စခန်းသည် ဗြိတိသျှတို့ စိုးမိုးစဉ်အခါက နွေရာသီဆုတ်ခွာရာအရပ်လည်းဖြစ်သည်။ မန္တလေးမှပြင်ဦးလွင်သို့ ရောက်ရှိရန် ၁နာရီနှင့်မိနစ်၃၀ကြာပြီး ကားလမ်းနှင့်သာမက ရထားလမ်းဖြင့်လည်း ရောက်ရှိနိုင်သည်။
ကျောက်တော်ကြီးဘုရားသည် အထင်ကရစကျင်ကျောက်ရုပ်ပွားတော်အနေဖြင့် ကျော်ကြားပြီး မန္တလေးတောင်ခြေတွင် တည်ရှိသည်။ ၁၈၆၅ခုနှစ်တွင် မင်းတုန်းမင်းမှတည်ခဲ့ပြီး လှပလှသော စကျင်ကျောက်အတုံးကြီး တစ်တုံးတည်းဖြင့် ကျောက်ဆစ်ထွင်းထားသော ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကြီးကျယ်လှသော ပွဲတော်များအနက် ကျောက်တော်ကြီးဘုရားပွဲသည် အောက်တိုဘာလတွင် ကျင်းပပြီး ကမ္ဘာအနှံ့မှ ဧည့်သည်များအား ဆွဲဆောင်ရာပွဲလည်းဖြစ်သည်။
ဘကြီးတော်မင်းတရားကြီးထီးနန်းမရခင် သုံးနှစ်ခန့်က သူ၏နောက်ဆုံးမိဖုရား ဆင်ဖြူမယ်မင်းသမီးကို အောက်မေ့ရည်စူး၍ ၁၈၁၆တွင် ဆင်ဖြူမယ်ဘုရားကို တည်ထားခဲ့သည်။ မြင့်မိုရ်တောင်ထိပ်တွင်ရှိသော စူဠာမဏိဘုရားကို ရည်စူး၍ တည်ခဲ့သည်။ စေတီပတ်လည်ရှိ လှိုင်းသဏ္ဍာန် လှေကားခုနှစ်သွယ်သည် မြင့်မိုရ်တောင်ပတ်လည်ရှိ တောင်ခုနှစ်လုံး ကိုယ်စားပြုသည်။ ၁၈၃၈ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး ၁၈၇၄ခုနှစ်တွင် မင်းတုန်းမင်းမှ ပြန်လည်ပြုပြင်ခဲ့သည်။
မဟာမြတ်မုနိရုပ်ပွားတော်သည် မန္တလေးမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ဤရုပ်ပွားတော်၏ထူးခြားချက်မှာ စိန်၊ပတ္တမြား၊နီလာနှင့် အမျိုးမျိုးသောကျောက်မြတ်ရတနာများ စီခြယ်ထားသော မကိုဋ်တော်နှင့် ၄မီတာအမြင့်ရှိ၍ ၆.၅တန်ကြေးပိဿာချိန်ရှိသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်၏မျက်နှာတော်ကို ရိုးရာအယမပြတ် နံနက်စောစောတွင် မျက်နှာသစ်တော်မူခြင်းကို နေ့စဉ်ဝတ်ပြုသူများက လုပ်ဆောင့်လေ့ရှိသည်။
အတုမရှိကျောင်းသည် မန္တလေးရွှေနန်းတော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ရွှေနန်းတော်မှ ၁၀မိနစ်ခန့် မောင်းလျှင်ရောက်နိုင်ပါသည်။ ၁၈၅၇ခုနှစ်တွင် မင်းတုန်းမင်းမှတည်ဆောက်ခဲ့ပါသည်။ ထိုကျောင်းတော်ကြီး၏မူလကျွန်းသစ်ကျောင်းတော်မှာ ဉာဏ်တော်ပေ၃၀ဖြင့်သည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ကျောင်းတော်ကိုဖျက်ဆီးခဲ့ငည့် မြို့တွင်းမှမီးဘေးအန္တရာယ်ကြောင့် ၁၈၉၀တွင် ပြာကျခဲ့ရသည်။ အထိမ်းအမှတ် အောက်မေစြရာတစ်ခုအဖြစ် နိုင်ငံတော်၏ ရှေးဟောင်းသုတေသနဌာနမှ ၁၉၉၆ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပြီး မန္တလေးမြို့၏ မသွားမဖြစ်နေရာတစ်ခုဖြစ်ပါသည်။
ကုသိုလ်တော်ဘုရားသည် မန္တလေးတောင်ခြေတွင် တည်ရှိပြီ ခရီးသွားများ၏ မဖြစ်မနေသွားသင့်သောနေရာများအနက်မှ တစ်ခုဖြစ်ပါသည်။ ဤဘုရားကို ၁၈၆၈ခုနှစ်တွင် မင်းတုန်းမင်းက တည်ထားကိုးကွယ်ခဲ့ပြီး တိပိတက္က ကျမ်းစာများပါဝင်သော စကျင်ကျောက်ပြားများဖြင့် ဝန်ရံထားပါသည်။ ထိုဘုရားသည် UNESCO မှတ်တမ်းများတွင် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး အဖြစ် သတ်မှတ်ခြင်းခံရသောကြောင့် ကျော်ကြားပါသည်။
ရွှေနန်းတော်ဘုရားကျောင်းသည် မန္တလေးမြို့၏ အတုမရှိကျောင်းအနီးနားတွင် တည်ရှိပါသည်။ ဘုရားကျောင်းသည် ကျွန်းအဆောက်အအုံဖြစ်ပြီး ထူးခြားသောအနုပညာလက်ရာများဖြင့်ပုံဖော်ထားပါသည်။ ထိုကျောင်းတစ်ခုလုံးကိုယခင်က ထူထဲသောရွှေများဖြင့် ဖုံးအုပ်ထားခဲ့သော်လည်း ယခုအခါ ပူပြင်းသောရာသီဥတုကြောင့် အတွင်းပိုင်းများတွင်သာ ကျန်ရှိပါတော့သည်။
ရန်တဘိုသည် မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသော ရွာတစ်ရွာဖြစ်ပါသည်။ ထိုနေရာသည် ၁၈၂၆ တွင်ရေးထိုးခဲ့သော အန်ဂလိုမြန်မာ ငြိမ်းချမ်းရေးစာချူပ်ကြောင့် ကျော်ကြားပါသည်။ ရန်တဘိုရွာသည် တစ်နေ့လျှင် အိုးအလုံး ၃၀ မှ ၅၀ အထိလုပ်နိုင်သော အိမ်ထိုင်အနုပညာသည်များ နှင့် လှပသောအိုးများ ဖန်တီးနိုင်ခြင်းတို့ကြောင့်လဲ ကျော်ကြားသောနေရာဖြစ်ပါသည်။ ခရီးသွားဧည့်သည်များသည် ရွာထဲသို့လည်ပတ်နိုင်ပြီး ဖော်ရွေလှသောရွာသာများ၏ အနုပညာဖန်တီးမှုများကို ကြည့်ရှုနိုင်ပါသည်။
ရွှေကျင်ဘုရားကျောင်းသည်လည်း ရှေးအကျဆုံး နှင့် တန်ဖိုးမဖြတ်နိုင်ဆုံးဘုရားကျောင်း ဖြစ်ပါသည်။ ဘုရားကျောင်းကိုကျွန်းသစ်လုံးတိုင်များဖြင့်ဆောက်တည်ထားပြီး စာရွတ်ဆိုနေသောဘုန်းကြီးများ နှင့် နံရံပေါ်တွင် မြတ်စွာဘုရားရှင်၏ ထင်ပေါ်ကျော်ကြားမှုများကိုတွေ့မြင်နိုင်ပါသည်။ ရွှေကျင်ဘုရားကျောင်းရှိဘုန်းကြီးများသည် ဗုဒ္ဓ၏အဆုံးအမကို လေးစားကာ လိုက်နာကြပြီး ဝိနည်းတော်ကို အထူးကြပ်မတ် စောင့်ထိန်းသော ဘုန်းကြီးများဖြစ်ကြပါသည်။ ဘုရားကျောင်းသည်လည်း ငြိမ်သက်အေးချမ်းသောပတ်ဝန်းကျင် ရှိပါသည်။
စိန်ဂျိူးဆက်ဘုရားရှိခိုးကျောင်းတော်သည် မန္တလေးရှိ အသင်းတော်နယ်ခံများမှ ကောင်းမွန်စွာစောင့်ရှောက်ထားသောအေးချမ်းသည့်ကတ်သလစ်ခရစ်ယာန် ဘုရားကျောင်းဖြစ်ပြီး ဖာသားလာဖွန်ခရစ်ယာန်ကျောင်း ဟုလဲလူသိများကြပါသည်။ ပြင်သစ်ဖာသာများမှ ၁၈၉၄ ခုနှစ်တွင် အနောက်ဥရောပ အနုပညာလက်ရာဖြင့် တည်ဆောက်လုပ်ခဲ့သော ဘုရားရှိခိုးကျောင်းဖြစ်ပါသည်။ ဘုရားကျောင်း၏ အတွင်းဘက်တွင် မြန်မာတို့၏ လှပသော အရောင်ဖြစ်သည့် ရွှေရောင် အခင်းအကျင်းများရှိပါသည်။
စကျင်ပန်းပုရုပ်ထုအလုပ်ရုံသည် မဟာမုနိအနီးနားတွင် တည်ရှိပါသည်။ မန္တလေးမြောက်ဘက် ၅၆ ကီလိုမီတာ အကွာရှိ စကျင်ကျောက်ကျင်းများမှ စကျင်ကျောက်များသည် ထိုနေရာ၏ အရင်းအမြစ်တစ်ခုဖြစ်သည်။ ဤနေရာတွင် ဘာသာရေးဆိုင်ရာရုပ်ထုများဖြစ်သော ဘုရားပုံတော်များ နှင့် ကျောက်စာများ ကို ပြုလုပ်ကြသည်။ ခရီးသွားဧည့်သည်များသည် အလုပ်ရုံကို လည်ပတ်နိုင်ရုံသာမက လက်မှုလုပ်ငန်း ကိုနားလည်ကြည့်ရှုခြင်းနှင့် အမှတ်တရလက်ဆောင်များလည်း ဝယ်ယူနိုင်သောနေရာဖြစ်ပါသည်။
မန္တလေးမြို့သည် ကွေ့ကောက်သောသစ်သားပန်းပုလက်ရာများကြောင့်လည်း ကျော်ကြားလှပါသည်။ မန္တလေးမြို့နေရာအနှံတွင် များလှစွာသော သစ်သားပန်းပု အလုပ်ရုံများရှိုပြီး ပန်းပုများဖြစ်သည့် ဘာသာရေးဆိုင်ရာရုပ်ထုများမှ အလှဆင်ပန်းရုပ်ထုများ အထိပြုလုပ်ကြသည်။ ထိုအလုပ်ရုံများသည် မဟာမုနိဘုရားနားတွင် အများဆုံးတာ်ရှိပြီး လည်ပတ်လေ့လာသင့်သော နေရာလည်းဖြစ်သည်။
မန္တလေးမြို့နှင့်အမရပူရမြို့ကြားတွင်ရှိသော တန်ပဝတီရပ်ကွက်ရှိ ကြေးနီပုံသွင်းအလုပ်ရုံသို့လည်း ခရီးသွားဧည့်သည်များလာရောက်လည်ပတ်နိုင်ပါသည်။ ဘုရားရုပ်ထုများ ခေါင်းလောင်းများ မောင်းများ သုံးခုမောင်းများ နှင့် တစ်ခြားထုတ်ကုန်များကို ထိုနေရာ၌ ထုတ်လုပ်ကြသည်။ လက်ဆောင်ပစ္စည်းများ ဝယ်ယူရန်အတွက် အကောင်းဆုံးနေရာတစ်ခုလဲ ဖြစ်သည်။
ရက်ကန်းရက်ခြင်းသည် အမရပူရနေထိုင်သူများ၏ အဓိကကျွမ်းကျင်မှုများထဲမှတစ်ခုဖြစ်သည်။ အမရပူရမြို့တွင် ရက်ကန်းစင်တစ်ရာကျော်ရှိပြီး ထိုရက်ကန်းစင်များကို ပိုးချည်ပေါ်တွင် များပြားသော ပုံစံ များပြုလုပ်ရတွင် အသုံးပြုကြသည်။ ထိုနေရာသည် မြန်မာနိုင်ငံ၏ ကျော်ကြားသော အိမ်တွင်းလက်မှုလုပ်ငန်းများရှိသောကြောင့် လည်ပတ်ရန်ထိုက်တန်သောနေရာတစ်ခုလည်း ဖြစ်ပါသည်။
ဒေသဆိုင်ရာဈေးတွင် သွားရောက်လည်ပတ်ခြင်း နှင့် ဈေးဝယ်ခြင်းကိုကြိုက်နှစ်သက်သော ခရီးသွားဧည့်သည့်များသည် မန္တလေးမြို့အချက်အချာတွင်ရှိ ဈေးချိူ ဈေးသို့သွားရောက်လည်ပတ်နိုင်ပါသည်။ စားသောက်ကုန်မှသည် အကောင်းဆုံးသောရက်ထည်များ အထိ အမျိူ းစုံသောလူ့သုံးကုန်ပစ္စည်းများကိုဝယ်ယူနိုင်ပါသည်။ ခရီးသွားများသည်လည်း လက်ဆောင်များနှင့် ဒေသထွက်ကုန်ပစ္စည်းများကိုဝယ်ယူရရှိနိုင်ပါသည်။
ပုဂံမင်းဘုရားကြီးထီးနန်းတက်စဉ် သီပေါမင်း၏ တစ်ဦးတည်းသောသားအားအမှတ်ရသည့်အနေဖြင့် အိမ်တော်ရာဘုရားကိုတည်ဆောက်ခဲ့သည်။ အိမ်တော်ရာဘုရားသည်ဈေးချိုဈေး၏အနောက်ဘက်တွင်တည်ရှိသည်။ ၁၈၅၃ နန်းတွင်းအရေးတော်ပုံကြောင့်ပုဂံမင်းအားအရန်တော်အဖြစ် နန်းချခဲ့သည်။ ပုဂံမင်းသည်သူ၏ဘဝတစ်လျှောက်လုံးထိုနေရာရှိဘုန်းကြီးကျောင်းတွင် နေထိုင်ကုန်ဆုံးစေခဲ့ပြီး နောက်ဆုံးတွင်ကျောက်ရောဂါဖြင့်သေဆုံးခဲ့သည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်ဟုအမည်တွင်သော ပြင်ဦးလွင်ရှိရုက္ခဗေဒဥယျာဉ်ကို ၁၉၁၅-၁၉၁၆ တွင် ဗြိတိန်ရုက္ခဗေဒပညာရှင် မစ္စတာအဲလက်စ်ရော်ဂျာက ရှာဖွေတွေ့ရှိခဲ့သည်။ မူလအရ ထိုရုက္ခဗေဒဥယျာဉ်သည် မြေ၁၇၀ဧက နှင့် ရေ၇၀ဧကပေါ် ဖြန့်ကျဲထားသည်။ တောင်မြင့်ဒေသဖြစ်သည်နှင့်အညီ အေးမြသည့်ရာသီရှိပြီး ထိုဒေသရှိအပင်ပေါင်း၄၈၄၀ထဲမှအများစုသည် ထင်းရှူးပင်အမျိုးအစားဖြစ်သည်။
ယူနန်ရွှေ့ပြောင်းနေထိုင်သူများတည်ဆောက်ခဲ့သည့်တရုတ်ဘုရားကျောင်းသည် ပြင်ဦးလွင်ရှိလည်ပတ်ရန် ကြည်နူးဖွယ်အကောင်းဆုံးနေရာများထဲမှ တစ်နေရာဖြစ်သည်။ တရုတ်ရိုးရာဗိသုကာနှင့်အနုပညာလက်ရာများဖြင့် ဆောက်လုပ်ထားသောထိုဘုရားကျောင်းသည်မိဘမဲ့ကလေးများ နေထိုင်ရာလည်းဖြစ်သည်။ ဘုရားကျောင်းတွင် အလှူငွေလက်ခံပြီးရှေ့ဖြစ်ဟောပေးသည့် ဘုန်းကြီးများမရေမတွက်နိုင်အောင်ရှိသည်။
မန္တလေးနှင့် ပြင်ဦးလွင်ကြားရှိ အနီးစခန်းတွင်ရှိသော ဓာတ်တော်ချိုက်ရေတံခွန်သည် တောင်တက်ခြင်းကို နှစ်သက်သောခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာဖြစ်သည်။ရေတံခွန်မှာပေ၄၀ဝနီးပါးမြင့်၍ အနက်မှာပေ၃၀ဝခန့်ရှိသည်။ ပြာနှမ်းသောရေပြင်နှင့်လေကောင်းလေသန့်တို့ရှိခြင်းကြောင့် အနားယူရန်သင့်လျော်သော နေရာဖြစ်သည်။ ရေတံခွန်အားလည်ပတ်ရန် အကောင်းဆုံးအချိန်မှာ မုတ်သုံရာသီ မေလမှအောက်တိုဘာလကြားဖြစ်သည်။
ကျွန်းပင်၂၆၇ပင်ဖြင့်ကျော်ကြားသည့် ဗားကရာဘုန်းကြီးကျောင်းသည် မြန်မာနိုင်ငံတွင် တင့်တယ်အလှပဆုံးဘုန်းကြီးကျောင်းများထဲမှတစ်ကျောင်းဖြစ်ပြီး အင်းဝ၊လေးဒေါ်ကြီးတွင်တည်ရှိသည်။ ထိုဘုန်းကြီးကျောင်းသို့သွားရောက်ရန် အကောင်းဆုံးနည်းလမ်းမှာလယ်ကွင်းတစ်လျှောက်လမ်းကျဉ်းလေးမှဖြတ်သွားသင့်သည်။တံခါးနှင့်နံရံပေါ်ရှိပန်းပုရုပ်ထုဖြင့် ပြုလုပ်ထားသော သတ္တဝါများမှာလက်ရှိအချိန်ထိ ကောင်းမွန်စွာ ထိန်းသိမ်းထားဆဲဖြစ်သည်။ ခန်းမဆောင်တွင်စြင်္ကန်နှင့်ဘုန်းကြီးများစုဝေးရပ်များပါရှိသည်။
ဝိရောသနဟုအမည်တွင်သော ကျောက်စိမ်းဘုရားသည် ကမ္ဘာပေါ်တွင်အကြီးဆုံးကျောက်စိမ်းဘုရားဖြစ်သည်။ ဘုရားတစ်ဆူလုံးကို အမေရိကန်ဒေါ်လာ၁၅သန်းကုန်ချခံကာကျောက်စိမ်းတုံးများဖြင့် ဆောက်လုပ်ထားသည်။ ထိုဘုရားသည် ၇၅ပေ၆လက်မ အမြင့်ရှိပြီး အတန်းတစ်ခုချင်းလျှင် ၅၂ပေ၆လက်မ ကျယ်ပြီး အမြင့်အားဖြင့် ၁၂ပေရှိသည်။စေတီ၏အပြင်ပန်းအား ၃၀ဝဝဝသောကျောက်စိမ်းဘုရားရုပ်ထုများဖြင့် တန်ဆာဆင်ထားသည်။
ရာဇမဏိဆူလာခေါ် ကောင်းမှုတော်ဘုရားသည် အင်းဝမြို့မှ၁၀ကီလိုမီတာအကွာတွင်ရှိသည်။ မြန်မာနိုင်ငံရှိစေတီပုထိုးများအနက် တစ်ခုတည်းသော ဘဲဥပုံသဏ္ဌာန်အဖြစ် ရှိနေခြင်းမှာ ကောင်းမှုတော်ဘုရား၏ ထူးခြားမှုတစ်ခုပင်ဖြစ်သည်။ ထိုဘုရားတွင်၄၆မီတာမြင့်သောကြီးမားသည့် အမိုးခုံးရှိသည်။ ဘုရား၏အောက်ခြေတွင် ကျောက်တိုင်ပေါင်း၈၁၂တိုင်ရှိပြီး တိုင်၁တိုင်ချင်းစီ၏ အပေါက်ငယ်များတွင်နတ်ပုံများတည်ထားသည်။ သီရိလင်္ကာရှိမဟာစေတီနောက်တွင် မွမ်းမံတည်ဆောက်သည်။
မဟာအောင်မြေဘုံစံကို ၁၈၁၈ ခုနှစ်မှာ ဘကြီးတော်မင်းတရား၏ မိဖုရားခေါင်ကြီး နန်းမတော် မယ်နုမှ ညောင်ကန်ဆရာတော်အတွက် ရည်စူး၍ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ မယ်နုအုပ်ကျောင်း ဟုလည်း လူသိများခဲ့ပါသည်။ မဟာအောင်မြေဘုံစံကျောင်းသည် ကုန်းဘောင်ခေတ်မှ ထင်ရှားသော မြန်မာမှုဗိသုကာလက်ရာ စံပြကျောင်းတော်ကြီးတစ်ခုလည်းဖြစ်ပါသည်။
မဟာဂန္ဓာရုံဘုန်းကြီးကျောင်းသည် အမရပူရမြို့နယ် တောင်သမန်အင်းအနောက်ဘက် နာမည်ကျော် ဦးပိန်တံတားအနီးတွင် တည်ရှိပါသည်။ ၁၉၁၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သာသနာဆိုင်ရာ စာပေကျမ်းဂန်များ သင်ကြားပေးရာ ဘုန်းတော်ကြီးကျောင်းအဖြစ် ကမ္ဘာတွင် ထင်ရှားလူသိများပါသည်။ အဆိုပါဘုန်းတော်ကြီးကျောင်း၌ သံဃာအပါး ၃၀၀၀ ကျော် စာပေ သင်ကြားနေပြီး ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတိကျစွာလိုက်နာသော ဘုန်းတော်ကြီးကျောင်း အဖြစ် ထင်ရှားပါသည်။
မဟာအံ့ထူးကံသာစေတီသည် ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အနီး တည်ရှိသည်။ စေတီ၏အထွတ်အမြတ်ထားရာနေရာတွင် ဗုဒ္ဓမြတ်စွာဘုရား၏ ရုပ်ပွားတော်ကို တည်ထားသည်။ စေတီသည် တောင်ထပ်တွင်ရှိခြင်းကြောင့် ပြင်ဦးလွင်မြို့၏ လှပသော မြင်ကွင်းကိုခံစားနိုင်သည်။ စိတ်ဝင်စားစရာ သမိုင်းကြောင်းနောက်ခံရှိနေခြင်းနှင့်အတူ မဟာအံ့ထူးကံသာစေတီသည် ပြင်ဦးလွင်သို့ သွားရောက်လည်ပတ်သော ခရီးသွားများအတွက် မဖြစ်မနေလေ့လာသင့်သော နေရာတစ်နေရာဖြစ်သည်။
ရွှေအင်ပင်ဘုန်းကြီးကျောင်းသည် မန္တလေးမြို့အနောက်တောင်ထောင့်တွင် တည်ရှိပြီး ထင်ရှားသောဘုန်းကြီးကျောင်းများအနက် တစ်ကျောင်းဖြစ်ပါသည်။ မြန်မာ့ရိုးရာဗိသုကာပညာရပ် များဖြင့် တည်ဆောက်ထားသော ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပြီး အချိန်ကာလပြောင်းလဲမှုကြောင့် ကြွင်းကျန်ရစ်သော ရှေးဟောင်းအဆောက်အဦများအနက် တစ်ခုဖြစ်ပါသည်။ ၁၈၉၅ ခုနှစ်တွင် တရုတ်ကုန်သည်များမှ ဆောက်လုပ်ခဲ့ပြီး လှပသော သစ်သားပန်းပုလက်ရာများနှင့် မြောက်များလှစွာ သော အနုပညာလက်ရာများကိုတွေ့ရှိနိုင်ပါသည်။
ပြင်ဦးလွင်မြို့အရှေ့မြောက်ဘက် ၁၉ ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ ကျောက်ဂူ အဝင်ဝ၌ လှပသောရေပူစမ်းများဖြင့် တင့်တယ်စွာတည်ရှိပါသည်။ အဆိုပါ ထုံးကျောက်ဂူသည် နှစ်သက်တမ်း သန်းပေါင်း ၂၃၀ မှ ၃၁၀ ကြားဖြစ်ပြီး မြောက်များလှစွာသော ဗုဒ္ဓဆင်းတုတော်များနှင့် စေတီတော်များကို ထုံးကျောက်ဂူအနှံ့အပြား တွေ့ရှိနိုင်ပါသည်။ ထုံးကျောက်ဂူမှ အနည်းငယ်လျှောက်လှမ်း သွားပါက လှပသောရေတံခွန်ဖြစ်သည့် သုံးထပ်ရေတံခွန်ကိုလည်း ရောက်ရှိနိုင်ပါသည်။
မဟာမြတ်မုနိဘုရားပွဲကို ဖေဖော်ဝါရီလ၌ (၂)ရက်ကြာကျင်းပပါသည်။ ဗုဒ္ဓဘာသာဝင် များ အနေဖြင့် ဘုရားပွဲတော်အတွင်း မီးပူဇော်ခြင်းနှင့် ကောက်ညှင်း၊ ချင်း၊ အုန်းသီး၊ နှမ်းတို့ဖြင့် ပြုလုပ်ထားသော ထမနဲများကို ဒယ်အိုးကြီးများဖြင့်ချက်၍ သံဃာတော်များအား လောင်းလှူ ခြင်းများကို ပွဲတော်ရက်အတွင်းပြုလုပ်ကြပါသည်။
တောင်ပြုံးပွဲကို (၈)ရက်ကြာ တောင်ပြုံးရွာ၌ ကျင်းပပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်မှ နတ်ကတော်များ နတ်ယုံကြည်ကိုးကွယ်သူများ လာရောက်ကြပြီး ပူဇော်ပွဲများကိုနေ့စဉ်ပြုလုပ် ကြပါသည်။ ထန်းရည်၊အရက်များ၊ ယုန်ကင်၊ ကြက်ကြော်များဖြင့် နတ်မင်းနှစ်ပါးဖြစ်သော မင်းကြီး မင်းလေးတို့အားဆက်သကြပါသည်။အဆိုပါညီနောင်(၂)ဦးမှာ၁၁ရာစုပုဂံခေတ်ဘုရင် အမှုတော်ထမ်း များဖြစ်ကြပါသည်။