မြိတ်ကျွန်းစု(Mergui) ဟူသည်မှာ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ပင်လယ်ရှိ ကျွန်းပေါင်း (၈၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကျွန်းစုများဖြစ်ပါသည်။ ခရီးစဉ်ဒေသအသစ်ဖြစ်သည့် မြိတ်ကျွန်းစုများ သည် ဖြူနုနုသဲသောင်ပြင်များနှင် ပင်လယ်သဘာဝအလှအပမျိုးစုံ စုပုံလှသည်ဟူ၍ ပြောစမှတ်ပြုကြ ပါသည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်းစွန်းပိုင်းတွင် တည်ရှိသည့်မြိတ်မြို့သည်လှပလွန်းသည့်ကျွန်းစုများ သာမက နှစ်ပေါင်း(၅၀၀)ခန့် ပင်လယ်သမိုင်းကြောင်းများနှင့်အတူ အံ့သြမှင်သက်ဖွယ်ကောင်းသည့် ကိုလိုနီအဆောက်အဦ များနှင့် ပြည့်နှက်နေသည့် သွားရောက်လေ့လာသင့်သော နေရာတစ်ခုပင်ဖြစ်ပါသည်။ မြိတ်ကျွန်းစုရှိ ကြည်လင်သန့်ရှင်းလှသည့် ပင်လယ်ရေများသည် ပုလဲမွေးမြူထုတ်လုပ်ရေး အတွက် အကောင်းဆုံးဖြစ်ရုံသာမက ရင်သက်ရှု့မောဖွယ်ကောင်းလှသည့် ပင်လယ်ရေအောက် ရှုခင်းများ၊ ပင်လယ်နေသတ္တဝါတို့၏အလေ့အထများ စုဝေးရာနေရာ၊ သစ်ပင်ပန်းမန် များနှင့်ဇီဝမျိုးကွဲများ ပေါများရာဒေသဖြစ်ရာ သဘာဝအလှတရား မြတ်နိုးသူများအတွက် မြိတ်သည် ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံ လေးတစ်ခုနှင့်တူလှသည်။ ခရီးသွားဧည့်သည်များ၏ မြင်ကွင်းတွင်ပုန်းအောင်းနေသည့် ပင်လယ်အလှအပများနှင့်ပြည့်စုံလွန်းသည်သာမက ကန်များ၊ ထုံးအိုင်များ၊ တောရိုင်းတိရိစ္ဆာန်များနှင့် သဘာဝအတိုင်းလှနေသည့် မြိတ်ကျွန်းစုအား ဖော်ထုတ်ပြသရန် ယခုအခါသည် အချိန်ကောင်းဖြစ်ပါသည်။
ထားဝယ်၊ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ဗမာ-ထိုင်း ကပြား၊ မွန်၊ ကရင်၊ ဆလုံနှင့် မလေးအနွယ်ဝင်လူမျိုးများနေထိုင်ကြပြီးဗမာ၊ထားဝယ်နှင့်ထိုင်းဘာသာစကားများ ပြောဆိုလေ့ရှိကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့အား ကိုးကွယ်ကြသည်။
အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး တစ်နှစ်ပတ်လုံး ပူနွေးလျက်ရှိသည်။ ဧရိယာအကျယ် အဝန်းမှာ ၄၃၃၄၅ စတုရန်း ကီလိုမီတာ/၁၆၇၃၃၆မိုင် ရှိပြီး မွန်ပြည်နယ်၊ မြန်မာ့ပင်လယ်ပြင်၊ ထိုင်းနိုင်ငံတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေပါသည်။မေလနှင့်စက်တင်ဘာလများတွင်မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသည်။
မြိတ်မြို့သည် ၁၃ ရာစုနှောင်းပိုင်းမှ ၁၈ ရာစုအလယ်ပိုင်းထိ အယုဒ္ဓယ နှင့် ဆုခိုထိုင်းတို့ အုပ်စိုးနန်းစံခဲ့သည့် မြို့တစ်မြို့ဖြစ်ခဲ့ပြီး ပုလဲ၊ ရော်ဘာ၊ ငှက်သိုက်၊ ငါးပိ၊ ငါးခြောက် နှင့် ပုစွန်ခြောက် စသည် ဒေသထွက်ကုန်များ ပေါများကျော်ကြားပါသည်။
မြန်မာလူမျိုးတို့သည် သဘာဝကိုတန်ဖိုးထားမြတ်နိုးပါက သဘာဝအတိုင်း လှပအောင် ထိန်းသိမ်းခြင်းသည် အကောင်းဆုံးဟု ဆိုကြသည်။ မြိတ်ကျွန်းစု(Mergui) ဟူသည်မှာ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ပင်လယ်ရှိ ကျွန်းပေါင်း (၈၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကျွန်းစုများဖြစ်ပါသည်။ ခရီးစဉ်ဒေသအသစ်ဖြစ်သည့် မြိတ်ကျွန်းစုများ သည် ဖြူနုနုသဲသောင်ပြင်များနှင် ပင်လယ်သဘာဝအလှအပမျိုးစုံ စုပုံလှသည်ဟူ၍ ပြောစမှတ်ပြုကြ ပါသည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်းစွန်းပိုင်းတွင် တည်ရှိသည့် မြိတ်မြို့သည်လှပလွန်းသည့်ကျွန်းစုများ သာမက နှစ်ပေါင်း(၅၀၀)ခန့် ပင်လယ်သမိုင်းကြောင်းများနှင့်အတူ အံ့သြမှင်သက်ဖွယ်ကောင်းသည့် ကိုလိုနီအဆောက်အဦ များနှင့် ပြည့်နှက်နေသည့် သွားရောက်လေ့လာသင့်သော နေရာတစ်ခုပင်ဖြစ်ပါသည်။ မြိတ်ကျွန်းစုရှိ ကြည်လင်သန့်ရှင်းလှသည့် ပင်လယ်ရေများသည် ပုလဲမွေးမြူထုတ်လုပ်ရေး အတွက် အကောင်းဆုံးဖြစ်ရုံသာမက ရင်သက်ရှု့မောဖွယ်ကောင်းလှသည့် ပင်လယ်ရေအောက် ရှုခင်းများ၊ ပင်လယ်နေသတ္တဝါတို့၏အလေ့အထများ စုဝေးရာနေရာ၊ သစ်ပင်ပန်းမန် များနှင့်ဇီဝမျိုးကွဲများ ပေါများရာဒေသဖြစ်ရာ သဘာဝအလှတရား မြတ်နိုးသူများအတွက် မြိတ်သည် ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံ လေးတစ်ခုနှင့်တူလှသည်။ ခရီးသွားဧည့်သည်များ၏ မြင်ကွင်းတွင်ပုန်းအောင်းနေသည့် ပင်လယ်အလှအပများနှင့်ပြည့်စုံလွန်းသည်သာမက ကန်များ၊ ထုံးအိုင်များ၊ တောရိုင်းတိရိစ္ဆာန်များနှင့် သဘာဝအတိုင်းလှနေသည့် မြိတ်ကျွန်းစုအား ဖော်ထုတ်ပြသရန် ယခုအခါသည် အချိန်ကောင်းဖြစ်ပါသည်။
အံ့သြဖွယ်ကောင်းသော ဇီဝမျိုးစိတ်များကပ္ပလီပင်လယ်သည် ရေအောက်အဏ္ဏဝါမျိုးစိတ်များဖြင့် ထင်ရှားပြီး အကောင်းဆုံး၊ အလှပဆုံးသောအဏ္ဏဝါမျိုးစိတ်များကို မြိတ်ကျွန်းစုတွင်လေ့လာတွေ့ရှိနိုင်ပါသည်။ ထိုကျွန်းများ၌ ကြည်လင်သန့်ရှင်းသော ရေကြည်လေးများအောက်တွင်သာယာလှပသော ရေအောက်အဏ္ဏဝါမျိုးစိတ်လေးများကို တွေ့ရှိနိုင်ပါသည်။ထို့အပြင်ထူးခြားကောင်းမွန်သော ရေငုပ်ခြင်းကိုကိုယ်တိုင်ပါဝင်၍ အတွေ့အကြုံအသစ်များ ခံစားနိုင်ပါသည်။ ထိုကျွန်းများတွင်ပင်လယ်ကြီးအပြင် ရေနေသတ္တဝါများအစုလိုက်နေထိုင်ကျက်စားနေသောကန်များကိုလည်းတွေ့ရှိရပါသည်။ ခရီးသွားများသည် တောင်တက်ခြင်းအပြင်တောအုပ်လေးများထဲတွင် လမ်းလျှောက်၍တောရိုင်းတိရိစ္ဆာန်များ၏ သဘာဝများကိုလည်းလေ့လာနိုင်ပါသည်။ ငှက်ချစ်သူခရီးသွားများအနေဖြင့်အချို့သော ကျွန်းများတွင် ရှားပါးငှက်မျိုးစိတ်များကို လေ့လာကြည့်ရှုနိုင်သည့် အခွင့်အရေးမျာရရှိနိုင်ပါသည်။ ထို့အပြင် မြိတ်ကျွန်းစုသည် ပုလဲမွေး မြူထုတ်လုပ်ရေး ဗဟိုဌာနတစ်ခုအဖြစ် ထင်ရှားပြီးခရီးသွားများအနေဖြင့် မိမိတို့ခရီးစဉ် တစ်လျှောက် လေ့လာနိုင်ပါသည်။ ရှားပါးသော ဇီဝမျိုးစိတ်များကို ထိန်းသိမ်းသည့် အနေဖြင့် ခရီးစဉ်တစ်လျှောက် တွင် ကျယ်ကျယ်ပြန့်ပြန့်စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုစနစ်များကို တွေ့မြင်ရပါမည်။
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက မြိတ်ကျွန်းစုတွင် မတူကွဲပြားသော မျိုးနွယ်စုများ စွာနေထိုင်ခဲ့ကြပါသည်။ မျိုးနွယ်စု တစ်စုစီတိုင်းတွင် အများနှင့်မတူကွဲပြားသော နေထိုင်မှုပုံစံများလည်း ရှိကြပါသည်။ ထိုကဲ့သို့သော မျိုးနွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံ နေထိုင်လိုသော၊ အတွေ့အကြုံအသစ် များရှာဖွေလိုသော ခရီးသွားများအတွက် ဘဝတစ် လျှောက်တွင် အမှတ်တရကောင်းများစွာ ရရှိနိုင်ပါသည်။ မြိတ်ကျွန်းစုတစ်လျှောက်တွင် နေထိုင်ကြသော မျိုးနွယ်စုများအနက် ဆလုံ(မော်ကင်း)လူမျိုးများ သည်လည်း ထင်ရှားသော မျိုးနွယ်စုတစ်စုဖြစ်ပါသည်။ ဆလုံလူမျိုးများသည် လှေငယ်လေးများပေါ်တွင် ၎င်းတို့၏ ဘဝတစ်ခုလုံးကိုနှစ်မြှုပ်ထားပြီး ရေငုပ်၍ ပုလဲများနှင့် အခြားပင်လယ်ထွက်ပစ္စည်းများကို ရှာ ဖွေ၍ အသက်မွေးဝမ်းကြောင်းပြုကာ ဝင်ငွေရှာကြပါသည်။ ၎င်းတို့သည် မုတ်သုန်ရာသီအတွင်း ဆိုက်က လုန်းမုန်တိုင်းဒဏ်မှ ကာကွယ်ရန်အတွက်သာ ကုန်းပေါ်သို့ တက်ရောက် နေထိုင်ကြပါသည်။ ဆလုံပွဲတော်ကို နှစ်စဉ်ဖေဖော်ဝါရီလတွင် ကျင်းပလေ့ရှိပြီး ခရီးသွားများအနေဖြင့်ပွဲတော်အတွင်း၌ ဆလုံလူမျိုး၏ရိုးရာဓလေ့ထုံးစံများကို ကိုယ်တိုင် ပါဝင်လေ့လာနိုင်သော အခွင့်အလမ်းများရရှိနိုင်ပါသည်။ ခရီးသွားများအနေဖြင့် ရိုးရာနတ်များအားရစ်ပူဇော်သည့်အကများ၊ သီချင်းများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလေ့လာနိုင်သည့်အပြင် ရေငုပ်ခြင်း၊လှေလှော်ပြိုင်ပွဲများတွင် ပါဝင်နိုင်ကာ ဆလုံရိုးရာ အစားအစာများကိုလည်း မြည်းစမ်းနိုင်ပါသည်။
လန်ပိကျွန်းသည် မြိတ်ကျွန်းစု၏ တောင်ဘက်ထက်ဝက်ပိုင်းတွင် တည်ရှိ၍ ကြီးမားသော မြင်းခွာပုံသဏ္ဍာန်ဖြစ်ပြီးထိုဒေသရှိကျွန်းများအနက်တွင်အကြီးမားဆုံးနှင့် နာမည်အကျော်ကြား ဆုံးကျွန်းဖြစ်ပါသည်။လန်ပိကျွန်းအားမြန်မာနိုင်ငံ၏ပထမဆုံးလန်ပိအဏ္ဏဝါအမျိုးသားဉယျာဉ်အဖြစ်၁၉၉၅ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ရှားပါးသစ်ပင် ပန်းမန်များနှင့် တိရစ္ဆာန်များအား အမျိုးအစားစုံလင်စွာပြသထားပါသည်။လန်ပိကျွန်းကို အာဆီယံအမွေအနှစ်ပန်းခြံအဖြစ် ၂၀၀၃ ခုနှစ်က ကြေညာ ခဲ့ပါသည်။
Macleaod ကျွန်းသည် မြိတ်ကျွန်းစုတွင် ဖြူဖြူဖွေးဖွေးသဲသောင်ပြင်များ၊ အလွန်ကြည်လင်သောရေပြင်များဖြင့်မပျက်စီးဘဲလှပလျက်ရှိသော ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ ကော့သောင်းမြို့မှ ရေကြောင်းမိုင်(၄၀)အကွာတွင် တည်ရှိ၍ ရေငုပ်ခြင်း၊ ဒိုင်ဗင်ထိုးခြင်း၊ ရွက်လှေစီးခြင်း၊ငါးမျှားခြင်း၊ငှက်ကြည့်ရှုခြင်း၊တောင်တက်ခြင်း၊ တောတွင်းလှည့်လည်ကြည့်ရှုခြင်းစသည့် လုပ်ဆောင်မှုများပြုလုပ်ရန် အကောင်းဆုံးနေရာဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် Macleaod ကျွန်း၏ အလှအပ များခံစားနိုင်ရန် လမ်းညွှန်ခရီးစဉ်များအသုံးပြု၍ သွားရောက်လည်ပတ်နိုင်ပါသည်။
ကြက်မောက်ကျွန်း (ခေါ်) အသည်းပုံကျွန်း သို့ ကော့သောင်းမြို့မှ လှေဖြင့် (၄)နာရီကြာသွားရောက်ရပါသည်။ကြက်မောက်ကျွန်းသည်ကပ္ပလီပင်လယ်ရေငုပ်ခရီးစဉ်အတွက် ခရီးစဉ်ဒေသအသစ်တစ်ခုဖြစ်ပါသည်။ ကျောက်ဆောင်ကြီးများဝန်းရံထားသောအလယ်တွင် စိမ်းပြာရောင်အသည်းပုံပုံစံဖြစ်နေခြင်းသည် ကြက်မောက်ကျွန်း၏ အဓိကထူးခြားချက်ဖြစ်ပါသည်။ ကျွန်းပေါ်တွင်ဂူများအများအပြား ရှိပြီး ကြက်မောက်ကျွန်းကိုရေအောက်ကမ္ဘာ၏ ရတနာများစုဝေးရာ ကျွန်းဟုတင်စားခေါ်ဝေါ်ကြပါ သည်။
ကပ္ပလီပင်လယ်၌ လှပသောကျွန်းတစ်ခုဖြစ်သည့် ဘိုချိုကျွန်းသည် လန်ပိကျွန်း၏ တောင်ဘက်တွင်တည်ရှိပါသည်။ရှည်လျားဖြူဖွေးသောသဲသောင်ပြင်များ၊ လှပသောသဘာဝရှုခင်းများနှင့်ကျေးရွာများ၏မြင်ကွင်းများကိုတောင်ပေါ်ရှိဘုရားမှ လှမ်းမျှော်ကြည့်ရှုခံစားနိုင်ပါသည်။ ဘိုချိုကျွန်းတွင် ဆလုံလူမျိုးများ အခြေချနေထိုင်ကြသောကြောင့် ဆလုံလူမျိုးများ၏ ဘဝနေထိုင်မှုပုံစံကို လေ့လာမြင်တွေ့လိုသူများနှင့် သဘာဝအလှပအများကို ခံစားလိုသူများလာရောက်လည်ပတ်နိုင်ပါသည်။
ပီလာကျွန်းဟုလည်းခေါ်သော ကျွန်းဖီလာတွင် ကျယ်ပြန့်ရှည်လျားသော ဖြူဖြူဖွေးဖွေး သဲသောင်ပြင်များရှိပြီး လာရောက်လည်ပတ်သူများသည် သောင်ပြင်တွင်စုဝေးနေသော မျောက် များအားရံဖန်ရံခါတွင် တွေ့မြင်နိုင်ပါသည်။ကျွန်း၏နေရာအများစုသည် ခရီးသွားများနှင့် မထိတွေ့ရသေး သောနေရာများဖြစ်၍ အလွန်လှပသန့်ရှင်းပါသည်။ ကျွန်းဖီလာတွင် ရွက်လှေစီးခြင်း၊လှေလှော်ခြင်းတို့ကိုပြုလုပ်နိုင်ပြီး အရောင်စုံသောသန္တာကျောက်တန်းများသည်လည်း ခရီးသွားများအား ကျွန်းဖီလာသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်နေသကဲ့သို့ရှိပါသည်။
ကျွန်းအမှတ်၁၁၅ သည်မြိတ်ကျွန်းစု၏အလှပဆုံးကမ်းခြေများအနက်မှအချို့ကိုပိုင်ဆိုင်ထား၍ ပင်လယ်ရေများကလည်း လာရောက်လည်ပတ်သူများ ရေကူးရန် အလွန်ကောင်းမွန်ပါသည်။ ကျွန်း၏ နေရာအများစုသည် အစိမ်းရောင်သစ်တောများဖြစ်၍ trekking ပြုလုပ်ရန် ကောင်းမွန်ပြီး သစ်တော များအတွင်း၌ ရှားပါးငှက်မျိုးစိတ်များစွာကိုလေ့လာနိုင်ပါသည်။ ရေငုပ်ခြင်းနှင့် ရွက်လှေစီးခြင်းတို့ လည်းပြုလုပ်နိုင်ပါသည်။
တနင်္သာရီဒေသရှိပင်လယ်ဖျံ၊ပင်လယ်ပျော်ဟု တင်စားကြသောဆလုံလူမျိုးခေါ်မော်ကင်း လူမျိုးတို့သည် ဧပြီလကုန်ပိုင်းတွင်တစ်ရက်တည်းကျင်းပသောသူတို့၏ နှစ်သစ်ကူးယဉ်ကျေးမှုပွဲတော် ကိုဆင်နွှဲကျင်းပကြသည်။ ပွဲတော်ကျင်းပချိန်တွင် ရွာသူရွာသားများအားလုံးစုစည်း၍ အစားအသောက် များပေးကမ်းဝေမျှခြင်း၊ နှစ်သစ်တွင် ပိုမိုကောင်းမွန်သောစီးပွားရေး၊ ကျန်းမာရေးနှင့် ကြီးပွားချမ်းသာမှု များရရှိရေးတို့အတွက် ဆုတောင်းဂါရဝပြုပါသည်။ ပြီးနောက်ရိုးရာအစားသောက်များ မှီဝဲသုံးဆောင်ခြင်း၊ ဓလေ့ထုံးတမ်းများနှင့်အညီ ရိုးရာအကများကပြဖျော်ဖြေခြင်းဖြင့် ပွဲတော်တွင် ပါဝင်ဆင်နွှဲကြပါသည်။
မိုးရာသီကာလအပြီးတန်ဆောင်မုန်းလပြည့်နေ့နှင့် ဝန်းကျင်တွင် ကျင်းပပြုလုပ်သော ကထိန် ပွဲတော်ကိုနိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပဆင်နွှဲကြသည်။ ဝါတွင်းကာလဖြစ်သော မိုးရာသီပြီးဆုံးသွားချိန်တွင် သင်္ကန်းအသစ် လိုအပ်သော ဘုရားသားတော် သံဃာတော်များအဖို့ငှာ တန်ဆောင်မုန်းလပြည့်နေ့တွင် ကထိန်သင်္ကန်းနှင့်အတူပရိက္ခရာ (၈)ပါး၊ ဖိနပ်၊ ထီး၊ သပိတ်၊ ဆွမ်း ၊ ခဲဖွယ်၊ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာနှင့်အခြားလိုအပ်သောလှူဖွယ်ဝတ္ထုအစုစုတို့ကို ကထိန်ခင်း၍ ဆပ်ကပ်လှူဒါန်းခြင်းဖြင့် ပါဝင်ဆင်နွှဲကြပါသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့၊ အဖိတ်နေ့နှင့် လဆုတ်(၁)ရက် တို့တွင်မြန်မာနိုင်ငံအနှံ့အပြား(၃)ရက်တိုင်တိုင်ကျင်းပပြုလုပ်ကြလေ့ရှိသည်။ ဤမီးထွန်းပွဲတော်ကိုဗုဒ္ဓမြတ်စွာဘုရားကမယ်တော်မိနတ်သားအားနတ်ပြည်တွင်တရားဟောပြီး၍လူ့ဘုံကမ္ဘာပေါ်သို့ ဆင်းသက်ခဲ့သော အယူအဆဖြင့် အထိန်းအမှတ်ထားကျင်းပခြင်းဖြစ်ပါသည်။နိုင်ငံသူ၊နိုင်ငံသားများအားလုံးသည်ဤပွဲတော်သင်္ကေတအထိန်းအမှတ်ဖြစ်သောဆီမီးများ၊ ရောင်စုံမီးပုံးများ၊ ရောင်စုံမီးလုံးမီးပန်းများကိုနေအိမ်အနှံ့တပ်ဆင်ခြင်းဖြင့်ကျင်းပဆင်နွှဲကြသည်။ ဤမီးထွန်းပွဲတော်ကျင်းပရာအချိန်ကာလသည်ဝါတွင်းကာလပြီးဆုံးချိန် ဖြစ်ပါသည်။