Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
1.Consolation prize(1) Aung Mying
FESTIVALS
1.Consolation prize(1) Aung Mying
FESTIVALS

ကျင်းပသည့်ကာလ

တပေါင်းလဆန်း ၈ရက်နေ့မှ လပြည့်နေ့အထိ ရှစ်ရက်တိုင်ကျင်းပကြသည်။

ကျင်းပသည့်နေရာ

ရွှေတောင်၊ ပဲခူးတိုင်းဒေသကြီး။ 

ထူးခြားမှုများ

နယ်ခံများသည်ဆွမ်းနှင့်အခြားလှူ ဖွယ်ပစ္စည်းတို့ကို  သံဃာတော်များအားလှူ ဒါန်းကြသည်။ ခရီးသွားဧည့်သည်များလည်း နယ်ခံများနှင့်အတူ ပွဲတော်ပတ်ဝန်းကျင်ကိုရှုစားရင်းပါဝင်ဆင်နွှဲနိုင်သည်။

ပဲခူးတိုင်း ရွှေတောင်တွင် မတ်လတိုင်းကျင်းပလေ့ရှိပြီး ပွဲတော်တွင် နွားလှည်းများဖြင့် ဘုရားဝတ်ပြုရန်လာသော ဘုရားဖူးများလည်းပါဝင်ပါသည်။ မြန်မာနိုင်ငံ၏အကြီးမားဆုံးဘုရားပွဲတော်တစ်ခုဖြစ်သည့်အလျောက် ခရီးသွားများဖြင့်ပြည့်နေသောပွဲတော်တစ်ခုလည်းဖြစ်ပါသည်။ နယ်ခံများသည် ဆန်။နေစဉ်သုံးပစ္စည်းများနှင့် အစားအစာများကို သံဃာတော်များထံသို့လှူ ဒါန်းကြသည်။ ပွဲတော်အနီးတစ်ဝိုက်တွင် ပျော်ရွှင်ဖွယ်ပျော်ပွဲရွှင်ပွဲများလည်းရှိပြီး လက်မှုပစ္စည်းများ၊ အစားအသောက်များ၊ အရုပ်များနှင့် လက်မှုပစ္စည်းများအားဈေးသည်များမှရောင်းချကြသည်။ ထိုပွဲတော်ကို နယ်ခံများနှင့်ခရီးသွားများပါဝင်ကြသည့်ပွဲတော်တစ်ခုလည်းဖြစ်ပါသည်။ 

မတ်လတွင်ကျင်းပသောအခြားပွဲတော်များ

မော်တင်စွန်းဘုရားပွဲ

ကျင်းပသည့်ရက်  – တပေါင်းလဆန်း(၈)ရက်နေ့မှ လပြည့်နေ့အထိကျင်းပ

ကျင်းပသည့်နေရာ – လပွတ္တာမြို့နယ်၊ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း

ကျင်းပသည့်ကြာချိန် – (၈) ရက်

 

ဟိန္ဒူတမီးလ်လူမျိုးတို့၏ PanguniUthiramပွဲတော်

ကျင်းပသည့်ရက်  – တပေါင်းလပြည့်နေ့(သို့မဟုတ်) တန်ခူးလပြည့်နေ့

ကျင်းပသည့်နေရာ – Sri AngataEswariMunieswarSwamy  ဘုရားကျောင်း၊ Pelikha ရွာ ၊ကျောက်တန်းမြို့နယ်၊ရ န်ကုန်မြို့။

ကျင်းပသည့်ကာလ –  (၁၀)ရက်

 

ရှင်ပြုပွဲ

ကျင်းပသည့်ရက်  – တပို့တွဲနှင့်တပေါင်းလများအတွင်း ကျင်းပလေ့ရှိပြီ းနွေကျောင်း ပိတ်ရက် မတ်လနှင့်သြင်္ကန်မတိုင်မီ ဧပြီလများတွင်ကျင်းပလေ့ ရှိသည်။

ကျင်းပသည့်နေရာ – တစ်နိုင်လုံး

ကျင်းပသည့်ကာလ – (၂) ရက်