တပေါင်းလဆန်း ၈ရက်နေ့မှ လပြည့်နေ့အထိ ရှစ်ရက်တိုင်ကျင်းပကြသည်။
ဇလွန်၊ ဧရာဝတီတိုင်းဒေသကြီး။
ဗုဒ္ဓဆင်းတုတော်သည် အင်္ဂလန်မှ ပြန်လည်ကြွရောက်လာသည်ကိုအမှီပြု၍ ကျင်းပကြသည်။ ဗုဒ္ဓဆင်းတုတော်သည် ဖျက်ဆီး၍မရနိုင်ခြင်းဟူသော သတင်းဖြင့်လဲကျော်ကြားသည်။
ဇလွန်ပြည်တော်ပြန်ဘုရားပွဲတော်ကို ဧရာဝတီမြစ်ဘေးရှိဇလွန်မြို့လေးတွင် တစ်ပါးသောနိုင်ငံမှပြန်လည်ရောက်ရှိလာသည်ကိုအမှတ်တရအဖြစ်ရည်ရွယ်ကာ ကျင်းပကြသည်။ ထိုပွဲတော်ကို ယခင်အင်္ဂလိပ်လက်အောက်ကျရောက်စဉ်အခါကအင်္ဂလိပ်တို့သည် ဘုရားဆင်းတုတော်၏ကြေးကိုအရည်ကြို၍ အခြားနေရာတွင်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် အင်္ဂလန်သို့သယ်ဆောင်သွားခဲ့ပါသည်။ ထို့နောက် အင်္ဂလန်ဘုရင်မကြီးသည်ဖျားနာမှုကြောင့်ဆင်းတုတော်ကိုမြန်မာနိုင်ငံသို့ပြန်ပို့ရန်အမိန့်ချခဲ့ပါသည်။ ထိုအချိန်မှစတင်၍ ပြည်တော်ပြန်ဘုရားပွဲကိုစတင်ကျင်းပခဲ့ကြပါသည်။ ခရီးသွားများသည် အင်္ဂလန်မှပြန်လည်ကြွရောက်လာသောဘုရားကြီးနှင့် တစ်ချိန်ထဲတွင် နယ်ခံများမှပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်ကျင်းပနေကြသည်ကိုလဲမြင်တွေ့နိုင်ပါသည်။ ဘုရားကြီးသည်အင်္ဂလိပ်စစ်သားများသည်အရည်ဖျော်၍ကြေးရရန်ကြိုးစားခဲ့သောလည်းမအောင်မြင်သောကြောင့်မဖျက်စီးနိုင်သောဘုရားဟုလဲကျော်ကြားပါသည်။ ဘုရားကြီးသည်ယနေ့တိုင် အကောင်းပကတိကျန်ရှိနေပါသေးသည်။