Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကျင်းပသည့်ကာလ

တပို့တွဲနှင့်တပေါင်းလများတွင်နှစ်ရက်ကြာကျင်းပကြသည်။

ကျင်းပသည့်နေရာ

မြန်မာနိုင်ငံတစ်ဝန်းလုံး

ထူးခြားမှုများ

ယောကျာ်းလေးများသည်ဗုဒ္ဓဘာသာအယူအဆများကိုသင်ကြားကြသည်။ မိဘများနှင့်ဆွေမျိူ းများသည်ရှင်လောင်းများအတွက်ဂုဏ်ယူကြပြီး အမြင့်မြတ်ဆုံးသောကောင်းမှုကုသိုလ်ကိုပြုလုပ်ကြသည်။

ရှင်ပြုမင်္ဂလာကိုအသက်နှစ်ဆယ်အောက်ယောကျာ်းလေးများပြုလုပ်ကြသည်။ မတ်လတွင် နိုင်ငံတစ်ဝှမ်းလုံး၌ကျင်းပကြပြီး ဗုဒ္ဓဘာသာ၏လမ်းစဉ်ကိုလိုက်နာရန်အတွက် ဗုဒ္ဓဘာသာကိုးကွယ်သောအိမိရှိသားယောကျာ်းလေးများသည် ဆရာတော်များ၏လမ်းညွှန်မှုများဖြင့်ကိုရင်ဝတ်ကြရသည်။ ထိုဘာသာရေး သင်ကြားပြသမှုကို သားယောကျာ်းလေးများသည် သံဃာတော်များကဲ့သို့သင်္ကန်းကိုဝတ်ဆင်ကာ ဗုဒ္ဓဘာသာ လမ်းစဉ်ကို သင်ကြားကြသည်။ လောကတွင်အမြင့်မြတ်ဆုံးသောအလှူ ဟုယူဆကာ မိသားစုများသည် သူတို့၏သားယောကျာ်းလေးများကိုဂုဏ်ယူစွာဘုန်းကြီးကျောင်းသို့စေလွှတ်ကြသည်။ ထိုလမ်းညွှန်သင်ခန်းစာများကိုမစတင်မှီ မြို့တစ်မြို့လုံးသို့လှည့်ပတ်သည့်ဓလေ့လည်းရှိသည်။ ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ထိုသားယောကျာ်းလေးများသည် ကိုရင်ဝတ်ရန် ခွင့်ပြုချက်တောင်း၍ ခေါင်းမှဆံကိုပယ်ကာ ကိုရင်ဝတ်ကြသည်။ ထိုပွဲတော်ကိုအများအားဖြင့် နွေရာသီပိတ်ရက်များတွင်သာပြုလုပ်လေ့ရှိကြသည်။

မတ်လတွင်ကျင်းပသောအခြားပွဲတော်များ

မော်တင်စွန်းဘုရားပွဲ

ကျင်းပသည့်ရက်  – တပေါင်းလဆန်း(၈)ရက်နေ့မှ လပြည့်နေ့အထိကျင်းပ

ကျင်းပသည့်နေရာ – လပွတ္တာမြို့နယ်၊ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း

ကျင်းပသည့်ကြာချိန် – (၈) ရက်

 

ရွှေနတ်တောင်ဘုရားပွဲ

ကျင်းပသည့်ရက် – တပေါင်းလဆန်း (၈) ရက်နေ့မှ လပြည့်နေ့အထိ

ကျင်းပသည့်နေရာ – ရွှေတောင်၊ ပဲခူးတိုင်းဒေသကြီး။

ကျင်းပသည့်ကာလ –  (၈) ရက်

 

ဟိန္ဒူတမီးလ်လူမျိုးတို့၏ PanguniUthiramပွဲတော်

ကျင်းပသည့်ရက်  – တပေါင်းလပြည့်နေ့(သို့မဟုတ်) တန်ခူးလပြည့်နေ့

ကျင်းပသည့်နေရာ – Sri AngataEswariMunieswarSwamy  ဘုရားကျောင်း၊ Pelikha ရွာ ၊ကျောက်တန်းမြို့နယ်၊ရ န်ကုန်မြို့။

ကျင်းပသည့်ကာလ –  (၁၀)ရက်