တပေါင်းလဆန်း ၁၁ရက်နေ့မှ လပြည့်နေ့အထိ ငါးရက်တိုင်ကျင်းပကြသည်။
ပင်းတယ၊ရှမ်းပြည်တောင်ပိုင်း
လူမျိူးစုများသည် ပွဲတော်ကာလတွင် သစ်ပင်အောက်၌ပင် ဟင်းချက်ပြီးယာယီစခန်းချကာနေထိုင်ကြသည်။လယ်သမားများသည်သူတို့၏ကောက်ပဲသီးနှံများကိုရောင်းချကာ သံဃာတော်များကိုပြန်လည်လှူ ဒါန်းကြသည်။ ပင်းတယရှိနယ်ခံများသည် ယခုထိတိုင်စိတ်ဝင်စားဖွယ်ရှေးဟောင်းနေထိုင်မှုပုံစံများကိုထိန်းသိမ်းထားကြသည်။
ရှမ်းပြည်နယ်ရှိပင်းတယမြို့နေသူများသည်မတ်လတိုင်းတွင်ကောက်ရိတ်သိမ်းပွဲတော်ကိုကျင်းပကြသည်။ လယ်သမားများသည်ကောက်များရိတ်သိမ်းကာ ရောင်းချရသည့်ငွေများကို ဘုရားကျောင်းများနှင့်စေတီများသို့လှူ ဒါန်းကြသည်။ ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များအား ညွှန်ကြားပြသသော ဆရာတော်များကိုလဲအလှူ ဒါနပြုကြသည်။ နယ်ခံများသည်လည်းရှေးဟောင်းကုသိုလ်ပြုနည်းဖြစ်သည့် ကျောက်များပေါ်တွင်ဘုရားပုံတော်များဖြည့်စွက်ခြင်းကိုလဲပြုလုပ်ကြသည်။ ပင်းတယအနီးနားရှိအခြားသောလူမျိူးများသည်လည်းပင်းတယနယ်ခံများနှင့်အတူ ညောင်ပင်များအောက်တွင် ဟင်းချက်စားသောက်ကာစခန်းချနေထိုင်ကြသည်။ ထိုအပြင် ခရီးသွားဧည့်သည်များသည်ပင်းတယရှိသဘာဝလှိုင်ဂူများနှင့် လှပသောကျောက်တုံးတည်ဆောက်ပုံများကိုလဲတွေ့မြင်နိုင်ပါသည်။