Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ ပေါကြွယ်ဝလှသော မြန်မာနိုင်ငံ၏ ရင်ခုန်လှုပ်ရှားဖွယ် ရိုးရာပွဲတော်များကို ခံစားကြည့်ပါ။ ပွဲတော်တစ်ခုချင်းစီတိုင်းသည် ပျော်ရွှင်ဖွယ်၊ အောက်မေ့ဖွယ် ကောင်းလောက်အောင် ဒေသခံများက ပါဝင်ဆင်နွှဲလေ့ရှိကြပါသည်။ အလှူအတန်းပွဲများ၊ မီးထွန်းပွဲတော်များ၊ မီးပုံးပျံပွဲများနှင့် စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှုများပါဝင်နေသော မြန်မာ့ရိုးရာပွဲတော်များကို ပါဝင်ဆင်နွှဲကြည့်ရန် ဖိတ်ခေါ်ပါသည်။

ပခုက္ကူ သီဟိုဠ်ရှင်ဘုရား ပွဲတော်

ကျင်းပရာနေ့ရက်  – နယုန် လဆန်း (၈)ရက်နေ့

ကျင်းပရာနေရာ – ပခုက္ကူ၊ မြန်မာနိုင်ငံအလယ်ပိုင်း

ကျင်းပသည့်ကာလ – (၁၅) ရက်

ထူးခြားမှု

ပွဲတော်အတွင်း တီးမှုတ်ကခုန်ခြင်း၊ ရှိခိုးခြင်း စသည့် ရိုးရာဓလေ့ထုံးစံများအား မြင်တွေ့နိုင်ပါသည်။ ဒေသခံများနှင့် ခရီးသွားဧည့်သည်များအနေဖြင့် ဗုဒ္ဓဘာသာရဟန်းတော် များနှင့် ဘုရားစေတီတို့အား လှူဒါန်းပူဇော်မှုများ ပြုလုပ်နိုင်ပါသည်။
ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်တွင် တည်ရှိပြီး ရှေးကျသော မြို့တစ်မြို့ဖြစ်သည်။ ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတော်သည် ဧရာဝတီမြစ်အနောက်ဘက် မြို့ များအတွက် အလွန်အရေးပါသည့် ပွဲတော်ဖြစ်ပြီး ငရုတ်သီးခြောက်များ၊ အိမ်တွင်းဖြစ်ခြင်း တောင်းများနှင့် ဆေးရွက်ကြီး များစသည့် ဒေသထွက်ကုန်၊ထွက်ကုန်များကို နှစ်စဉ်ဤပွဲတော် များတွင် ရောင်းချကြပါသည်။ မြန်မာအမျိုးသမီး များအသုံးပြုသည့် သဘာဝသနပ်ခါးခရင်မ်ကို ပြုလုပ်ရန်အတွက် အမှုန့်ကြိတ်သည့် အကောင်းဆုံး သနပ်ခါးခေါက်များရသည့် သနပ်ခါးပင် များမှာ ဤဒေသတွင်ပေါက်ရောက်စိုက်ပျိုးကြပါသည်။

 

ဆက်လက်ဖတ်ရှုရန်

ကဆုန်ညောင်ရေသွန်းပွဲ

ကျင်းပသည့်ရက် – ကဆုန်လပြည့်နေ့

ကျင်းပသည့်နေရာ –  မြန်မာတစ်နိုင်ငံလုံးရှိဘုရားစေတီများ

ကျင်းပသည့်ကာလ – (၁) ရက်

ထူးခြားမှု

ပွဲတော်အတွင်း တီးမှုတ်ကခုန်ခြင်း၊ ရှိခိုးခြင်း စသည့် ရိုးရာဓလေ့ထုံးစံများအား မြင်တွေ့ နိုင်ပါသည်။ ဒေသခံများနှင့် ခရီးသွားဧည့်သည်များအနေဖြင့် ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဘုရားစေတီတို့အား လှူဒါန်းပူဇော်မှုများ ပြုလုပ်နိုင်ပါသည်။

နွေရာသီဖြစ်သော မေလအတွင်း ဘုရားဖူးဧည့်သည်များအနေဖြင့် ဗောဓိညောင်ပင် အား ညောင်ရေ သွန်းလောင်းရန် တစ်နိုင်ငံလုံးရှိ ဘုရားစေတီပုထိုးများတွင် စုဝေးလေ့ ရှိကြပါသည်။ မြတ်စွာဘုရားရှင်သည် ဗောဓိညောင်ပင်အောက်တွင် အနားယူပြီး သဗ္ဗညုတ ဉာဏ်တော်ရရှိခဲ့သည်ဟု ဆိုစကားရှိသည်။ တစ်နိုင်ငံလုံးအတွင်း ဘုန်းကြီးကျောင်းများရှိ ဗောဓိညောင်ပင်များအားလုံးအား ၎င်းမူလဗောဓိညောင်ပင်မှ အကိုင်းအခက်များအား ပျိုးယူ ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဗောဓိညောင်ပင် တစ်ပင်ချင်းစီတိုင်းသည် အလွန်အဖိုးထိုက် တန်၍ ရှားပါးလှသည် ဟူ၍ပင်မှတ်ယူနိုင်ပါသည်။ ပွဲတော်ရက်အတွင်း ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့ အားလုံးသည် ဗောဓိညောင်ပင်၏ အခက်အလက်၊အမြစ်များအား မြင့်မြတ် သော ဓာတ်တော်မွေတော် အဖြစ်နှင့် ကုသိုလ်တစ်ခုအနေဖြင့် ရေသွန်းလောင်းပူဇော်ကြ ပါသည်။ ဂေါတမြတ်စွာဘုရားရှင် လက်ထက်မှစ၍ ဤဗောဓိညောင်ပင်များအား ရေသွန်း လောင်းသည့် အလေ့အထအား ဘာသာရေးဆိုင်ရာ နေရာများတွင် ပူဇော်ပြုလုပ်လေ့ရှိ ကြပါသည်။

ဆက်လက်ဖတ်ရှုရန်