Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကျင်းပသည့်ကာလ

တပေါင်းလပြည့်နေ့မှတစ်ပတ်ခန့်ကျင်းပကြသည်။

ကျင်းပသည့်နေရာ

ရန်ကုန်

ထူးခြားမှုများ

လူများသည်ရဟန်းသံဃာများနှင့်အတူဘုရားစာရွတ်ဖတ်ပူဇော်ရန်စုဝေးလေ့ရှိကြသည်။ ရွှေတိဂုံဘုရားတွင် ထိုအချိန်၌ ဖယောင်းတိုင်များ၊ အမွှေးတိုင်များစွာနှင့် ပူဇော်ထားကြသည်။

ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ဆံတော်ဌာပနာထားသော ကျော်ကြားလှသည့်ရွှေတိဂုံဘုရားတွင် ရဟန်းသံဃာများနှင့်အတူဗုဒ္ဓဘာသာဝင်တို့သည်ဘုရားစာများကိုရွတ်ဖတ်ပူဇော်ရင်း ထိုပွဲတော်ကိုကျင်းပကြသည်။ ရှေးဟောင်းအယူအဆတစ်ခုအရ ကုသိုလ်များစွာရသည်ဆိုသည့်အတိုင်း ဘုရားဖူးများသည် ဘုရားကိုလက်ယာရစ်ပတ်၍ ပူဇော်ကြသည်။ ထိုပွဲတော်ကိုမတ်လတွင် ရန်ကုန်မြို့၌ကျင်းပကြသည်။ နယ်ခံများနှင့်ဘုရားဝတ်ပြုကြသူများသည် ရိုးရာရက်ကန်းစင်များဖြင့်သန့်စင်မွန်မြတ်သောသင်္ကန်းကိုရက်လုပ်ကာဗုဒ္ဓရုပ်ပွားတော်များအားကပ်လှူ ပူဇော်ကြသည်။ ပွဲတော်အားလေးစားသမှုဖြင့် ရဟန်းသံဃာများသည် ရွတ်ဖတ်သူများကို ဦးဆောင်၍ရွတ်ဖတ်ကြသည်။ ဘုရားဖူးများသည် ဖယောင်းတိုင်နှင့်အမွှေးတိုင်များကို မီးထွန်းညှိကာ ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြသည်။ 

မတ်လတွင်ကျင်းပသောအခြားပွဲတော်များ

မော်တင်စွန်းဘုရားပွဲ

ကျင်းပသည့်ရက်  – တပေါင်းလဆန်း(၈)ရက်နေ့မှ လပြည့်နေ့အထိကျင်းပ

ကျင်းပသည့်နေရာ – လပွတ္တာမြို့နယ်၊ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း

ကျင်းပသည့်ကြာချိန် – (၈) ရက်

ရွှေနတ်တောင်ဘုရားပွဲ

ကျင်းပသည့်ရက် – တပေါင်းလဆန်း (၈) ရက်နေ့မှ လပြည့်နေ့အထိ

ကျင်းပသည့်နေရာ – ရွှေတောင်၊ ပဲခူးတိုင်းဒေသကြီး။

ကျင်းပသည့်ကာလ –  (၈) ရက်

ရှင်ပြုပွဲ

ကျင်းပသည့်ရက်  – တပို့တွဲနှင့်တပေါင်းလများအတွင်း ကျင်းပလေ့ရှိပြီ းနွေကျောင်း ပိတ်ရက် မတ်လနှင့်သြင်္ကန်မတိုင်မီ ဧပြီလများတွင်ကျင်းပလေ့ ရှိသည်။

ကျင်းပသည့်နေရာ – တစ်နိုင်လုံး

ကျင်းပသည့်ကာလ – (၂) ရက်