Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Myanmar Tourism Strategic Recovery Roadmap ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဩဂုတ်လ (၂၆) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Protocol လက်မှတ်ရေးထိုး၍  မြန်မာနိုင်ငံခရီး သွားလုပ်ငန်းကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်လျက် ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ( Lux Dev) ၏ အကူအညီဖြင့်  (COVID-19) အလွန် ကာလ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးကောင်းမွန်ရေးအတွက် Myanmar Tourism Strategic Recovery Roadmap ကို ရေးဆွဲနိုင်ရေးအတွက် အဆိုပါ အဖွဲ့အစည်းမှ ပြည်တွင်း၊ ပြည်ပပညာရှင်များ ပါဝင်သော Expert Team အဖွဲ့သည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် အင်းလေး ခန်းမ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် တွေ့ဆုံ၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကာလအထိ ၅ နှစ်တာ အတွက် ရေးဆွဲရာတွင် လိုအပ်သည့် အခြေခံအချက်အလက်များ၊ လက်ရှိ (COVID-19) ကာလ အတွင်း မြန်မာနိုင်ငံ ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍ (Domestic Tourism) ပြန်လည်စတင်ရာတွင် ကြုံတွေ့ရနိုင်သည့် အားသာချက်၊ အားနည်းချက်၊ အခွင့်အရေးနှင့်ခြိမ်းခြောက်မှုများကို ဖော်ထုတ် ဆွေးနွေးခြင်း၊ လာမည့် (COVID-19) အလွန်ကာလ  တွင် ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းစဉ်များ၊ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဖော်ထုတ်သည့်အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ Myanmar Tourism Strategic Recovery Roadmap ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲ များကို နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင်း၌ လည်းကောင်း၊ ဆက်စပ် ဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များဖြင့် (၂၆-၈-၂၀၂၀) ရက်နေ့မှ (၃၁-၈-၂၀၂၀) ရက်နေ့အထိ Video Conferencing စနစ်ကိုအသုံးပြု၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ (၄-၉-၂၀၂၀) ရက်နေ့တွင် ရလဒ် များကို ဝန်ကြီးဌာနသို့ ပြန်လည်သုံးသပ်တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။